ပြည်သူနဲ့ NLD အစိုးရကို ရန်တိုက်နေသလိုပါပဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

AMY / တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်မေရီ

ပြည်သူတစ်ယောက်အနေနဲ့ ပြောရရင် ကျွန်မက ဝါးစိမ်း တောင်ရှေ့မှာ နေရတာ ဆိုတော့ စိုးရိမ်ထိတ်လန့်မှု ရှိသလို ပြည်သူ အားလုံးလည်း ကျွန်မလို ဖြစ်လိမ့်မယ်လို့ ထင်ပါ တယ်။ ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ပြောရမယ်ဆိုရင်တော့ ပြည်သူ တောင်းဆိုမှု အရ ကျွန်မ ကာကွယ်လို့ ရ သလောက် ကာကွယ်သွားမှာပါ …

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နာမည်ကျော် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည် ယခု အချိန်ထိ ဒေသခံများနှင့် ပဋိပက္ခများ ရှိနေချိန်တွင် မြန်မာယန်စီ ကုမ္ပဏီက ဆားလင်းကြီး၊ ယင်းမာ ပင်နှင့် ကန္နီမြို့နယ်တို့တွင် မြေဧက တစ်သိန်းကျော်အတွင်း သတ္တု စမ်းသပ်ရှာဖွေရန် အစိုးရထံ ခွင့်ပြု ချက် တောင်းခံခဲ့သည်။ ယင်းကဲ့သို့ တောင်းခံသည့် မြေနေရာထဲ တွင် အလောင်းတော် ကဿဖသို့ သွားသည့် လမ်းပိုင်းပေါ်ရှိ ဝါးစိမ်းတောင် ဒေသလည်း ပါဝင် နေသည်။ ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ကန့်ကွက်မှုများ လုပ်ဆောင်နေသည့် ယင်းမာပင် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်မေရီ ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

ငြမ်းမီဒီယာ – မြန်မာယန်စီ ကုမ္ပဏီက ကြေးနီတူးဖော်ရေးအတွက် ပထမ အဆင့် စမ်းသပ်ရှာဖွေဖို့ အစိုးရဆီမှာ လျောက်ထားတယ်လို့ သိရ ပါတယ်။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ စီမံကိန်းနဲ့ ပတ်သက် ပြီး ဘာတွေ သိထားပါသလဲ။

A.M.Y – စီမံကိန်းဆိုတာထက် လက်ရှိလုပ်နေတာက ယန်စီက ကြေးစင်တောင်၊ စံပယ်တောင် ကို သူတို့ လုပ်နေကြတယ်။ အဲဒီ လုပ်ကွက်ကို သူတို့ တိုးချဲ့ဖို့ ပြည်ထောင်စုအစိုးရကို စာတင် တယ်လို့ ကြားတယ်။ အဲဒါကိုမှ တစ်ခါ ဒီလုပ်ငန်းကို တိုးချဲ့လိုတဲ့အတွက် စမ်း သပ်ခွင့် တောင်း တာပါ။ စမ်းသပ် ခွင့်တောင်းတဲ့ ဧရိယာက ဧက (၁၁၃,၉၀၀) ကျော်ရှိတယ်။ သူတို့ ဘယ်နေရာ စမ်းသပ်မယ်ဆိုတာ လည်း တိတိကျကျ မပါထားဘူး။ ဒါပေမယ့် ခွင့်ပြုချက်ရလို့ ဒီဧက တစ်သိန်းကျော် အတွင်း သူတို့ ကြိုက်တဲ့နေရာမှာ စမ်းသပ်တော့ မယ်လို့ ကျွန်မတို့ ယူဆ ထားတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ၊ ယန်စီကုမ္ပဏီက တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေး တယ်လို့ သိရပါတယ်။ ဘာတွေများ ပြောဖြစ်ကြလဲခင်ဗျာ။

