ဘာသာရေးကိုအကြောင်းပြ၍ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများ မဖြစ်စေလိုဟု တပ်ချုပ် ဆို

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဘာသာရေးကို အကြောင်းပြ၍ နိုင်ငံရေး မတည်ငြိမ်မှု များနှင့်ပဋိပက္ခများ မဖြစ်စေလိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်…

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံ မြို့နယ်ရှိ ဂျွန်းဗလီအခြေခံ ဘာသာရေး စာသင်ကျောင်းနှင့် ရွှေနှလုံးတော် ကက်သလစ် ဘုရားရှိခိုးကျောင်းသို့ စက်တင်ဘာ (၁၁)ရက်နေ့က သွားရောက်လှူဒါန်းသည့်အခမ်းအနားတွင် တပ်ချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့လှူဒါန်းမှုသည်ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၉၊သြဂုတ်လ က လည်း ပျဉ်းမနားမြို့နယ်ရှိ အစ္စလာမ်ဘာသာရေးအသင်း အဖွဲ့များနှင့် ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့များသို့ သွားရောက် လှူဒါန်းမှု ပြုခဲ့သည်။

“ကျွန်တော်ကတော့အကောင်းဘက်ကပဲတွေးပါတယ်။တိုင်းပြည်ကိုလည်းကောင်းစေချင်တယ်။ဒီတိုင်းပြည်ကို ဘာသာရေး ပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေနိုင်ငံသားအချင်းချင်းကြားမှာ ဘာသာရေး လူမျိုးရေးကြောင့်ခွဲခြားတဲ့ ကိစ္စတွေ ပပျောက်စေချင်တယ်။ ကျွန်တော် ကတော့ တပ်ချုပ်ရဲ့ အခုလို လှူဒါန်းမှုကိုအကောင်းဘက်ကမြင်တယ်။ လုပ်သင့်တာကြာပြီ။အစောပိုင်းကတည်းကလုပ်သင့်တယ်”ဟု ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုတည်ထောင်သူ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေးက ငြမ်းမီဒီယာသို့ ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ယခုကဲ့သို့လှူဒါန်းနေမှုသည် နိုင်ငံတကာဖိအားများနှင့် မဆိုင်ကြောင်း ၂၀၁၉၊သြဂုတ်လက ပျဉ်းမနားမြို့ရှိ ဘာသာရေးအသင်းအဖွဲ့များသို့ လှူဒါန်းခဲ့မှုနှင့်ပတ်သက်ပြီး တပ်မတော် က သတင်းမီဒီယာများကို ပြောဆိုထားသည်။

တပ်ချုပ်သည် နိုင်ငံတော်အင်္ဂါစဉ်အရ မြင့်မားသော ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ပြီး နိုင်ငံတော်အဆင့်မြင့်မားသည့် ပုဂ္ဂိုလ် တစ်ယောက်က ဘာသာလူမျိုးမခွဲခြားဘဲ အခြားဘာသာဝင် များအား နွေးထွေးမှုပြခြင်းသည် အလွန်ကောင်းသည့် လုပ်ရပ်ဖြစ်ပြီး မည်သို့ပင်ရည်ရွယ်ချက်ရှိစေမူကောင်း သည့်လုပ်ရပ်ဟုသာ မြင်ကြောင်းဦးမြအေးက ငြမ်းမီဒီယာသို့ပြောသည်။

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

စက်တင်ဘာလ(၁၁)ရက်နေ့က မန္တလေးတိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သည့်လှူဒါန်းမှုအခမ်းအနား


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။