ပြည်သူလည်း သိပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UHH / မင်္ဂလာတောင်ညွှန်မြို့နယ်၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး

အစိုးရရဲ့ဆောင်ရွက်ချက်ကိုပြောရရင်နည်းနည်းနှောင့်နှေးတယ်ပေါ့ဗျာ။ လုပ်ဆောင်မှု ကနှေးကွေးတယ်။ ပြည်သူလူထုကို ချပြတဲ့ အပိုင်း၊စတင်ပြီးတော့ အရေးယူမှုတွေ ဆောင်ရွက်နေတဲ့ အပိုင်းနောက်ကျတယ်။ နှေးကွေးတယ် …

မကြာသေးခင်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်မှာ လွှတ်တော်ကိုယ်စားလှယ် တချို့ရဲ့ ရပ်တည်မှုအပေါ် ခြိမ်းခြောက် ပြောဆို ခံရမှုတွေ ရှိနေပြီး၊လူမှုကွန်ရက် စာမျက်နှာများ မှာတော့ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှု တွေကို တွေ့နေရပါတယ်။ သည်လိုခြိမ်းခြောက်ပြောဆိုရေးသားမှုတွေနဲ့ ပတ်သက်ပြီး မင်္ဂလာတောင်ညွှန် မြို့နယ်၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်ထားပါတယ်။

ငြမ်းမီဒီယာ – မင်္ဂလာတောင်ညွှန့်ပဋိပက္ခဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးလှဌေးတို့ကို ခြိမ်းခြောက်ပြောမှုတွေ ရှိတယ်လို့ကြားရလို့ပါ။

UHH – ကျွန်တော့်ကိုတော့ တိုက်ရိုက် ခြိမ်းခြောက်ပြောဆိုတာတော့မရှိသေးပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လူမှုကွန်ရက်စာမျက်နှာမှာတော့လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ ရပ်တည်မှုနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ပြောဆိုတာတွေ၊ရေးသား တာတွေတွေ့နေ ရပါတယ်။အဲသည်အပေါ်မှာရော ဘာများပြောချင်ပါလဲ။

UHH – ကျွန်တော်ကတော့မပြောချင်ပါဘူး။ဒါကတော့ သူတို့အယူအဆ၊ သူတို့အတွေးကိုပဲ သူတို့ပြောမှာပေါ့။ကျွန်တော်တို့ကတော့ ပြည်သူလူထုအကျိုး၊နိုင်ငံ့အကျိုးကိုလုပ်တဲ့ အခါမှာ မှန်မှန်ကန်ကန်ဆောင်ရွက်သွားဖို့ပဲ၊မှန်မှန်ကန်ကန်ပဲ ကျွန်တော်တို့ဆောင်ရွက် ပါတယ်။ ဒါကိုပြည်သူလည်းသိပါတယ်။

ငြမ်းမီဒီယာ – ဒါဆို တိုက်ရိုက်ခြိမ်းခြောက်တာတော့ မရှိဘူး။ သွယ်ဝိုက် ခြိမ်းခြောက်တာတော့ ရှိတယ်ဆိုတဲ့ သဘောလား။

UHH -ကျွန်တော် အဲလိုတော့ မဆိုလိုချင်ပါဘူး။ဖေ့စ်ဘွတ်ပေါ်မှာ အများမြင်နေ သလို၊ကျွန်တော်လည်း မြင်မိပါတယ်၊ဖတ်မိပါတယ်။

ငြမ်းမီဒီယာ – မင်္ဂလာတောင်ညွှန့်ဖြစ်စဉ်မှာလွတ်မြောက်နေသူတွေကိုရော မိပြီလားခင်ဗျ။

UHH – မမိသေးပါဘူး။ငါးဦး လုံး သက်ဆိုင်ရာက ရှာဖွေစုံစမ်းနေဆဲပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မင်္ဂလာတောင်ညွှန့်ဖြစ်စဉ်နဲ့ပတ်သက်ပြီး အစိုးရသတင်းစာတွေက သတင်း ထုတ်ပြန်မှု မတွေ့ရဘူး။ ပဋိပက္ခဖြစ်စဉ်မျိုးတွေမှာ သတင်းထုတ်ပြန်မှု အားနည်းတယ်။ အဲသည်အခြေအနေကို ဘာများပြောချင် ပါလဲ။