A.M.Y – သူတို့ကတော့ လုပ်ချင်တဲ့အတွက် ပြည်သူတွေကို မက် လုံးပေးတာပေါ့။ ယန်စီ ကုမ္ပဏီ တာဝန်ရှိသူပြောတာက စမ်းသပ် မှုအတွက် ဒေါ်လာ (၁၀) သန်းအထိ အသုံးပြုမယ်။ သဘာဝပတ် ဝန်းကျင် ထိခိုက်မှု မရှိပါဘူး။ ကြိုးဝိုင်း ကြိုးပြင်တောတွေ မထိခိုက် သလို ဘာသာရေး အဆောက်အဦ တွေ ကို လည်း မထိခိုက်ပါဘူး။ ဓာတ်သတ္တု ရှာဖွေတွေ့ရှိမှု ကို လည်း အတိအကျ ဖော်ပြပေးပါမယ်။ နောက်ပြီး ဒေသခံတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးပြီး လမ်းတွေ မကောင်းရင်လည်း ကောင်းအောင် လုပ်ပေးပါမယ်ဆိုတဲ့ မက်လုံးတွေ ပေးတာပါ။

NLD ဟာ အာဏာရတယ် ဆိုပေမယ့် ခေါင်းကသာ NLD ခေါင်း၊ လက်တွေခြေတွေ က သူတို့ရဲ့ လက်တွေခြေတွေ ဖြစ်နေတဲ့ အတွက် ဒီလုပ်ငန်းကို ဆက်လုပ်မယ်ဆိုရင် ပြည်သူ နဲ့ NLD အစိုးရ ကို ရန်တိုက်နေသလိုပါပဲ။ စီမံကိန်းကို ခွင့်ပြုပေးမယ်ဆိုရင် နိုင်ငံရေး အရ အလား အလာ မကောင်းပါဘူ …

ငြမ်းမီဒီယာ – ဒေသခံ ပြည်သူတွေကရော အစ်မတို့ ကိုယ်စားလှယ်တွေကို ဘယ်လိုသဘောထားဆန္ဒ ပေးကြလဲ။

A.M.Y – ပြည်သူတွေရဲ့ ဆန္ဒကတော့ လုံးဝလက်မခံနိုင်တဲ့ အနေ အထားပဲ။ ဘာကြောင့်လဲ ဆိုတော့ ရှေ့မှာ သာဓကတွေ ရှိတယ်။ ယန်စီကနေ လုပ်နေတဲ့ ကြေးစင်တောင်၊ စံပယ်တောင် ပြီးတော့ ဝမ်ပေါင်က လုပ်နေတဲ့ လက်ပံတောင်းတောင် ဒါတွေဟာ တစ်ကမ္ဘာ လုံးကို လှုပ်ခတ်နေတဲ့ အနေ အထား ဖြစ်နေသလို သဘာဝပတ်ဝန်း ကျင် အနေအထား ကလည်း ဘာတစ်ခုမှ ကာကွယ်မှု မရှိဘူး။ လူ တွေရဲ့ အန္တရာယ်ကိုလည်း ဘာတစ်ခုမှ ကာကွယ်နိုင်မှု မရှိဘူး။ သဘာ၀ ပတ်ဝန်းကျင်ကစပြီး ဒေသခံတွေရဲ့ ကျန်းမာရေးအတွက် လုံခြုံမှု မရှိဘူး။ ဒီလို ရှေ့က သာဓကတွေ ရှိထားတော့ ကျွန်မတို့ ပြည်သူက လုံး၀ လက်မခံနိုင်ပါဘူးရှင့်။

ဓာတ်သတ္တု မြေ အောက်မှာရှိနေတဲ့ အနေအထားကို ကျွန်မတို့က မမြင်နိုင်ဘူး။ ရှာဖွေတဲ့ ကုမ္ပဏီပဲ သိရမယ်။ ရှာဖွေတဲ့ သူတွေက ကျွန်မတို့ရဲ့ သယံဇာတတွေကို ရှာဖွေ တွေ့ရှိသွားပြီဆိုရင် သူတို့က နောက် မဆုတ်ဘဲ ရှေ့ကို မရ ရတဲ့နည်းနဲ့ လုပ်တော့မှာ …

ငြမ်းမီဒီယာ – ယင်းမာပင်မြို့နယ်နဲ့ ကန္နီမြို့နယ်ဘက်တွေမှာ မြေစမ်းသပ် မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်း စကားအချို့လည်း ကြားနေရပါ တယ်။ အဲဒီအခြေအနေကရော ဟုတ်ပါသလား။

