ပြည်သူ့ဆန္ဒဆိုတာမှာ မြစ်ဆုံကို ကန့်ကွက်တဲ့ သူတွေရဲ့အသံကို ပြောတာ မဟုတ်ပါဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / NLD ပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟို အလုပ်မှုဆာင် ဒေါက်တာ မျိုးညွှန့်

မြစ်ဆုံနဲ့ပတ်သက်ပြီး ရည်ရွယ်တယ်လို့ တွေး လိုက်ရင်တော့ ဒီလိုပြောစရာ ရှိ တာပေါ့။ သို့သော်လည်း ကျွန်တော် တို့က ယေဘုယျ ပြောတာပါ။ အပြည်ပြည်ဆိုင်ရာ သဘောတူညီမှု တွေမှာ နိုင်ငံတစ်ခုက တဖက်သတ် ဖျက်သိမ်းရင် သူ့မှာ တာဝန်တွေ ရှိလာပါတယ်။ အဲဒီ …

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် ချုပ်ဆိုခဲ့သည့် မြစ်ဆုံ စီမံကိန်းသည် NLD အစိုးရကို အကြပ် တွေ့စေသည်  ကတော့ အမှန်ပင်ဖြစ်သည်။ NLD ထိပ်ပိုင်းခေါင်းဆောင် တချို့ကမူ မြစ်ဆုံ စီမံကိန်းသည် ပြည်သူ့ဆန္ဒအတိုင်းဟု     ပြောနေကြ သော်လည်း ထိုပြောဆိုမှုမှာ အကျပ်အတည်း အတွင်းမှ ချိန်ဆပြောဆိုနေရသည့် အခြေအနေတွင်ရှိနေပြီး ယတိပြတ် ဆုံးဖြတ်ချက် ပါသော ပြောဆို မှုမျိုး မဟုတ်ပေ။ မြစ်ဆုံ စီမံကိန်းကို NLD ဘယ်လို ဆုံးဖြတ်မလဲ။ မြန်မာပြည်သူ တစ်ရပ်လုံးစိတ်ဝင်စား နေသည့် မြစ်ဆုံစီမံကိန်းအပေါ် NLD ဘယ်လို သဘောထားလဲ ဆိုသည်ကို NLD ပါတီ၏ ပြောရေး ဆိုခွင့် ရှိသူ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွှန့်ကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ- NLD ကထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ်ဟာ ပါတီ မူဝါဒတွေကို အသားပေး ဖော်ပြတဲ့ ဂျာနယ် တစ်စောင်လားခင်ဗျ။

Dr.MN – ဟုတ်ပါတယ် ခင်ဗျာ။ ဒါကတော့ ပါတီကိုယ်စားပြုတဲ့ ဂျာနယ်ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပါတီရဲ့ အာဘော်ဆိုတာ ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့က ဆုံးဖြတ်ခဲ့တာ ပါတီရဲ့အာဘော်ပါ။ ဗဟို အလုပ်အမှုဆောင် တစ်ဦးရဲ့ရေးသားချက်က သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဆောင်းပါးရှင် အာဘော်ပဲ ဖြစ်ပါတယ် …

ငြမ်းမီဒီယာ – ဒီလှိုင်း ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ NLD ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် ဦးဟံသာမြင့် ရေးသားခဲ့ တဲ့ “ မြစ်ဆုံစီမံကိန်းနဲ့ ရေအားလျှပ်စစ် စီမံကိန်း” ဆိုတဲ့ ဆောင်းပါးဟာ NLD ရဲ့ အာဘော်လို့ ပြောလို့ ရမလား။ ဒီဆောင်းပါး မှာတော့ မြစ်ဆုံ စီမံကိန်းကို ထောက်ခံခြင်း မထောက်ခံခြင်း မပြောထားပေ မယ့် အများစုကတော့ ထောက်ခံမှု ရှိတယ်လို့ယူဆပြီး ဝေဖန်နေပါတယ်။

Dr.MN – ကျွန်တော်တို့ပါတီရဲ့ အာဘော်ဆိုတာ ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့က ဆုံးဖြတ်ခဲ့တာ ပါတီရဲ့အာဘော်ပါ။ ဗဟို အလုပ်အမှုဆောင် တစ်ဦးရဲ့ရေးသားချက်က သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဆောင်းပါးရှင် အာဘော်ပဲ ဖြစ်ပါတယ်။

ဆောင်းပါးရှင်ကို မေးမှ ရမယ်။ ဆောင်းပါးရှင်ရဲ့ ပုဂ္ဂလိကအာဘော် ဆိုတော့လေ။ သူက ရေကာတာတွေနဲ့ ပတ်သက်ပြီး သူမြင်တဲ့ဘက်ကို တင်ပြတာ …