UHH – သည်ကိစ္စက ရှင်းရှင်းပြောရရင်သေးသေးလည်းမဟုတ်ဘူး။ တကယ်တမ်းပြောရရင် ကျွန်တော်တို့ မြို့နယ်တောင် မဟုတ်ဘူး။ ကျွန်တော်တို့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တယ်။ တခြားသောပြည်ပနိုင်ငံတွေကပါ စိတ်ဝင်တစား မေးမြန်းရေးသား နေတဲ့အချိန်ပေါ့။ အဲလိုအချိန်မှာတော့ ဖြစ်စဉ်ကို ပွင့်လင်းမြင်သာစွာနဲ့ ဖြစ်စဉ်အမှန်ကို ထုတ်ဖော်ဖို့တော့ တာဝန်ရှိတယ် ခင်ဗျ။ကျွန်တော်တို့ကလည်း ထုတ်ဖော်စေချင်တယ်။ သို့သော်လည်း တစ်ဖက်မှာရှိတာကတော့ ကျွန်တော်တို့ နည်းနည်း နားလည် ပေးရတာပေါ့ဗျာ။ သက်ဆိုင်ရာဌာနတွေ၊အစိုးရတွေ အနေနဲ့လည်း ထုတ်ပြန်ရချိန်မေရာက်သေးလို့ မထုတ်ပြန် သေးတာလားလို့ စဉ်းစားမိပါတယ်။သေချာတာကေတာ့ အများပြည်သူ သိအောင်လို့ တိတိကျကျတော့ နိုင်ငံတော်က ထုတ်ပြန်ပေးဖို့လိုအပ်ပါတယ်။

ငြမ်းမီဒီယာ – အခုအခြေအနေကိုရော ဘယ်လိုသုံးသပ်မိလဲခင်ဗျ။စိုးရိမ်ရဆဲလား။

UHH – ကျွန်တော်တို့လည်း ရပ်ကွက်သူ၊ရပ်ကွက်သားတွေ၊ကျွန်တော်တို့ အင်အားတွေနဲ့ မျက်စိကိုဖွင့်၊နားကိုတော့စွင့်ထားရတဲ့ အခြေအနေတော့ရှိပါတယ်။

ငြမ်းမီဒီယာ-လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး အစိုးရပိုင်းရဲ့ဆောင်ရွက်မှုကို ဘာပြောချင် ပါသလဲ။လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လိုအကြံပြုချင်လဲခင်ဗျ။

UHH -အစိုးရရဲ့ဆောင်ရွက်ချက်ကိုပြောရရင်နည်းနည်းနှောင့်နှေးတယ်ပေါ့ဗျာ။ လုပ်ဆောင်မှု ကနှေးကွေးတယ်။ ပြည်သူလူထုကို ချပြတဲ့ အပိုင်း၊စတင်ပြီးတော့ အရေးယူမှုတွေ ဆောင်ရွက်နေတဲ့အပိုင်းနောက်ကျတယ်။နှေးကွေးတယ်။ အချိန်နဲ့ တပြေးညီ တိတိကျကျ ထိန်းသိမ်းနိုင်မယ်၊ မှန်ကန်တဲ့သတင်းကို ထုတ်ပြန်နိုင်မယ် ဆိုရင် အများအားလုံး ဘေးအန္တာရာယ် ကင်းရှင်းတဲ့ အနေအထားမျိုးကို ရရှိမှာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကျေးဇူးပါ ဦးလှဌေးခင်ဗျာ။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,