ဘာသာရေး၊လူမျိုးရေး သတင်းမှားများ ဖြန့်ချိ၊ဖျက်လိုဖျက်ဆီးရှိသူများဟု မြဝတီဆရာတော်မိန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြနဲ့ ကိုစည်သူမောင် တို့ ရဲ့ သတင်း အမှားတွေကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် ပလက်ဖောင်းမှာ ဖြန့်ချိနေမှုဟာ သည်ရက်ပိုင်းအတွင်း အတော်လေး များပြားလာ တာကို တွေ့ရပါတယ်။

ဒေါ်ဝင်းမြမြနဲ့ ကိုစည်သူမောင် တို့ဟာ အစ္စလာမ်ဘာသာဝင် တွေပါ။ သည် အပေါ်အခြေခံပြီး အကဲဆတ်တဲ့ ဘာသာရေး၊ လူမျိုးရေး အခြေခံ သတင်းတု၊သတင်းအမှားတွေကို ဖြန့်ချိ တိုက်ခိုက်နေကြ တာပါ။

သည်သတင်းတွေနဲ့ ပတ်သက်ပြီး ပြောပြလိုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပထမဦးဆုံး ပြောပြလိုတာကတော့ ဒေါ်ဝင်းမြမြနဲ့ ပတ်သက်တဲ့ သတင်းပါ။ Aik Sai Aik Sai လို့အမည်ရတဲ့ ဖေ့ဘွတ်ခ် အကောင့်ပိုင်ရှင်က သည် သတင်းအမှားကို ဖြန့်ချိထား တာပါ။ သည်သတင်းအမှားကိုပဲ ထပ်ဆင့်မျှဝေသူတွေ လည်း မနည်းပါဘူး။

Aik Sai Aik Sai သတင်းအမှား ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ד စဉ့်ကိုင်မှာ လုပ်တဲ့ ဒီပွဲ စီစဉ်သူက ဒေါ်ဝင်းမြမြ အခု စဉ့်ကိုင် မှာဘဲ အမတ်အဖြစ် ရွေးခံတော့မယ် ” × ဆိုတဲ့ စာသားမှာ ဒေါ်ဝင်းမြမြ ဓာတ်ပုံ အပါအဝင် ဓာတ်ပုံ နှစ်ပုံကို ဖော်ပြထား ပါတယ် ။(ပုံတွင် ဖော်ပြထား)

ရွှေမှန်ကင်း လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က လည်း ဒေါ်ဝင်းမြမြ ဓာတ်ပုံ အပါအဝင် ဓာတ်ပုံ နှစ်ပုံကို သုံး ပြီး သတင်းအမှားကို ဖြန့်ချိထားတာတွေ့ရပါတယ်။

ရေးသားသူနေရာမှာ ဖိုးတုတ်(လပ) လို့ ဖော်ပြထားပြီး ရွှေမှန် ကင်း ဖြန့်ချိထားတဲ့ သတင်းအမှားကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

×” ဗုဒ္ဓဘာသာဝင် မဲဆန္ဒရှင်မိဘပြည်သူများ သိစေရန် ”

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စဉ့်ကိုင်မြို့နယ်မှာ သံဃာတွေကို အောက်မှာ နေရာပေးပြီး စီစဉ်ခဲ့တဲ့ ဒေါ်ဝင်းမြမြ (M-KL) ဟာ အခုဆိုရင် အမတ်လောင်း အဖြစ် NLD ပါတီ ကနေ ရွေးချယ်လိုက်ပါပြီ။”

ဖိုးတုတ်(လပ) × လို့ ဖော်ပြထားပါတယ်။

သည် ဓာတ်ပုံနဲ့ စာသား ကို လူထုဟစ်တိုင် Public group မှာ မျှဝေထားပြီး ပြန်လည်မျှဝေသူ နဲ့ မှတ်ချက်ပေးသူ အများ အပြား ရှိခဲ့ပါတယ်။

ဒေါ်ဝင်းမြမြ ဓာတ်ပုံနဲ့ ယှဉ်တွဲကာ ဖော်ပြနေတဲ့ အကြောင်း အရာ တွေနဲ့ ပတ်သက်ပြီး ကာယကံရှင် ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်ဝင်းမြမြ ကို ဆက်သွယ်ပြီး အမှား၊အမှန် အချက်အလက် စစ်ဆေးခဲ့ရာ သတင်းအမှား သာ ဖြစ်တယ်လို့ ဒေါ်ဝင်းမြမြ က ငြမ်းမီဒီယာ ကို အတည်ပြုပြောကြားပါတယ်။

“ စဉ့်ကိုင်ကိစ္စက ဒေါ်ဒေါ်နဲ့မဆိုင်ဘူး။သိလည်းမသိဘူး။ အဲ့ဒီ စဉ့်ကိုင်ကိစ္စက သက်ဆိုင်သူတွေ သွားမေးလိုက်ပါ။ဒါ ဒေါ်ဒေါ်နဲ့ လည်း မဆိုင်တော့ မသိဘူး။အဲ့ဒါကြောင့် မပြောချင် ဘူး။ ဒေါ်ဒေါ်နဲ့မဆိုင်တာ ဒေါ်ဒေါ်ဘယ်လိုဖြေရှင်းမလဲ ” လို့ ဒေါ်ဝင်းမြမြ က ပြောပါတယ်။