ငြမ်းမီဒီယာ – ဒီဆောင်းပါးဟာ NLD ရဲ့ အာဘော်မဟုတ်ဘူးလို့ ပြောချင် တာလား။

Dr.MN – ဟုတ်ကဲ့။

ငြမ်းမီဒီယာ – NLD ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ယောက်က ဒီဆောင်းပါးကို ဘာလို့ရေးတယ်လို့ ယူဆလဲ။

Dr.MN – ဒီဟာက ဆောင်းပါးရှင်ကို မေးမှ ရမယ်။ ဆောင်းပါးရှင်ရဲ့ ပုဂ္ဂလိကအာဘော် ဆိုတော့လေ။ သူက ရေကာတာတွေနဲ့ ပတ်သက်ပြီး သူမြင်တဲ့ဘက်ကို တင်ပြတာ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မြစ်ဆုံ စီမံကိန်းဟာ ပြည်သူ့ဆန္ဒလို့ ပြောထား ပြန်တော့ NLD မှာ မြစ်ဆုံနဲ့ပတ်သက်ပြီး သဘောထားက နှစ်ဖွဲ့ ကွဲနေတာလား။

Dr.MN – အဲဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ဒါကလည်း ဆရာဇော်ရဲ့ ပါတီမူဝါဒကိုမှီပြီး ပြောတာပါ။ ဒီ မြစ်ဆုံနဲ့ ပတ်သက်ပြီး ဆုံးဖြတ် ချက်ရယ်လို့ ကျွန်တော်တို့ ချပြထားတာ မရှိပါဘူး။ ချတော့မှပဲ မြစ် ဆုံနဲ့ ပတ်သက်လို့ ပါတီရဲ့သဘောထား၊ ပါတီရဲ့မူလို့ပဲ ပြောရမှာပါ။

ငြမ်းမီဒီယာ- ဆရာတို့ အစိုးရမဖြစ်ခင်တုန်းက မြစ်ဆုံကို ပြည်သူရဲ့ သဘောထားလို့ ပြောခဲ့တာ ရှိတယ်နော်။

Dr.MN – ဟုတ်ပါတယ်။ ခုလည်း အဲဒီလိုပြောတာပဲ။ ကျွန်တော်တို့ ပြည်သူ့ဆန္ဒဆိုတာမှာ မြစ်ဆုံကို ကန့်ကွက်တဲ့ သူတွေရဲ့အသံကို ပြောတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ လူအားလုံး၊ တိုင်းရင်းသားအားလုံးရဲ့ ရေရှည် အကျိုးဖြစ်ထွန်းမှုကို ကြည့်မှ နိုင်ငံ အကျိုး၊ လူမျိုးအကျိုးလို့ ပြောလို့ရမှာပါ။

ငြမ်းမီဒီယာ – လက်ရှိ မြစ်ဆုံကို ကန့်ကွက်နေကြတာတွေက ပြည်သူ့အသံ မဟုတ်ဘူးလို့ ယူဆနေတာလား။

Dr.MN – အဲဒီလိုတော့ ကျွန်တော် မဆိုလိုပါဘူး။ ပြည်သူရဲ့ အစိတ်အပိုင်း အသံတော့ မှန်ပါတယ်။ အားလုံးရဲ့ အကျိုးကို ခြုံငုံ စဉ်းစားရ ပါတယ်။ အလုပ် လုပ်တဲ့နေရာမှာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်ဟာ သူမလုပ်နိုင်တဲ့ ကိစ္စတွေကို လွယ်လွယ် ကတိပေးလေ့ မရှိပါဘူး လို့ ပြောဆိုလေ့ ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီက ‘အစိုးရဖွဲ့နိုင်ရင် မြစ်ဆုံ စီမံကိန်း စာချုပ်ကို ပြည်သူထံ ချပြမယ်’ လို့ ကတိပေးခဲ့ပြီး ခုထိ မချပြနိုင်သေး တာကို ဝေဖန်မှုတွေ ထွက်လာ ပါတယ်။ အဲဒါ ဘာလို့ ကြာနေတာ လဲ။ အဲဒီအပေါ် ဘာများ မှတ်ချက်ပေးချင်ပါသလဲ။

ကျွန်တော်တို့ ဖြစ်စေချင်တာ တစ်ခုတည်းပဲ ဆုံးဖြတ်လို့ မရနိုင်ပါ ဘူးခင်ဗျ။ နိုင်ငံရဲ့ အခြေအနေဟာ အဖက်ဖက်က သတိထား ဆောင် ရွက်ရတယ် ဆိုတာကို ကျွန်တော် တို့ သဘောပေါက် စေချင်ပါတယ်။ ဦးအင်ထုံးခါးနော်ဆန်း ( မြစ်ကြီးနားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) ပြောသလို …

