ဗိုလ်ချုပ်အောင်ဆန်း တစ်သက်တာ၌ ကချင်ပြည်နယ်တွင် ရိုက်ခဲ့သည့် ဓာတ်ပုံများသည် အပျော်ရွှင်ဆုံးပုံ ဟု ဒေါ်စုဆို

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဗိုလ်ချုပ်အောင်ဆန်း၏ အခြားဓာတ်ပုံများတွင် ကချင်ပြည်နယ်တွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံများကဲ့သို့ ပြုံးရွှင်နေသည်ကို မမြင်ရဘဲ ၊ကချင်ပြည်နယ်တွင် …

MOI

ဗိုလ်ချုပ်အောင်ဆန်း တစ်သက်တာ၌ ပင်လုံမသွားခင် ကချင်ပြည်နယ်တွင် ရိုက်ခဲ့သည့် ဓာတ်ပုံများသည် အပျော်ရွှင်ဆုံးပုံများ ဟု ပြောလို့ရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

(၇၂)နှစ်မြောက်၊ကချင်ပြည်နယ်နေ့ အခမ်းအနား၌ပြောကြားသည့် မိန့်ခွန်းတွင် အထက်ပါ အကြောင်းအရာအား ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အခြားဓာတ်ပုံများတွင် ကချင်ပြည်နယ်တွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံများကဲ့သို့ ပြုံးရွှင်နေသည်ကို မမြင်ရဘဲ ၊ကချင်ပြည်နယ်တွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံများတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် စိတ်ရောကိုယ်ပါ အေးချမ်းနေသည့် ပုံဆောင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MSCO

“အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ကျွန်မတို့ လာတဲ့အခါမှာ ပြည်ထောင်စုကြီး ငါတို့ရဲ့ ပြည်ထောင်စုကြီး ထူထောင်နိုင်တော့မယ်။ လွတ်လပ်တဲ့ ပြည်ထောင်စုတစ်ခု ထူထောင်နိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တောက်ပနေတာလို့ ကျွန်မဒီလိုပဲယူဆတယ် “ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

MSCO

၂၀ ရာစုနှစ် လွတ်လပ်ရေးဖခင်ကြီးများ စတင်ခဲ့သည့် ပင်လုံကို ၂၁ ရာစုနှစ်တွင် အဆုံးသတ်ရန် လိုပြီး ထာဝရတည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရဖို့ အားလုံး ကြိုးစားဖို့ တာဝန်တစ်ရပ်ဖြစ်ကြောင်း (၇၂)နှစ်မြောက၊် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် တိုက်တွန်း ပြောကြားသွာသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,