“ ဒေါ်ဒေါ့်ဆီမှာတော့ ဘာသာရေးနဲ့ပတ်သက်လို့ ဘာမှမကြုံ ရဘူး။အကုန်လုံးက ဒေါ်ဒေါ့်ကို ချစ်တယ်။ ဆရာတော်တွေ သံဃာတွေ ကအစ ဒေါ်ဒေါ့်ကို အမြဲတမ်းမေတ္တာ ထားတယ်။ အဲ့ဒီလိုပဲနေရပါတယ်။ ဒေါ်ဒေါ်ခုချိန်ထိ မကြုံရသေးပါဘူး။ဒေါ်ဒေါ် တစ်ခါမှ ဒါမျိုး မကြုံဖူး သေးဘူး။ ဒေါ်ဒေါ့်ကို ဆရာတော်တွေ၊ သံဃာတော်တွေက အစ မေတ္တာထားတယ်။ တခြား ဗုဒ္ဓ ဘာသာတွေ က လည်း ဒေါ်ဒေါ့်ကို ချစ်တယ် ” လို့ ဒေါ်ဝင်းမြမြ ကဆိုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးကိုနီ ၊NLD နှင့် ဒေါ်အောင်ဆန်းစုကြည် အမည် သုံးပြီး သတင်းအမှား ဖြန့်

သစ္စာရှိတဲ့၊ကြံံ့ခိုင်တဲ့၊အနစ်နာခံနိုင်တဲ့ ၊ကူညီတတ်တဲ့ အမျိုးသမီး ကြီး တစ်ဦးအဖြစ် နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ ကြားမှာ ဒေါ်ဝင်းမြမြ ကို ချစ်ခင်လေးစားသူတွေ အများအပြား ရှိတယ် လို့လည်း နိုင်ကျဉ်းဟောင်းတွေက ဒေါ်ဝင်းမြမြနဲ့ပတ်သက်ပြီး မှတ်ချက် ပြုကြပါတယ်။

၂၀၁၃ မှာရော ၂၀၁၄ မှာရော အပျက်သဘောဖန်တီးမှုတွေကို ရှောင်ရှားနိုင် ခဲ့တယ်။မန္တလေးအနေနဲ့ က ဒါ အကောင်းဆုံး စံပြနမူနာပါပဲ။ တစ်ချို့ …

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အခုလို ဒေါ်ဝင်းမြမြ ဓာတ်ပုံကို အသုံးပြုပြီး အကဲဆတ်လှတဲ့ လူမျိုးရေး၊ဘာသာရေး သတင်း အမှားတွေ ကို ဖြန့်ချိနေတဲ့ လူတွေဟာ ဖျက်လိုဖျက်ဆီး ရှိပြီး ဒီလို လူတွေ ရှိတာ တိုင်းပြည်အတွက် တော်တော် အန္တရာယ် ကြီးတယ်လို့ မြဝတီဆရာတော် ဦးအရိယာဝံသာဘိဝံသ က မိန့်ကြားပါတယ်။

“ အဲဒီလူတွေက ဘာလဲဆိုတော့ အစွန်းရောက်ပေါ့။ဗုဒ္ဓဘာသာ ဆိုလည်း ဗုဒ္ဓဘာသာ အစွန်း ရောက် ပါပဲ။တခြား ဘာသာရေး သမားဆိုလည်း ဘာသာရေး အစွန်းရောက်ပဲ။

ဒေါ်ဝင်းမြမြ တို့ဆိုတာ အားလုံးနိုင်ငံသားတွေပဲ။ အမြင်ကျယ် တဲ့သူ ဆိုရင် ဒီနိုင်ငံကြီးက ဗမာ တစ်ခုတည်း နေလာတာလား။ ဗုဒ္ဓဘာသာ တစ်ခုတည်း နေလာတာလားဖြေကြည့်ပါ လား။ သူ့အမေကပေးလို့ ပိုင်တာလား။ သူ့အဖေက ပေးလို့ ပိုင်တာလား။ မေးကြည့်ပါလား။ ဟုတ်တယ်မလား။ အားလုံးနေလာတာ ဒီနိုင်ငံမှာ မွေးဖွားလာရင် ဒီနိုင်ငံသားပဲ။ ဒီလို စိတ်ထားမျိုး ရှိမှ လူဆန်တယ် ခေါ်တာပေါ့ ” လို့ မြဝတီဆရာတော် က မိန့်ကြား ပါတယ်။

