ပြည်သူ့လွှတ်တော်တွင်ပေးပြီး ကတိ မမေ့သင့်ဟုပြော

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ပြည်သူ့လွှတ်တော်တွင်ပေးခဲ့သည့်ကတိတစ်ခုကို မေ့ခြင်းသည် မဖြစ်သင့်ဘူးဟုထင်ကြောင်း စစ်ကိုင်တိုင်းဒေသကြီး၊တန့်ဆည် မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းကပြော …

သြဂုတ်(၃၀)၂၀၁၉၊ရန်ကုန်

ပြည်သူ့လွှတ်တော်တွင်ပေးခဲ့သည့်ကတိတစ်ခုကို မေ့ခြင်းသည် မဖြစ်သင့်ဘူးဟုထင်ကြောင်း စစ်ကိုင်တိုင်းဒေသကြီး၊တန့်ဆည် မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းကပြော သည်။

ယင်းကဲ့သို့ဖြစ်ခြင်းကြောင့်ပြည်သူလူထုအနေဖြင့် ၎င်းတို့အား ယုံကြည်မှုလျော့နည်းစေနိုင်သည်ဟု ဦးမြင့်ထွန်းကဆိုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သြဂုတ်လ(၃၀)ရက်နေ့ကကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်တိုင်း ဒေသကြီး၊တန့်ဆည်မဲဆန္ဒနယ်၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် စီမံကိန်းများနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အပေါ် သုံးသပ် ဆွေးနွေးရာတွင်၎င်းကအထက်ပါအတိုင်း ပြောကြား သွားခြင်းဖြစ်သည်။

၂၀၁၈ခုနှစ်၊ဇွန်လ၊၁၆ ရက်နေ့ကကျင်းပခဲ့သည့်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တန့်ဆည်မြို့နယ်၊ ပုတီး ကျေးရွာတွင် တိုက်နယ် ဆေးရုံတစ်ရုံရရှိရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။

ယင်းအချိန်ကအဆိုပါမေးခွန်အားကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီးကိုယ်တိုင်ဖြေကြားခဲ့ရာတွင် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်သည် ငွေလျာထားမှုပြည့်နေသည့်အတွက်ပေး၍မရကြောင်းနှင့်၂၀၁၉ -၂၀၂၀ဘဏ္ဍာရေး နှစ်တွင်မူပေးမည်ဟုဝန်ကြီး၏ပြန်လည်ဖြေကြားမှု တွင်ထည့်သွင်းပြောကြားခဲ့သည်။

ဝန်ကြီးရဲ့ဖြေကြားချက်သည်ကတိဖြစ်သည်ဟု၎င်းအနေဖြင့်နားလည် ယုံကြည်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးဖြေကြားခဲ့သည့် အနှစ်ချုပ်အား လွှတ်တော်သို့ပြန်လည်တင်ပြဆွေးနွေးချိန်တွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ဆွေးနွေးချိန်တွင် နိုင်ငံတာ်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် “ပြည်သူတွေကို ကိုယ်မပေးနိုင်သည့်ကတိကိုမပေးပါနဲ့၊ပေးပြီးရင်လည်း
တည်အောင်လုပ်ပါ”ဟူသည့် စကားကို ကိုးကား၍လည်း ဦးမြင့်ထွန်းက ပြောကြားသွားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊တန့်ဆည်မြို့နယ်၊ပုတီးကျေးရွာသည် အနီးဆုံး တိုက်နယ်ဆေးရုံနှင့်(၁၄)မိုင် ကွာဝေးပြီးမြို့နယ်ဆေးရုံနှင့်(၂၆)မိုင် ကွာဝေးကာ လမ်းခရီးတွင်ချောင်း၊မြောင်းများခြားနေပြီးလမ်းပန်း ဆက်သွယ်ရေးလည်းခက်ခဲသည့်နေရာတစ်ခုဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဓာတ်ပုံ – ပြည်ထောင်စုလွှတ်တော်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။