ဖေ့စ်ဘွတ်ခ်မှာ ဆေးတွေ တစ်ပုံကြီးသောက်ခိုင်းနေကြတယ် နဲ့ ကိုဗစ်သတင်းအမှားများ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် အမှား တွေ၊ လူတစ်ဦးချင်းစီရဲ့ အယူအဆတွေ၊ တရားဝင် သုတေသနပြုမှုမပါတဲ့ အချက်အလက်များစွာဟာ ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ အများအပြားပျံ့နှံ့နေပါတယ်။ သည်လို သတင်းအချက်အလက်အမှားတွေ၊ အယူအဆတွေ၊ အချက်အလက် တွေဟာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်သလဲဆိုတဲ့ ငြမ်းမီဒီယာရဲ့ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။

အိမ်ထဲမှာနေပြီး သင့်တင့်သမျှ ကျန်းမာရေးလှုပ်ရှားမှုတွေလုပ်၊အာဟာရဖြစ်တဲ့အစားအစာကိုစား၊ အာဟာရဖြစ်တဲ့အစား အစာဆိုတာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သူ့ပုံမှန်စား နေကျပေါ့။ ဒီအချိန်မှာ

ဒေါက်တာဒေါ်ရွှေပုံ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဓိကကတော့ ကိုယ့်အိမ်ထဲမှာပဲကိုယ်နေနေရမယ်။ မတတ်သာလို့အပြင်ထွက်လည်း Mask တပ်ရမယ်။ မလိုအပ်ဘဲမထွက်နဲ့။ အပြင်ထွက်ရင်လူစုလူဝေးရှောင်ရမယ်။ အခု Stay At Home လည်းဖြစ်သွားပြီဆိုတော့ အပိုကိစ္စတွေအတွက် အပြင်မထွက်နဲ့ပေါ့။ အဲဒီလိုမျိုးနေရမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုယ့်အိမ်ထဲမှာကိုယ်နေလဲ ကိုယ့်ရဲ့သင့်တင့်တဲ့ ကျန်မာရေးလှုပ်ရှားမှုတွေလုပ်ရမယ်။ နောက် အဓိကက ကိုယ်ခံအားကောင်းဖို့လိုတာပေါ့။ အာဟာရဖြစ်တာ စားရမယ်။ အားဆေးတွေအနနဲ့က ဗီတာမင်စီ လောက်ပါပဲ။ အဲဒီလောက်ပဲသောက်ဖို့လိုတာပါ။ ဖေ့စ်ဘွတ်ခ်မှာ ဆေးတွေ တစ်ပုံကြီးသောက်ခိုင်းနေကြတယ်။ လူဆိုတာက ကြောက်တတ်ကြတာပဲ။ ကြောက်တတ်ကြတော့ ပြောသမျှအကုန်လိုက်သောက်ကြတာပဲ။

အဓိကကတော့ အိမ်ထဲမှာနေပြီး သင့်တင့်သမျှ ကျန်းမာရေးလှုပ်ရှားမှုတွေလုပ်၊ အာဟာရဖြစ်တဲ့အစားအစာကိုစား၊ အာဟာရဖြစ်တဲ့အစား အစာဆိုတာ ကြီးကြီးမားမားတော့မဟုတ်ပါဘူး။ သူ့ပုံမှန်စား နေကျပေါ့။ဒီအချိန်မှာ ဝိတ်လျော့တာတို့ ဘာတို့ မလုပ်သင့် ဘူး။ ဗစ်တာမင်စီက စီဗစ်ပေါ့။ စီဗစ်မသောက်လည်း သံပုရာတို့ ရှောက်ရည်တို့ သောက်လို့ရတာပေါ့။ အဲဒီလောက်ပဲလိုတာပါ။ အရေးကြီးတာကတော့ အပြင်မထွက်ဖို့။ Mask တပ်ဖို့ ဒါအဓိကပဲ။