A.M.Y – ၂၀၁၇ တုန်းကတော့ အကြီးစား မဟုတ်တဲ့ စမ်းသပ်မှုတွေ လုပ်တယ်လို့ ဒေသခံတွေ ဆီက ကြားရပါတယ်။ ကျွန်မအနေနဲ့တော့ မျက်မြင်ကိုယ်တွေ့မဟုတ်တော့ အတိအကျတော့ ပြောမရဘူး။ ၂၀၁၄ -၂၀၁၅ အရင်အစိုးရ လက်ထက်ကတည်းက သူတို့နည်း၊ သူတို့ဟန်နဲ့ စမ်းသပ်ခဲ့တယ်လို့ ယူဆနိုင်တယ်။ ကျွန်မတို့အစိုးရ လက်ထက်မှာတော့ မရှိဘူး။ ကျွန်မရွာ နဲ့လည်း မဝေးတော့ အာရုံ စိုက် ပြီး ကြည့်နေတာ။ ၂၀၁၇ မှာတော့ ဒီဟာကို လုပ်ချင်တဲ့ အနေ အထားနဲ့ ပြည်ထောင်စုကို တင်တယ်လို့ စသိတာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကနေ အခြားဌာနဆိုင်ရာ ဦးစီးဌာနတွေကို ယန်စီရဲ့ လုပ်ငန်း အတွက် သဘောထား တောင်းခံ ထားတယ်လို့ သိရပါတယ်။ ဒီစီမံကိန်းအတွက် ဒေသတွင်း အုပ်ချုပ် ရေး အာဏာပိုင်တွေနဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ ဆွေးနွေးတာ မရှိဘူးလား။

A.M.Y – ဟင့်အင်း၊ မရှိဘူး။ အဲဒီစာကြီး ထွက်လာတာလည်း ကျွန်မ နည်း ကျွန်မဟန်နဲ့ အဲဒီစာ ကို ကျွန်မတွေ့လိုက်ရတာ။ ကျွန်မသိ တာနဲ့ ဒါကို အများပြည်သူ သိစေဖို့ဆိုတဲ့ စိတ်ဆန္ဒနဲ့ရော ပြီးရင် ဌာန ဆိုင်ရာတွေရဲ့ မမှန်မကန် သုံးသပ်ချက်တွေ၊ ရှာဖွေတွေ့ရှိမှုတွေ ထွက်လာမှာ စိုးလို့ ဌာနဆိုင်ရာတွေ အားလုံးသိအောင် ကျွန်မက လူမှုကွန်ရက်မှာ တင်လိုက်တာပါ။ နိုဝင်ဘာ (၂၉) ရက်နေ့က ကုမ္ပဏီ ရော၊ ဌာနဆိုင်ရာတွေရော၊ ကိုယ်စားလှယ် ရော အစည်း အဝေး ထိုင်တဲ့နေ့ကဆိုရင် ကျွန်မတင်တဲ့ ရည်ရွယ်ချက်ကို ပွင့်ပွင့် လင်းလင်းပဲ ပြောလိုက် တယ်။ ဘာကြောင့်ဆိုရင် အထက်လူကြီး အကြိုက်ကို လိုက်ပြီး သုံးသပ်ချက် ရေးမှာ စိုးလို့ ပါလို့ အစည်းအဝေး မှာ တရားဝင် ပြောခဲ့တယ်။

ငြမ်းမီဒီယာ – တကယ်လို့များ ဒီစီမံကိန်းကို အစိုးရက ခွင့်ပြုခဲ့မယ်ဆိုရင် ကျေးရွာပေါင်း ဘယ်လောက် ကို ထိခိုက်နိုင်မလဲ။

A.M.Y – ယင်းမာပင်မြောက်ပိုင်း တစ်ခြမ်းလုံးပဲ ပြောပါတော့။ ရွာပေါင်းက ခန့်မှန်းခြေ ပြောရရင် ရွာ ပေါင်း (၂၀) နဲ့ (၂၅) ရွာကြား ရှိနိုင်မယ်။ ဒီအရေအတွက်က ယင်းမာပင် တစ်မြို့နယ်ထဲကို ပြော တာပါ။ ကန္နီတို့၊ ဆားလင်းကြီးနယ် ထဲကတို့ မပါသေးပါဘူး။

ငြမ်းမီဒီယာ – ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံ ကိုယ်စားလှယ် တစ် ယောက်အနေနဲ့ ဘယ်လို သဘောထား ရှိပါသလဲ။ ဘာတွေ လုပ် ဆောင်သွားဖို့ရှိလဲ။

