ပြည်သူအချို့၏ သွားလာနေထိုင်မှု COVID -19 ကူးစက်မှု ပိုဖြစ်နိုင်၊ စိုးရိမ်စရာ ဟု ဝန်ကြီး သတိပေး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သရုပ်ဖော်/ဓာတ်ပုံ / Freepik

ဗိုင်းရပ်စ်ပိုးသည် အသစ်ဖြစ်ပြီး ကူးစက်ပျံ့နှံ့ပုံ၊ ကူးစက်နိုင်မှု အဟုန် သည်လည်း ပြောင်းလဲ လျက် ရှိသည်ကို သတိပြုရမည် …

ပြည်သူအချို့၏ သွားလာနေထိုင်မှုများသည် COVID -19 ရောဂါ ကူးစက်ပျံ့ပွားမှုများကို ပိုမို ဖြစ်စေနိုင်သည့်အတွက် စိုးရိမ်စရာ ဖြစ်နေသည် ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောသည်။

မေလ(၇) ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်သည့် COVID -19 ဆိုင်ရာ လမ်းညွှန်ချက် ပြည်သူများတိကျစွာ လိုက်နာ ကျင့်သုံးကြပါရန် တိုက်တွန်းနှိုးဆော်ပန်ကြားခြင်း တွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားထားခြင်းဖြစ်သည်။

COVID -19 ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများအခြေအနေကို စပရိန် ဖြင့်ဥပမာပေးထားပြီး စပရိန်ကို ဖိထားပြီး ရုတ်ချည်း လွှတ်လိုက်ပါ က …

ပြည်သူအချို့သည် အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်ပနှင့် လူစည်ကားရာ နေရာများသို့ သွားလာခြင်း၊ပါးစပ်နှင့် နှာခေါင်းစည်း များ ကို စနစ်တကျ တပ်ဆင်မှု မရှိခြင်း တို့ကို တွေ့ရှိနေရပြီး ယခုကဲ့သို့ သွားလာ နေထိုင်ခြင်းသည် ရောဂါ ကူးစက် ပျံ့ပွားမှု များကို ပိုမိုဖြစ်စေနိုင်သည့်အတွက် စိုးရိမ်စရာဖြစ်နေသည် ဟု ကျန်းမာရေးဝန်ကြီး ကဆိုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

COVID -19 ကပ်ရောဂါ ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးသည် အသစ်ဖြစ်ပြီး ကူးစက်ပျံ့နှံ့ပုံ၊ ကူးစက်နိုင်မှု အဟုန် သည်လည်း ပြောင်းလဲ လျက် ရှိသည်ကို သတိပြုရမည်ဟု ဝန်ကြီး က နှိုးဆော် သတိပေးထားသည်။ယင်းအပြင် COVID -19 ၏ ရောဂါ လက္ခဏာ အသစ်များကိုလည်း ဆက်လက်တွေ့ရှိနေရသည် ဟု ၎င်း ကဆိုသည်။

ကပ်ရောဂါဖြစ်ပွားသည်မှာ လေးလကျော် ရှိပြီ ဖြစ်ပြီး COVID -19 ရောဂါ ကူးစက်ဖြစ်ပွားမှုများ အမြန်ဆုံး ရပ်ဆိုင်းသွားရန် ပြည်သူ၏ အခန်းကဏ္ဍသည် နံပါတ် တစ် ဖြစ်လာသည်ဟု ကျန်းမာရေးဝန်ကြီး က ပြောသည်။

COVID -19 ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများအခြေအနေ ကို စပရိန် ဖြင့်ဥပမာပေးထားပြီး စပရိန်ကို ဖိထားပြီး ရုတ်ချည်း လွှတ်လိုက် ပါ က အရှိန်ဖြင့် ပြန်တွန်းကန် တက်သွားသည့် သဘောရှိသည့်အတွက် COVID -19 ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း များ ကိုလည်း ကူးစက်ရောဂါဗေဒရှုထောင့်၊ လူမှုစီးပွားရေးရှုထောင့်နှင့် ရှုထောင့်ပေါင်းစုံမှ သုံးသပ်၍ တစ်ဆင့်ချင်း၊ ဖြည်းဖြည်း ချင်း လျှော့ချ ဆောင်ရွက်ရန် လိုအပ်မည် ဟု ကျန်းမာရေးဝန်ကြီး ကဆိုသည်။

ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အပြင်မထွက်ရန်၊ မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက နှာခေါင်းစည်း စနစ်တကျ တပ်ရန်၊ COVID -19 ရောဂါ ဖြစ်ပွားသူများနှင့် ထိတွေ့ခဲ့သူ များအနေဖြင့် သတင်းမပေး ရသေးပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ ချက်ချင်း အသိပေးရန်၊ အသွားအလာကန့်သတ်မှု (Quarantine) နှင့်ဓာတ်ခွဲစစ်ဆေးပေးမှုကို ခံယူရန် နှင့် မြန်မာနိုင်ငံတွင် တွေ့ရှိ ထားသည့် COVID -19 လူနာများ၏ ထက်ဝက်ကျော်ခန့်သည် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးတွေ့ ရှိခြင်းဖြစ်သည့်အတွက် COVID -19 ရောဂါ နှင့်ပတ်သက်သော ဆောင်ရန်၊ရှောင်ရန်များကိုတိကျစွာ လိုက်နာကြရန် ကျန်းမာရေးဝန်ကြီး က တိုက်တွန်း နှိုးဆော်ထားသည်။

COVID -19 ကူးစက်မှုရောဂါ အများဆုံး တွေ့ထားသည့် ရန်ကုန်မြို့တွင်အသွားအလာများ လာသည်ဟု သိရပြီး ကျန်းမာရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာရန် လိုသည် ဟု ဒေါ်အောင်ဆန်းစုကြည် က ၎င်း၏ဖေ့စ်ဘွတ်တွင် ယမန်နေ့က ရေးသား သတိပေး ထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မေလ၊(၇)ရက်နေ့၊နံနက် (၇)နာရီ ထုတ်ပြန်ထားချက်အရ COVID -19 ပိုးတွေ့ရှိသူ (၁၆၂) ဦး၊ ပိုးတွေ့ပြန်လည်သက်သာ(၅၀)ဦး၊ သေဆုံး( ၆)ဦး၊ စောင့်ကြည့်လူနာ (၃၅၃၉) ဦး၊ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း(၁၀၀၄၂) ဦး ဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,