မွတ်ဆလင်ဆိုလည်း မွတ်ဆလင်ရဲ့ အသံထွက်ရမယ်။ သူတို့ပြောပိုင်ခွင့် ရှိရမယ်။ ခရစ်ယာန်ဆို လည်း ပါဝင်ရမယ်။ မျှတတယ်ဆိုတဲ့ စိတ်ဓာတ်မရှိတဲ့ အုပ်စုက …

” ကျနော် ကြိုဆိုပါတယ်။ဘာသာပေါင်းစုံ ပါရမှာပေါ့။ကျနော်တို့ ကိုးကွယ်ရာ ဘာသာက အဓိက မဟုတ်ပါဘူး။ဒေါ်ဝင်းမြမြက အများကြီးပေးဆပ် ထားတာပါ။ ကျနော်တို့ ကြိုဆို ရမှာဗျ။ ကျနော်တို့ ဒေါ်ဝင်းမြမြ ကို လေးစားတယ် ” လို့ မန္တလေး သား စာရေးဆရာညီပုလေး က ဒေါ်ဝင်းမြမြ နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။

နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ဇာတိ၊ကိုးကွယ်ရာဘာသာ၊ ရာထူး ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ တို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ ဟု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။

ကိုးကွယ်ရာဘာသာ၊လူမျိုး မတူကွဲပြားမှုတွေအပေါ်အခြေခံပြီး သဟဇာတဖြစ်နေတဲ့ လူမှုအဖွဲ့အစည်းတွေကြား ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာအောင် နည်းအမျိုးနဲ့ လုပ်ဆောင် နေသူတွေလည်း ရှိပါတယ်။

ဒီလို လုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံရေး အသာစီးရနိုင်မယ်၊ နိုင်ငံရေးအာဏာ ရနိုင်မယ်လို့ တွေးဆယုံကြည်နေသူတွေလည်း ရှိပါတယ်။

” နိုင်ငံရေးသဘောအရ ဒီဟာက ကြောက်စရာလည်း မလိုသလို အထူးတလည် ရှောင်ရှားရမယ့် ကိစ္စလို့မမြင်ပါဘူး။ ဒါကြောင့်မို့ မန္တလေး အဖွဲ့အစည်းမှာရှိတဲ့ သံဃာတွေ၊ ရှစ်ဆယ့်ရှစ် လုပ်ဖော်ကိုင်ဖက်တွေ၊ နိုင်ငံရေး အသိုင်းအဝိုင်း၊ အရပ်ဘက် အဖွဲ့အစည်း တွေ ၂၀၁၃ မှာရော ၂၀၁၄ မှာရော အပျက်သဘောဖန်တီးမှုတွေကို ရှောင်ရှားနိုင် ခဲ့တယ်။မန္တလေးအနေနဲ့ က ဒါ အကောင်းဆုံး စံပြနမူနာပါပဲ။ တစ်ချို့အဖွဲ့အစည်းတွေက ဘာကြောင့် ရှေ့တန်း ထုတ်လာ လည်းပေါ့။ ကျနော် အံ့သြပါတယ်။ ဒီ အချက်တွေဟာ ရွေးကောက်ပွဲ အောင်နိုင်ဖို့ အတွက် အသုံးချခံဖြစ်နေသလားလို့ တွေးစရာ ရှိလာတယ်” လို့ ဦးညီညီကျော် (မန္တလေး နိုင်ငံရေး အင်အားစု) က အကဲဆတ် လှတဲ့ ဘာသာရေး၊ လူမျိုးရေး အခြေခံ သတင်းတု၊သတင်း အမှား များ ဖြန့်ချိနေမှု တွေနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ ကို ပြောပါတယ်။

ကိုးကွယ်ရာ၊လူမျိုး၊ဘာသာ မတူညီမှုအပေါ် အခြေခံပြီး ပဋိပက္ခ ကို ဦးတည် စေတဲ့ အခြေအနေ တွေ ဖြစ်ပေါ်လာအောင် သတင်းတု၊ သတင်းအမှားတွေနဲ့ သွေးထိုး လှုံ့ဆော်မှုတွေ၊ ထင်ယောင် ထင်မှား ဖြစ်စေနိုင်တဲ့ အချက်အလက် အရေးအသား တွေနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဟာ အများပြည်သူအတွက် အလွန်အန္တရာယ်ကြီးပါတယ်။

ဒေါ်ဝင်းဝင်းမြ ဓာတ်ပုံနဲ့ ယှဉ်တွဲ ဖော်ပြထားတဲ့ ကိုရင်လေးတွေ၊ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်တဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး စဉ့်ကိုင်မဲဆန္ဒနယ် (၂) မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်ဝင်း ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

