MPHS / ကျန်မားရေးဆိုင်ရာ အသိပညာပေးမျှဝေမှုများ ပြုလုပ်နေသည် သူနာပြုတစ်ဦး
ပြည်သူများအား အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ကျန်းမာရေး ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ကုသရေးနှင့် ဆေးရုံလုပ်ငန်းများ ပိုမိုတိုးတက်ထိရောက် ကောင်းမွန် လာရန် ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန တာဝန်ရှိသူများ၏ အချိန် နှင့် အခြား စွမ်းအားစု ၆၅% ကို အသုံးပြု ဆောင်ရွက် သွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆောင်ရွက်မှုအား ယခုအချိန်မှ စ၍ (၁၁) လတာ ကာလအတွင်း ပြုလုပ်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ပြည်သူ့ကျန်းမာရေးကဏ္ဍ၌ ဆောင်ရွက်နေမှုများ သည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု အနေဖြင့် လက်ခံနိုင်သည့် အတိုင်း အတာ တစ်ခုသို့ ရောက်ရှိနေပြီး ယခုအခြေအနေအား ဆက်လက် ထိန်းသိမ်း၍ ပိုမိုကောင်းမွန်စေရန် ကြိုးပမ်း သွားမည် ဟု ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍနှစ်ခုလုံးတွင် လွတ်လပ်သော ပြင်ပအဖွဲ့အစည်းများနှင့် လည်း ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။
ငြမ်းမီဒီယာ