ဘယ်ကိစ္စကိုမှ ဘက်လိုက်နေမှာ မဟုတ်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UMYN / တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဦးမိုးရန်နိုင်

ဥပဒေနဲ့အညီ အမှန်အတိုင်း မည်သူ့ကိုမှ၊ မည်သည့် အဖွဲ့အစည်းကိုမှ ဘက်လိုက်ခြင်းမဟုတ်ဘဲ နဲ့ ရိုးရိုးသားသား အကောင်းဆုံးဆောင်ရွက်မှာ …

ဦးမိုးရန်နိုင်သည် ဒုရဲမှူးဘဝတွင် ရိုက်တာသတင်းထောက် ဝလုံးနှင့်ကျော်စိုးဦးတို့အား ရဲတပ်ဖွဲ့က ထောက်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း တရားခွင်တွင် အမှန်အတိုင်းထွက်ဆိုခဲ့သည်။ ယင်းအတွက် ကြောင့် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည့် အပြင် ထောင်ဒဏ် (၁)နှစ် ချမှတ်ခံခဲ့ရသည်။

ဦးမိုးရန်နိုင်၏ ရပ်တည်ချက်နှင့် ပြုရပ်တို့သည် ပြည်သူလူထုအကြား မှတ်မှတ်ရရ ရှိခဲ့သည့် ဖြစ်စဉ် တစ်ခု အဖြစ် ရှိခဲ့သည်။ ဦးမိုးရန်နိုင်သည် ပြည်သူ့ဂုဏ်ရည်အထူးဆု(CITIZEN of BURMA AWARD) ၊Pen Myanmar အဖွဲ့မှ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံးသူဆု နှင့် 7 DAY NEWS HERO ဆု တို့ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

၂၀၂၀၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲတွင် ဦးမိုးရန်နိုင်သည် ခင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၂)၊ ခင်ဦးမြို့နယ် မြောက်ခြမ်းတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးချယ်ခံမည် ဖြစ်သည်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးချယ်ခံမည့် ဦးမိုးရန်နိုင်ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ရွေးကောက်ပွဲ ဝင်ဖြစ်တဲ့ လှုံ့ဆော်ချက်က ဘာများဖြစ်မလဲ။

UMYN – လှုံ့ဆော်ချက်က တော့ ကျနော့်စိတ်နဲ့ ကျနော်ဆုံးဖြတ်တာပဲ။ဒါပါပဲ။

ငြမ်းမီဒီယာ – ဦးမိုးရန်နိုင် ဒီလို နိုင်ငံရေးလောကထဲ ကို ဝင်ရောက်ဖြစ်ဖို့ တွန်းအား၊ ဘာတွေကြောင့် နိုင်ငံရေးလောကထဲ ကို ဝင်ရောက်ဖို့ စိတ်ကူးဖြစ်တာလဲ။

UMYN – နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ပတ်သက်တာပါပဲ။ အဲဒီတော့ ကျနော့်အနေနဲ့ ဒါက ရှောင်မသွားသင့်ဘူးပေါ့။ ဒီလိုခံယူချက်ပါ။ နောက်တစ်ခုက ကိုယ်တစ်ကယ်တမ်း လွှတ်တော်အမတ်ဖြစ်ခဲ့လို့ရှိရင် လက်ရှိအနေအထားထက် ပိုပြီးတော့ အများကို ကူညီ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်လို့ပါ။

ငြမ်းမီဒီယာ – ကျနော်က ဦးမိုးရန်နိုင် ဝင်ပြိုင်မယ့် မဲဆန္ဒနယ် က ပြည်သူတစ်ယောက်ဆိုရင် ဦးမိုးရန်နိုင်ကို ကျနော်က ဘယ်အချက်တွေကြောင့်၊ဘာအကြောင်းကြောင်းတွေ ကြောင့် ၊ဘယ်လို ကြောင့် မဲပေးသင့်သလဲ။

UMYN – ဘယ်အချက်တွေနဲ့ မဲပေးသင့်သလဲ ဆိုတော့ ကျနော်က ဥပဒေနဲ့ အညီ အမှန်အတိုင်းဆောင်ရွက်မယ့် လူတစ်ယောက်ဖြစ်တဲ့ အတွက် ဘယ်ကိစ္စကိုမှ ဘက်လိုက်နေမှာ မဟုတ်ဘူး။ ဒီအချက်နဲ့တင် ကျနော့်ကို မဲပေးသင့်တယ်လို့ ကျနော်က တော့ မြင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကို က လက်ရှိအနေအထားထက် လွှတ်တော်အမတ်ဖြစ်ရင် ပြည်သူတွေအတွက် ၊ နိုင်ငံ့ဝန်ထမ်းတွေ အတွက်ရော ဥပဒေနဲ့ အညီ အမှန်တရားအတိုင်း …

ငြမ်းမီဒီယာ – ဘယ်အချက်တွေ ရှိဦးမလဲ။

UMYN – အဓိက အချက်ကတော့ အဲဒီအချက်ပါပဲ။ ကိုယ်က ဥပဒေနဲ့အညီ အမှန်အတိုင်း မည်သူ့ကိုမှ၊ မည်သည့် အဖွဲ့အစည်းကိုမှ ဘက်လိုက်ခြင်းမဟုတ်ဘဲ နဲ့ ရိုးရိုးသားသား အကောင်းဆုံးဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် ဒီအချက်တွေ ကြည့်ပြီး ကျနော့်ကို မဲပေးနိုင်တယ်လို့ ကျနော်ကတော့ ယုံကြည်ထားပါတယ်။

ငြမ်းမီဒီယာ – ပြည်သူတွေ ကြုံခဲ့ရတာကို ရွေးကောက်ပွဲ မတိုင်ခင်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက အပြောတစ်မျိုးပြောသွားတယ်။ ရွေးကောက်ခံပြီးသွားတဲ့ အခါကျရင် ဒေသခံ လူထုနဲ့ အရမ်းကို ကွာဟသွားတဲ့ အခြေအနေ ရှိတယ်လေ။အဲဒီအခါ ကျတော့ ဦးမိုးရန်နိုင်ကို ပြည်သူက ရွေးကောက်ခဲ့ရင် ဘယ်လို ပုံစံကျင့်သုံးသွားမလဲ။

UMYN – ကျနော်က ကျနော်။သူတို့က သူတို့ပဲလေ။ကျနော်အဲဒီလိုခံယူထားတာ။ ကျနော်ကတော့ ပြည်သူတွေနဲ့ ထိတွေ့ပြီး အကောင်းဆုံး ဆောင်ရွက်သွားမှာပါ။

ငြမ်းမီဒီယာ – ဘာများဖြည့်စွက်ပြောချင်လဲ ဦးမိုးရန်နိုင်။

UMYN – ဖြည့်စွက်စရာ အများကြီးတော့ မရှိပါဘူး။ ကျနော် တစ်သီးပုဂ္ဂလနဲ့ ဝင်ရောက် ယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကို က လက်ရှိအနေအထားထက် လွှတ်တော်အမတ်ဖြစ်ရင် ပြည်သူတွေအတွက် ၊ နိုင်ငံ့ဝန်ထမ်းတွေ အတွက်ရော ဥပဒေနဲ့ အညီ အမှန်တရားအတိုင်း ပိုပြီးတော့ ဆောင်ရွက် ပေးနိုင်မယ်လို့ ကျနော် ယုံကြည်လို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကျေးဇူးပါ ဦးမိုးရန်နိုင်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: ,