“ အဲဒီတုန်းက ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ က တစ်နိုင်ငံလုံး လုပ်ကြတာ။ မြို့နယ်၊ မြို့နယ်တိုင်းပွဲတွေ လုပ်ကြ တာပေါ့။ လုပ်ကြတဲ့အချိန်မှာ စဉ့်ကိုင်မှာ ပန်းခြံလေးမှာ လုပ်ကြ တယ်။ ပန်းခြံလေး က ဧရိယာကျဉ်းကျဉ်းလေး။ လုပ်ကြတဲ့ အခါ ဧရိယာ ကျဉ်းတဲ့အတွက် ဘာသာရေး ခေါင်းဆောင်တွေ ကို ဖိတ်ကြားတဲ့ အတွက် သက်ဆိုင်တဲ့ ဘာသာရေးခေါင်းဆောင်ကို ဖိတ်ကြ တာပေါ့။ အစ္စလာမ်ဘာသာ ဆိုလည်း အစ္စလာမ် ဘာသာခေါင်းဆောင်တွေကို ဖိတ်တယ်။မြို့နယ်မှာရှိနေတဲ့ ဟန္ဒိူ၊ ခရစ်ယာန်၊ တခြား ဘာသာရေးခေါင်းဆောင်ကိုလည်း ဒီလိုပဲ ဖိတ်ပါတယ်။ကျနော်တို့ ဗုဒ္ဓဘာသာဆိုလည်း သက်ဆိုင်တဲ့ သံဃာ့နာယက ကို ဖိတ်တယ်။ မြိုနယ်သံဃာ့နာယကကိုပဲ ဖိတ်တယ်။ အများကြီးမဟုတ်ဘူး။ အဲ့လိုဖိတ်ကြားတာ ပုံမှန်အတိုင်းပဲ” လို့ ဦးလှိုင်ဝင်း က ဆိုပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တဲ့ ကိုရင်လေးတွေအောက်မှာ ထိုင်နေပြီး ဘာသာရေးခေါင်းဆောင်တွေ အပေါ်မှာ ထိုင်နေတဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး အခြေအနေ အရပ်ရပ်ကို စဉ့်ကိုင်မဲဆန္ဒနယ် (၂) မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း ကို ငြမ်းမီဒီယာ က ဆက်လက်မေးမြန်း ခဲ့ပါတယ်။

“ မြို့နယ်မှာရှိနေတဲ့ ဘက ဘုန်းကြီးကျောင်းရှိတယ်။ အဲ့ဒီဘုန်းကြီး ကျောင်းက မဖိတ်ဘဲ ရောက်လာတာ။ ဘာဖြစ်လို့ ရောက်လာ လည်း ဆိုတော့ အဲ့မှာရှိတဲ့ ကိုရင်လေးတွေက တိုင်းရင်းသားကိုရင် လေးတွေ။ ဗမာစကားမပြောတတ်ဘူး။ စစ်ဘေးရှောင်လို ပုံစံလေးတွေပေါ့။ အဲ့လိုမျိုး ပုံစံမျိုးပြောချင်တာပါ။ ဒီတိုင်းရင်းသား ကိုရင်လေးတွေကို သူတို့ရဲ့ဘုန်းကြီးတွေကလည်း စေတနာနဲ့ပါ။ ဒီလိုငြိမ်းချမ်းရေးပွဲဆိုတာ စစ်ဘေးခံနေရတဲ့ ကိုရင်လေးတွေလည်း သိသင့်တယ်ဆိုပြီး၊နားထောင်သင့်တယ်ဆိုပြီး သူတို့က ကိုရင် တွေကို ကျနော်တို့ဆီကိုလည်း မဆက်သွယ်ဘဲနဲ့တစ်ခါတည်း ခေါ်ချလာ တာပေါ့။ ခေါ်ချလာတာက ဖြစ်ချင်တော့ သူက ကိုရင် လေးတွေ ထားခဲ့ပြီးဘုန်းကြီးက ချော်လဲထားတာ အကြောညပ်နေလို့ အကြောသွားပြင်တာပေါ့။ အုပ်ချုပ်တဲ့ ဘုန်းကြီးလဲမရှိဘူး။

မြို့နယ်သံဃာ့နာယက ဆရာတော်ဘုရားကြီးက ကိုရင်တွေ ဒီလောက်များနေရင် မသင့်တော်ဘူး။ ထိုင်ခုံတွေယူကြဦးဆို။ ထိုင်ခုံတွေမြို့ထဲ သွားငှာရတာ။ …