တရားဥပဒေစိုးမိုးရေးလည်း အားနည်းနေတယ်။ Law Enforcement လည်းအားနည်းတယ်လို့မြင်တယ်။ အဲဒါတွေကိုအားကောင်အောင်လုပ်ရမယ် …

ဒေါက်တာသန်းဝင် (အတွင်းရေးမှူး)
(ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ)

တရားဥပဒေစိုးမိုးရေးပဲအရေးကြီးတာပဲ။ ဥပဒေတွေကတော့ရှိတာပေါ့။ တစ်ကယ့်ဥပဒေကို Law Enforcement အားနည်းတယ်။သတင်းအတု၊သတင်းအမှားတွေကို ပြတ်ပြတ်သားသားတိတိကျကျ အရေးယူဖို့ ဒါတွေကလုပ်ရမှာ။ အဲဒီလောက်ပဲပြောချင်တယ်။ ဥပဒေတွေကရှိပြီးသား။ဆက်သွယ်ရေးဥပဒေတို့ဘာတို့ အားလုံးရှိပြီးသားပဲ။ တရားဥပဒေစိုးမိုးရေးလည်း အားနည်းနေတယ်။ Law Enforcement လည်းအားနည်းတယ်လို့မြင်တယ်။ အဲဒါတွေကိုအားကောင်အောင်လုပ်ရမယ်။ အဲဒီလိုပဲ မြင်တယ်။

တချို့သတင်းတွေဆို အလွယ်တကူ ယုံလွယ်ကြတယ်ပေါ့။ ဥပမာဆို နိုင်ငံခြားကလာတယ်ဆိုရင် နဂိုကတည်းက ဘာမှမဟုတ်ဘဲ အထင်ကြီးသွားတဲ့စိတ်ကြီးကိုက လှည့်ကွက်တစ်ခုအနေနဲ့ အသုံးချပြီး …

ဒေါက်တာအောင်မော်မင်း (တာဝန်ခံ)
(Fever Clinic ၊ လှိုင်မြို့နယ်)

ခုလက်ရှိအနေအထားရ ဖေ့စ်ဘွတ်ခ်မှာဆိုလည်း ဌာနဆိုင်ရာတွေမှာလည်း page တွေရှိတယ်။ မီဒီယာတွေဆိုတဲ့အခါမှာလည်း တချို့ မီဒီယာတွေပေါ့။ သတင်းယူတဲ့အခါမှာလည်း ကိုယ်လိုချင်တဲ့ အပိုင်းကို ဖြတ်ပြီးယူကြတာကိုသတိ ထားဖို့ပါပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော်တို့ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော် တို့နိုင်ငံရဲ့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းပေါ့။ ကျနော်တို့ ပြည်သူလူထုရဲ့အခြေခံပညာရေးအသိကိုယ်က အနည်းငယ်နိမ့်ပါးလို့ တချို့သတင်းတွေဆို အလွယ်တကူ ယုံလွယ်ကြတယ်ပေါ့။ ဥပမာဆို နိုင်ငံခြားကလာတယ်ဆိုရင် နဂိုကတည်းက ဘာမှမဟုတ်ဘဲ အထင်ကြီးသွားတဲ့စိတ်ကြီးကိုက လှည့်ကွက်တစ်ခုအနေနဲ့ အသုံးချပြီး အခွင့်ကောင်းယူပြီး အခွင့်အရေးယူနေကြတော့ သူတို့ရဲ့ ဒီအခြေခံပညာရေးအသိကိုလိုက်ပြီးမြှင့်မှပဲရမယ်။ ဒါပေမဲ့အခုအချိန်ကြမှ သူတို့ကိုလိုက် မြှင့်ပေးနေလို့ ဒီဟာကြီးကိုယုံပြီးသွားပြီဖြစ်တဲ့အတွက် မြှင့်တင်ဖို့အခါကြတော့ အရမ်းကြီးမလွယ်ဘူး။