A.M.Y – အခုလက်ရှိကတော့ စမ်းသပ်ရှာဖွေခွင့် တင်ထားတာ။ ဒါကို တိုင်းအစိုးရက ခွင့်ပြု လိုက်မယ် ဆိုရင်လည်း ဓာတ်သတ္တု မြေ အောက်မှာရှိနေတဲ့ အနေအထားကို ကျွန်မတို့က မမြင်နိုင်ဘူး။ ရှာဖွေတဲ့ ကုမ္ပဏီပဲ သိရမယ်။ ရှာဖွေတဲ့ သူတွေက ကျွန်မတို့ရဲ့ သယံဇာတတွေကို ရှာဖွေ တွေ့ရှိသွားပြီဆိုရင် သူတို့က နောက် မဆုတ်ဘဲ ရှေ့ကို မရ ရတဲ့နည်းနဲ့ လုပ်တော့မှာ ဖြစ်တဲ့အတွက် ကျွန်မသဘောထား အရတော့ လွှတ်တော် ကိုယ်စားလှယ် တစ် ယောက်ရဲ့ လုပ်ပိုင်ခွင့်အရ လွှတ်တော်ထဲကနေ တရားဝင် ကန့်ကွက် မယ်။ ကျွန်မတို့ တိုင်း ကိုယ်စားလှယ် နှစ်ယောက် ဒါကိုလည်း တိုင် ပင်ထားတယ်။ လွှတ် တော်ထဲကနေ တရားဝင် ကန့်ကွက်သွားမယ်။ စမ်းသပ်ခွင့် မပြုနိုင်ပါဘူး။ လက်ရှိတော့ ကျွန်မက လယ်ဆည်ဝန်ကြီးရဲ့ ရုံးခန်းကိုရော၊ ဝန်ကြီးချုပ်ရဲ့အိမ်ကိုရော သွားပြီး ကျွန်မတို့ရဲ့ သဘောထားကို ကြိုတင် ပြောပါရစေဆိုပြီး စီမံကိန်းကို လက်မခံနိုင် ကြောင်း၊ ဒေသခံပြည်သူတွေရဲ့ ကိုယ်စား ကျွန်မတို့ လွှတ်တော်ထဲ က တရားဝင်ကန့်ကွက်မယ် လို့လည်း ပြောခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လက်ပံတောင်း ပြဿနာက မပြေလည်သေးချိန်မှာ ခုလို ဧက သိန်းနဲ့ချီပြီး သတ္တု တူးဖော် ဖို့ လုပ်ဆောင် လာတာနဲ့ ပတ်သက်ပြီး အာဏာရ အစိုးရအပေါ် သက်ရောက်မှုတွေ ရှိမလာနိုင် ဘူးလား။ ဘယ်လို မှတ်ချက်ပေးလိုပါသလဲ။

A.M.Y – NLD ဟာ အာဏာရတယ် ဆိုပေမယ့် ခေါင်းကသာ NLD ခေါင်း၊ လက်တွေခြေတွေ က သူတို့ရဲ့ လက်တွေခြေတွေ ဖြစ်နေတဲ့ အတွက် ဒီလုပ်ငန်းကို ဆက်လုပ်မယ်ဆိုရင် ပြည်သူ နဲ့ NLD အစိုးရ ကို ရန်တိုက်နေသလိုပါပဲ။ စီမံကိန်းကို ခွင့်ပြုပေးမယ်ဆိုရင် နိုင်ငံရေး အရ အလား အလာ မကောင်းပါဘူး။

ငြမ်းမီဒီယာ – ဘာများ ဖြည့်စွက်ပြောလိုပါသလဲ။

A.M.Y – ပြည်သူတစ်ယောက်အနေနဲ့ ပြောရရင် ကျွန်မက ဝါးစိမ်း တောင်ရှေ့မှာ နေရတာ ဆိုတော့ စိုးရိမ်ထိတ်လန့်မှု ရှိသလို ပြည်သူ အားလုံးလည်း ကျွန်မလို ဖြစ်လိမ့်မယ်လို့ ထင်ပါ တယ်။ ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ပြောရမယ်ဆိုရင်တော့ ပြည်သူ တောင်းဆိုမှု အရ ကျွန်မ ကာကွယ်လို့ ရ သလောက် ကာကွယ်သွားမှာပါ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,