လူကြီးလည်းမရှိတဲ့အချိန်မှာ ဗမာစကားမပြောတတ်တဲ့ ကိုရင်လေးတွေက ပန်းခြံထဲမှာပဲ ဘုန်းကြီးက ဒီနားထိုင်ဆို ထိုင်ပေါ့။ စနစ် တကျ စည်းကမ်းလေးတွေ ထိုင်ကြတာပေါ့။ အဲတော့ ပွဲစီစဉ်သူ တွေက ကိုရင်လေးတွေက သီးသန့်လာတော့ ကိုရင်လေးတွေ အတွက် နေရာ သီးသန့်ရယ်လို့ မရှိဘူး။ ဧရိယာ ကျဉ်းကျဉ်းလေးမှာပေါ့။ အဲ့အခြေအနေမှာပဲတခြားလူပုဂ္ဂိုလ်တွေထိုင်ဖို့ အောက်က အခင်းတွေ၊ မိုးကာ အခင်းတွေလည်း မခင်းရသေး ဘူးပေါ့။ တခြား ကိုရင်လေးတွေ ကလည်း ထိုင်နေ ကြတာပေါ့။ ကျန်တဲ့ ဘာသာရေး ခေါင်းဆောင်တွေ ကလည်း အသီးသီးရောက်လာ ကြတော့၊ ကိုရင်လေးတွေက အများကြီးဖြစ်နေတော့ ဓာတ်ပုံက အဲ့တာကို အခွင့်ကောင်းယူပြီး ရိုက်သွားတာပေါ့။နံပါတ် တစ် က အဲ့လိုဖြစ်လာတာက ဓာတ်ပုံ ထဲမှာဖြစ်လာတာကတော့ အဲ့လို အကြောင်းအရာ ကြောင့်ဖြစ်လာ ကြတာပါလို့ ဦးလှိုင်ဝင်း က ငြမ်းမီဒီယာ ကို ပြောပါတယ်။

လူမှုကွန်ရက် ပေါ်ကို အဆိုပါ ဓာတ်ပုံများ မတက်ခင်ကတည်းက ပင် ကိုရင်ငယ်တွေ အတွက် ထိုင်ခုံကို စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

“ ဖြစ်လာတော့ပွဲစီစဉ်သူက ဒီဓာတ်ပုံတွေမတက်ခင်ကတည်းက ဟာ ကိုရင်တွေက အများကြီးပဲ။ကိုရင်တွေ အများကြီး ဆိုရင်ဟာ ထိုင်စရာနေရာလည်း မရှိဘူး။ အဲ့တာနဲ့ကိုရင်တွေထိုင်နေတာ မသင့်လျှော်ဘူးဆိုပြီးတော့ ဟို တစ်ခါတည်း မြို့နယ်သံဃာ့နာယက ဆရာတော်ဘုရားကြီးက ကိုရင်တွေ ဒီလောက်များနေရင် မသင့်တော်ဘူး။ ထိုင်ခုံတွေယူကြဦးဆို။ ထိုင်ခုံတွေမြို့ထဲ သွားငှာရတာ။ အဲ့ဒီလိုဖြစ် သွားတာ ။ဒေါ်ဝင်းမြမြနဲ့လည်းမဆိုင်ဘူး။ အဲ့ဒီအခါတုန်းက တစ်နိုင်ငံလုံးအတိုင်းအတာ လုပ်ကြတာ။ စဉ့်ကိုင်မှ ဖြစ်သွား တယ်ဆိုတာလည်းကိုရင်လေးတွေ အများကြီး မလာရင် ဖြစ်စရာ အကြောင်းလည်း မရှိဘူး။ဘာသာရေး ခေါင်းဆောင်တွေ နဲ့ပဲ ဆုတောင်းပွဲက ပြီးသွားမှာ” လို့ ဦးလှိုင်ဝင်း က မှတ်ချက်ပြုပါတယ်။

“ ဒီပွဲကိုစီစဉ်သူတွေအနေနဲ့ မြို့နယ်သံဃာ့နာယက ဆရာတော် ဘုရားကြီး တွေရဲ့ သြဝါဒခံယူပြီး တောင်းပန်တာပေါ့။ အဲ့ဒါလေးတွေ လုပ်ခဲ့ကြတာပေါ့။ အဲ့ဒီဟာလည်း မြို့နယ်သံဃာ့နာယက ဆရာတော်ဘုရားကြီးတွေရဲ့သြဝါဒ တွေနဲ့တောင်းပန် တာပေါ့လေ။ ပွဲစီစဉ်သူတွေ အနေနဲ့ တောင်းပန်တာပါ” လို့ ဦးလှိုင်ဝင်း က ပြောပါတယ်။

သည် သတင်းတု၊ သတင်းအမှား တွေ၊ ထင်ယောင်ထင်မှား အချက်အလက် အရေးအသား တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တွေဖြစ်တဲ့ ဒေါ်ဝင်းမြမြ၊ ကိုစည်သူမောင်တို့ ကို ပြင်းပြင်းထန်ထန် ပုံဖျက် တိုက်ခိုက် နေမှုတွေမှာ အထူးသဖြင့် ကိုးကွယ်ရာ ဘာသာအပေါ်မှာ အခြေခံပြီး ပြင်းပြင်းထန်ထန် ထိုးနှက် တိုက်ခိုက်မှုတွေကို တွေ့နေရတာပါ။