သက်ဆိုင်ရာ အစိုးရတွေ၊ ဝန်ကြီးဌာနတွေရဲ့ တရားဝင် Page တွေရှိတယ်။ တရားဝင်သတင်းဌာနတွေရှိမယ်။ တရားဝင်သတင်းဌာနကိုပဲ အတည်ယူဖို့၊ သက်ဆိုင်ရာက တာဝန်ရှိသူတွေရဲ့ သတင်းစကားတွေကိုပဲ သူတို့တွေရဲ့အတည်ပြောမှဒါတွေကိုအတည်ပြုယုံကြည်ပေးဖို့ပါပဲ။

သတင်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုရယူစားသုံးသင့်လဲဆိုတော့ သတ်မှတ် ထားတဲ့သတင်းတွေကိုပဲ သတ်မှတ်ထားပြီးနားထောင်ပေါ့။အဲဒီမှာ သတင်းအမှားတွေကြောင့် မလိုလားအပ်ဘဲ …

ဒေါက်တာကြူကြူသင်း
(ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန)

ရန်ကုန်တိုင်းဟာ အကျပ်အတည်းဖြစ်နေတာပေါ့။ နည်းနည်းလေးပြင်းထန်နေတာ။ ပြည်သူတွေလိုက်နာရမယ့်အချက် က ကာကွယ်ဆေးကမပေါ်သေးလို့ မိမိကိုယ်ခံအားသာ ဆေးဖြစ်ပါတယ်။ ကိုယ်ခံအားကောင်းအောင်နေထိုင်ပါ။ အစားအသောက်ကပဲဖြစ်ဖြစ်၊ အနေအထိုင်ကပဲဖြစ်ဖြစ် ကိုယ်ခံအားကောင်းအောင် နေထိုင်ရမှာပါ။ ကိုယ်ခံအားကောင်းအောင်ဆို အိပ်ရေးဝအောင်အိပ်ရမယ်။ မလိုအပ်ဘဲ အပြင်မထွက်ဘူးပေါ့။

အရေးကြီးလို့ ဈေးသွားမယ်၊ အပြင်ထွက် မယ်ဆိုရင် နှာခေါင်းစည်းတပ်ရမယ်။ လက်ဆေးရမယ်။ တကယ်လို့ မိမိကိုယ်ကိုသံသယဖြစ်မယ်ဆိုရင် တတ်နိုင်ရင် ကိုယ့်အခန်းထဲမှာနေမယ်။ မိသားစုတွေနဲ့အဆက်အစပ်မလုပ်နဲ့။ တစ်ကယ်လို့ အခန်းနေရာမရှိရင် နေရောင်ခြည်ရှိရင် လေဝင်လေထွက်ကောင်းတဲ့ နေရာမှာနေမယ်။ နောက်ကိုယ် ခံအားကောင်းအောင် အစားအသောက်တွေစားမယ်။ ဘာတွေစားရမလဲဆိုရင်အဓိကကတော့ ကိုယ်ခံအားကောင်းတဲ့ဆေးတွေဖြစ်တဲ့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးပါတဲ့အစားအသောက်တွေစားဖို့၊ အိပ်ရေးဝအောင်အိပ်ဖို့၊ စိတ်ကိုဖိစီး မှုမရှိဘဲ နားနားနေနေနေဖို့ အဓိကပါပဲ။

သတင်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုရယူစားသုံးသင့်လဲဆိုတော့ သတ်မှတ် ထားတဲ့သတင်းတွေကိုပဲ သတ်မှတ်ထားပြီးနားထောင်ပေါ့။အဲဒီမှာ သတင်းအမှားတွေကြောင့် မလိုလားအပ်ဘဲ အစိုးရိမ်လွန်ပြီး ကြောက်တာတွေ ဖြစ်မယ်။ သတင်းအတုတွေကိုရှောင်ပါ။ ကျန်းမာရေးဝန်ကြီးဌာန (MOHS) က ခဏခဏ ညွှန်ကြားပါတယ်။ MOSH က အချက် အလက်တွေကသာ အတိအကျပါပဲ။ MOSH ကညွှန်ကြားတဲ့စည်းကမ်းချက်လေးတွေက အဓိကပါပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,