Dr.MN – ကျွန်တော်တို့ ဆရာဇော်မြင့်မောင်ရဲ့ ပြောစကားမှာ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ဆရာဇော် တို့လို အဆင့်မြင့် ပုဂ္ဂိုလ် တွေတောင် စာချုပ်ပါ အချက်အလက်ကို ခုထိ မသိရသေးပါဘူး။

ငြမ်းမီဒီယာ – NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားချက်အရ သွားရောက် ခဲ့တာရှိပါတယ်။ အကြိမ်ရေ ဘယ် လောက်ရှိလဲ ပြောပြပေးနိုင်မလား။

Dr.MN – အဲဒါတော့ ကျွန်တော်သေချာ မပြောနိုင်ဘူးခင်ဗျာ။ ရုံးအဖွဲ့ ကမှ သိပါလိမ့်မယ်။

ငြမ်းမီဒီယာ – ပြီးခဲ့တဲ့ရက်က ဒေါ်အောင်ဆန်းစုကြည် ကလေးမြို့မှာ ပြောခဲ့တာ တစ်ခုက အရင်အစိုးရ လက် ထက်က ပြုလုပ်ခဲ့တဲ့ စီမံကိန်း တွေကို မိမိတို့မူဝါဒနဲ့ မကိုက်ညီလို့ ဖျက်သိမ်းမယ်ဆိုရင် ဒီနိုင်ငံကို ဘယ် သူမှ မယုံတော့ဘူးလို့ ပြောကြားမှုကို မြစ်ဆုံနဲ့တွဲပြီး ဝေဖန် ချက်တချို့ ရှိနေပါတယ်။ အဲဒီ အပေါ်မှာရော ဘာများ ပြောချင်ပါ သလဲ။

Dr.MN – သူတို့က မြစ်ဆုံနဲ့ပတ်သက်ပြီး ရည်ရွယ်တယ်လို့ တွေး လိုက်ရင်တော့ ဒီလိုပြောစရာ ရှိ တာပေါ့။ သို့သော်လည်း ကျွန်တော် တို့က ယေဘုယျ ပြောတာပါ။ အပြည်ပြည်ဆိုင်ရာ သဘောတူညီမှု တွေမှာ နိုင်ငံတစ်ခုက တဖက်သတ် ဖျက်သိမ်းရင် သူ့မှာ တာဝန်တွေ ရှိလာပါတယ်။ အဲဒီတာဝန် တွေကို သူ့မှာ ပြန်ဖြည့်ပေးရပါတယ်။ အဲဒီလို ပြောခဲ့ဖူးပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ အလွယ်တကူ ကတိပေးခဲ့သူ မဖြစ်တဲ့အတွက် အဖက်ဖက်ကို ချိန်ပြီး ပြောတာပါ။ နှစ်ဖက်စလုံး ကို စဉ်စားဖို့လိုတဲ့ အကြောင်းကို ပြောခြင်း ပဲ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – တစ်သီးပုဂ္ဂလ အမြင်အရဆိုရင် မြစ်ဆုံစီမံကိန်းကို ဆရာ ဘယ်လို သဘောထား ရှိပါသလဲ။

Dr.MN ကျွန်တော်တို့က ပြည်သူရဲ့ သဘောထားကို အဖြစ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ပဲ ဆန္ဒရှိပါတယ်။

ငြမ်းမီဒီယာ – မြစ်ဆုံစီမံကိန်းဟာ NLD အစိုးရ ဆက်ခံရတဲ့ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်နေတယ်။ မြစ်ဆုံ စီမံကိန်းကို NLD က လုပ်ခဲ့တာ မဟုတ်ပေမယ့် ခု NLD က တာဝန်ယူ ဖြေရှင်းရတော့ မယ့် အခြေအနေ ရောက်နေတာနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။

Dr.MN – ကျွန်တော်တို့က ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ပြည်သူရဲ့ ဆန္ဒကို အလေးထား မယ်။ နိုင်ငံ ရဲ့ ရှေ့အကျိုးစီးပွားကို ဘယ်လို နည်းနဲ့ အကောင်အထည် ဖော်နိုင်မလဲ ဆိုတာကို ကြည့်ရပါမယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာ တစ်ခုတည်းပဲ ဆုံးဖြတ်လို့ မရနိုင်ပါ ဘူးခင်ဗျ။ နိုင်ငံရဲ့ အခြေအနေဟာ အဖက်ဖက်က သတိထား ဆောင် ရွက်ရတယ် ဆိုတာကို ကျွန်တော် တို့ သဘောပေါက် စေချင်ပါတယ်။ ဦးအင်ထုံးခါးနော်ဆန်း ( မြစ်ကြီးနားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) ပြောသလို နှစ်ဘက် စလုံးကို ကျွန်တော်တို့ ချိန်ဆပြီး လုပ်နေရ ပါတယ်။ အဲဒါကို ပြည်သူများ သဘောပေါက် စေချင်ပါတယ်။

ငြမ်းမီဒီယာ

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,