” တစ်ဖက်ကကြည့်ရင် အစ္စလာမ်ဘာသာလို့ ပြောလို့ရပေမယ့် လည်း ဒေါ်ဝင်းမြမြဟာ မန္တလေးမှာရော၊ နိုင်ကျဉ်းတွေ လှုပ်ရှား တဲ့ လောကမှာရော နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာပါ သူက ဖယ်ချန်ထားလို့ရတဲ့သူ မဟုတ်ပါဘူး။ အားလုံးက အသိအမှတ် ပြုရတဲ့ အနေအထားမျိုးရှိပါတယ်။ ကျနော်ပြောချင်တာက လူတစ်ယောက်ရဲ့ ဖြတ်သန်းမှု ဘာတွေ လုပ်ခဲ့လဲ ဆိုတာ ထက် သူ့ရဲ့ပတ်ဝန်းကျင် သူ့ရဲ့လုပ်ဖော် ကိုင်ဘက်များက အသိအမှတ်ပြုမှုက ပိုအရေးကြီး တယ်လို့ ထင်ပါတယ်။ ဒီနေ့ ဒေါ်ဝင်းမြမြ ကို ရွေးတာနဲ့ ပတ်သက်ပြီး ထူးထူး ခြားခြား မှတ်ချက် မပေးလိုပါဘူး။ဒီနေ့တိုင်းသွားတဲ့ ပေတံနှစ်ချောင်းပေါ့ အတွေ့အကြုံ ရှိမှု ဆိုတာနဲ့ ၊သစ္စာရှိ မှုနဲ့ အကျုံးဝင်လို့ တိုင်းတယ်လို့ပဲ နားလည်ပါတယ်။ အဲ့ဒီအရည်အချင်းနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်အနေနဲ့ပဲ ပြောချင်ပါတယ် လို့ ဦးညီညီကျော်က ဆိုပါတယ်။

နောက်တစ်ခုပြောချင်တာ ကတော့ ကိုစည်သူမောင် ဓာတ်ပုံနဲ့ ရေးသားထားတဲ့ အကြောင်းအရာတွေ ပါ။ ရေးသားထား တာကတော့ အောက်ပါအတိုင်းပါပဲ။

×သတင်းထောက် မောင်ပါကြီးနဲ့ စည်သူမောင်ပါ၊ မဲဆောက် မှာ ဖောက်ခွဲရေးတက်စဉ် အမှတ်တရဓာတ်ပုံ တဲ့ဗျ ×ဆိုတဲ့ စာသားနဲ့ တွဲလျက် ဓာတ်ပုံ ကို ဖေ့စ်ဘွတ်ခ်မှာ ဖြန့်ချိနေ၊ မျှဝေနေသူတွေကိုလည်း တွေ့ရပါတယ်။

သည်သတင်းကိုလည်း လူထုဟစ်တိုင်မှာ မျှဝေထားပြီး ထပ်ဆင့်မျှဝေဖော်ပြနေသူတွေ၊ မှတ်ချက်ပေးသူတွေကို လည်း တွေ့ရ ပါတယ်။

သည်သတင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြလိုပါတယ်။

ကိုစည်သူမောင် ဓာတ်ပုံနဲ့ ဖော်ပြထားတဲ့ စာသားပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကိုစည်သူမောင်နဲ့ ဆက်သွယ်ပြီး အမှား၊ အမှန် အချက်အလက် စစ်ဆေးခဲ့ရာ သတင်းအမှား သာ ဖြစ်တယ်လို့ ကိုစည်သူမောင် က ငြမ်းမီဒီယာကို အတည်ပြု ပြောကြား ပါတယ်။

” ကိုပါကြီးနဲ့ကျနော်က လွန်ခဲ့တဲ့ ရှစ်နှစ် က ရှစ်လေးလုံး ငွေရတုကော်မတီ အခမ်းအနားမှာ ရှစ်လေးလုံး ငွေရတု ကော်မတီနဲ့ မဲဆောက်မှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံပွဲ လုပ်ပါ တယ်။ အဲဒီမှာ ကိုပါကြီး ဆိုတာ က ၁၉၈၈ က မျိုးဆက်တစ်ခုဖြစ်တယ်။ သုံးရောင်ခြယ်မှာလည်း ပါတယ်။ကျနော်တို့ကော်မတီမှာပါတဲ့သူနဲ့ ကျနော်တို့ အမှတ်တရ ရင်းရင်းနှီးနှီး ရှိတယ်။ ဓာတ်ပုံ ရိုက်ရင်း ကျနော်နဲ့ပါ ရိုက်တဲ့မှတ်တမ်းဓာတ်ပုံ။ ကိုပါကြီးနဲ့ကျနော် က နဂိုကတည်းက လည်း ရင်းရင်းနှီးနှီးရှိတော့ ဓာတ်ပုံရိုက် တာပါ။အဲ့ဒါမှာ သူတို့ လုပ်ကြံ အသုံးပြုတာပါ။ နောက်တစ်ခုက ရေတံခွန်က ပုံပါ။ခရီးသွားတဲ့ ပုံလေး တစ်ခုပါ။ ရေတံခွန်သွားတဲ့ တောစခန်းက ပုံလေးကို သူပုန်စခန်းလို့ ပြောတာပါ ” လို့ အချက်အလက်အမှားတွေ ရေးသားပြီး ဖြန့်ချိနေတဲ့ ဓာတ်ပုံရဲ့ နောက်ကြောင်း အမှန်ကို ကိုစည်သူမောင် က ပြောပါတယ်။

ကျနော်တို့နိုင်ငံက တစ်ချိန်တုန်းက သတင်းအမှားတွေကြောင့် ပဋိပက္ခ ဖြစ်ဖူးတယ်လေ။ Fake News ကြောင့် ပဋိပက္ခတွေ ဖြစ်လာတဲ့ အခါမှာ လူမှုကွန်ရက်ကိုအသုံးပြုတဲ့အနေနဲ့ ဘယ်ဟာကတော့ သတင်းမှန်လဲ။ ဘယ်ဟာတော့ သတင်း အမှားလဲ ဆိုတာ ရှင်းပြဖို့ ကာယကံရှင်မှာလည်း တာဝန်ရှိတယ်။ Fake News တွေကို တိုက်ဖျက်တဲ့သူတွေမှာ တာဝန် ရှိသလို သတင်းမီဒီယာတွေက ဝိုင်းမေးရင် ဒါတွေက လျော့ကျသွားလိ့မ်မယ် ထင်တယ်လို့ ကိုစည်သူမောင်က သတင်းတု၊သတင်းမှား များရဲ့ ဆိုးကျိုးနဲ့ ဖြေရှင်းနိုင်ဖို့ အခြေအနေတွေကို မှတ်ချက်ပြုပါတယ်။

နောက်ထပ် သတင်းအမှားတစ်ပုဒ် ဖြန့်ချိနေမှုကိုလည်း ပြောပြလိုပါတယ်။

×ကုလားပြည် ဖြစ်လိုပါက NLD ကို မဲဆက်ထည့်ပါလို့ ပြောလိုက် တဲ့ ဒေါ်မြင့်မြင့်စန်း ၊လွှတ်တော် ကိုယ်စားလှယ် လောင်း၊ တိုင်းဒေသကြီး (၂)၊ ဝါးခယ်မမြို့နယ် ×ဆိုတဲ့ စာသားကို ရေးထိုးထားတဲ့ ဒေါ်မြင့်မြင့်စန်း ရဲ့ ဓာတ်ပုံကို အလွဲသုံးပြီး ဖြန့်ချိနေမှုပါ။

ဒေါ်မြင့်မြင့်စန်း ဓာတ်ပုံနဲ့ ယှဉ်တွဲကာ ဖော်ပြနေတဲ့ အကြောင်း အရာတွေနဲ့ ပတ်သက်ပြီး ကာယကံရှင် ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်မြင့်မြင့်စန်း ကို ဆက်သွယ်ပြီး အမှား၊ အမှန် အချက် အလက် စစ်ဆေးခဲ့ရာ သတင်းအမှား သာ ဖြစ်တယ်လို့ ဒေါ်မြင့်မြင့်စန်း က ငြမ်းမီဒီယာ ကို အတည်ပြုပြောကြားပါတယ်။

ဘာသာရေး ခွဲခြားမှု မရှိပါဘူး။ဘာကိစ္စမဆို သွားလိုက်ရင် အန်တီဒေါ်ဝင်းမြမြတို့ က ကူညီပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေးလေ။ ဒီလိုပုဂ္ဂိုလ်မျိုးက …

“ ကျမ လုပ်တာမဟုတ်ပါဘူး။ဒီဓာတ်ပုံက နှစ်နှစ်လောက် ရှိပြီး။ ကျမ ဘာမှမတုံ့ပြန်ပဲ ထားတာပါ။ ဒါက မဖြစ်သင့်တဲ့ အကြောင်း တရားပဲ” လို့ ဒေါ်မြင့်မြင့်စန်း က ပြောပါတယ်။

ဒေါ်ဝင်းမြမြတို့၊ ကိုစည်သူမောင်တို့ကို ရွေးတဲ့အတွက် ဒီလိုမျိုးတွေဖြစ်မယ်ဆိုတဲ့ စကားက မပြောသင့်တဲ့ စကားလို့ ဒေါ်မြင့်မြင့်စန်း က ဆိုပါတယ်။

ကျမတို့ လုပ်နေတဲ့ကိစ္စက လူမျိုးတစ်မျိုးအတွက် တစ်စု အတွက် လုပ်နေတာတို့ မဟုတ်ဘူး။ နိုင်ငံအတွက်၊ တိုင်းပြည် အတွက် လုပ်တဲ့ အခါမှာ တစ်ကယ့် စွမ်းဆောင်ရည် ရှိတဲ့သူတွေ၊ ပါတီကိုလည်း သစ္စာရှိတဲ့သူကိုပဲ ရွေးရမယ်။ နှစ်များစွာကလည်း အနစ်နာခံပြီး လုပ်လာတာ ရှိရမယ်။ ဒီလိုမျိုးကို ရွေးတာ တစ်ကယ့်ကို ဝမ်းသာ ဂုဏ်ယူစရာ ရှိပါတယ်လို့ ဒေါ်ဝင်းမြမြကို လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဒေါ်မြင့်မြင့်စန်း က မှတ်ချက်ပြုပါတယ်။

” အန်တီဒေါ်ဝင်းမြမြနဲ့ပတ်သက်ပြီး ပြောချင်တာက ကျနော့် ဖခင်က ဘုန်းတော်ကြီးပါ။ ဘုန်းဘုန်းနဲ့ကျနော် မန္တလေးကို ရောက်တဲ့ အခါ အန်တီဒေါ်ဝင်းမြမြ အိမ်မှာ တည်းရပါတယ်။ တစ်ကယ်ကိုလေးလေးစားစားနဲ့ ကျနော် တို့ကိုစောင့်ရှောက် ပါတယ်။ ဘာသာရေး ခွဲခြားမှု မရှိပါဘူး။ဘာကိစ္စမဆို သွားလိုက်ရင် အန်တီဒေါ်ဝင်းမြမြတို့ က ကူညီပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေးလေ။ ဒီလိုပုဂ္ဂိုလ်မျိုးက တိုင်းပြည်အတွက် ရွေးချယ်တာ ဂုဏ်ယူစရာပါ။ မနာလိုတဲ့ သူတွေပြောတာကို ကျနော်တို့က ခေါင်းထဲမထည့်ဘူး။ ဝမ်းလည်း သာပါတယ်။ အန်တီဒေါ်ဝင်းမြမြတို့ပါတာ ဝမ်းသာပါတယ်။ဟိုကတည်းက ပါသင့်တာပါ ” လို ဒေါ်မြင့်မြင့်စန်း က ငြမ်းမီဒီယာ ကို ပြောပါတယ်။

မှတ်ချက် ။ ။( ဒေါ်မြင့်မြင့်စန်းသည် ၎င်းကိုယ်၎င်း ကိုယ်စားပြုပြောရာတွင် ကျနော် ဟုသော နာမ်စားကို သာ သုံးပါသည်။)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသား ကိုမျှ လူမျိုး၊ဇာတိ၊ ကိုးကွယ်ရာ ဘာသာ သာသနာ၊အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ် ခြင်း၊ တိုက်ခိုက်ခြင်းကို သည် နိုင်ငံ၏ ဥပဒေက လုံးဝ ခွင့်မပြုထားပေ။

သည်လို ခွင့်မပြုထားသော်လည်း လူမျိုး၊ဘာသာကိုးကွယ်မှု အရ ထိုးနှက် တိုက်ခိုက်မှုတွေကို မြင်တွေ့နေရ၊ကြားနေရ၊ တွေ့ကြုံ နေရပါတယ်။

” ဗိုလ်ချုပ်တို့လည်းတိုင်းပြည်တည်ဆောက်တဲ့ဟာ အကုန် ပါကြ တာပဲလေ။ ဆရာကြီး ဦးရာဇာတ်တို့လည်း ပါတယ်။ ဘာသာမရွေး ပါတာပဲ။ တော်ရင်ထည့်ရမယ်။ တော်လို့ ထိန်ချန်ထားတာ ဒါ မကောင်းဘူး။ ဒါလုံးဝ မကောင်းဘူး။ ဒီမှာနေတဲ့သူတွေ အမျိုးသမီး ဆိုလည်း အမျိုးသမီး အသံထွက်ရမယ်။ အမျိုးသားဆိုလည်းအမျိုးသားရဲ့ အသံ ထွက်ရမယ်။ မွတ်ဆလင်ဆိုလည်း မွတ်ဆလင်ရဲ့ အသံထွက်ရမယ်။ သူတို့ပြောပိုင်ခွင့် ရှိရမယ်။ ခရစ်ယာန်ဆို လည်း ပါဝင်ရမယ်။ မျှတတယ်ဆိုတဲ့ စိတ်ဓာတ်မရှိတဲ့ အုပ်စုက ဟာတွေပဲ ဖြစ်ရမယ်လို့ ကျုပ်အဲအတိုင်းပဲ ပြောချင် တယ်။အရင်ကတည်းကလည်း အုပ်ချုပ်တဲ့အခါ မျှတတဲ့စိတ် မရှိလို့လည်း တိုင်းပြည်စုတ်ပြတ်သွားတာပဲ။ မျှတတဲ့ စိတ်မရှိတဲ့သူတွေက ခိုးယူထားတာတွေ အများကြီး အဲ့ဒါတွေ အသုံးပြု၊ဒါတွေကို ပိုက်ဆံ ပေးပြီး အသံတွေ ထွက်အောင် လုပ်နိုင်တာလည်းဖြစ်မယ်။ အဲ့ဒီကာယကံရှင်တွေက အသိဉာဏ်နည်းလို့ အစွဲအလန်း ရှိတာလည်း ဖြစ်မယ်။ ဘယ်နည်းနဲ့ မှ ကောင်းတဲ့သူ မဖြစ်နိုင်ဘူး ” လို့ မြဝတီဆရာတော် ဦးအရိယာဝံသာဘိဝံသ က မိန့်ကြားပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,