ဘာသာသာသနာ နှင့် မျိုးချစ်တပ်မတော် ချစ်သူများဂရု အက်ဒမင် က ဦးဇော်ဌေး ဖမ်းခံရသယောင် သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နိုင်ငံတော်အာဏာ အလွဲသုံးစားမှုနဲ့ ငြိသွားပြီ ဆိုတဲ့ အကြောင်းအရာကို Sitt Thway May အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဒီဇင်ဘာ(၁၈) ရက်နေ့မှာ ဖြန့်ချိထားတာ တွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်  အကြောင်းအရာမှာ NLD ပါတီက မုံရွာအောင်ရှင်၊ ဒေါက်တာမျိုးညွန့် တို့ဟာလည်း ဦးဇော်ဌေး လို နိုင်ငံတော်အာဏာ အလွဲသုံးစားမှုနဲ့ ငြိမယ့် အခြေအနေ မကြာမီ လာတော့မယ် ဆိုတဲ့ ပုံစံမျိုး ရေးသားထားတာတွေ့ရပါတယ်။

Sitt Thway May ဖြန့်ချိထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နိုင်ငံတော်အာဏာ အလွဲသုံးစားမှုနဲ့ ငြိသွားပြီ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးကြည့်ရာမှာ သတင်းလုပ်ငန်းစဉ်တွေနဲ့ အညီ ရေးသားဖော်ပြတဲ့ သတင်းဌာနတွေ မှာ သည်အကြောင်းအရာ နဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတာမျိုး မရှိပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးဟာ သည်နေ့ ကျင်းပတဲ့ ဘောကထ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်နိုင်ရေး KNU ရဲ့ အဆိုပြုမှုနဲ့ ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေး ပွဲကို ကို တက်ရောက်ခဲ့တယ်ဆိုတာ NRPC ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။သည်နေရာနဲ့   သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

Sitt Thway May ဟာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နိုင်ငံတော်အာဏာ အလွဲသုံးစားမှုနဲ့ ငြိသွားပြီ ဆိုတဲ့ အကြောင်းအရာ ကို ဒီဇင်ဘာ(၁၈) ရက်နေ့ နံနက် (၁၁:၃၃) မှာ ဖြန့်ချိခဲ့တာ ဖြစ်ပြီး ဦးဇော်ဌေး နိုင်ငံတော်အာဏာ အလွဲသုံးစားမှုနဲ့ ဖမ်းဆီးခံရသယောင် ရေးသားဖြန့်ချိထားတာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တက်ရောက်တဲ့ ဘောကထ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်နိုင်ရေး KNU ရဲ့  အဆိုပြုမှု နဲ့   ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေး ပွဲ ဟာ ဒီဇင်ဘာ(၁၈)ရက်၊ မွန်းလွဲ နှစ်နာရီ မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Sitt Thway May ဖေ့စ်ဘွတ်အကောင့်က ဦးဇော်ဌေး အကြောင်း ဖော်ပြခဲ့တဲ့ အချိန်နဲ့ ဦးဇော်ဌေး အစည်းအဝေး တက်ရောက်ခဲ့ တဲ့ အချိန် နှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် Sitt Thway May ဖြန့်ချိခဲ့တဲ့ အကြောင်းအရာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု၊ သတင်းအမှား ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

Sitt Thway May ဖေ့စ်ဘွတ်အကောင့်ဟာ သတင်းအတု၊သတင်းအမှား တွေကို ဖြန့်ချိလေ့ ရှိတာကိုလည်း တွေ့ရပါတယ်။  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

SS / ဘာသာသာသနာ နှင့် မျိုးချစ်တပ်မတော် ချစ်သူများ Public Group ရဲ့ Admin ဟု ဖော်ပြချက်

သတင်းအတု၊ သတင်းအမှားတွေ ဖြန့်ချိနေတဲ့ Sitt Thway May ဖေ့စ်ဘွတ်အကောင့် ဟာ Follower လေးသောင်းကျော်ရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဓာတ်ပုံကို အသုံးပြုထားတဲ့ ဘာသာသာသနာ နှင့် မျိုးချစ်တပ်မတော် ချစ်သူများ Public Group ရဲ့ Admin တစ်ဦး ဖြစ်တာတွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SS / follower လေးသောင်းကျော်ရှိတဲ့ Sitt Thway May ဖေ့စ်ဘွတ်အကောင့်

Sitt Thway May ဖေ့စ်ဘွတ်အကောင့် ဟာ ဘာသာသာသနာ နှင့် မျိုးချစ်တပ်မတော် ချစ်သူများ ဖေ့စ်ဘွတ်ဂရုစာမျက်နှာကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာထပ်ဆင့် ဖြန့်ချိထားတာတွေ့ရပြီး မျိုးချစ်မောင်နှမများအားလုံး ဂရုကို လာအပ် (Join)ဖို့ ပြောထားတာတွေ့ရပါတယ်။web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

SS / မျိုးချစ်မောင်နှမများအားလုံး ဂရုကို လာအပ် (Join)ရန် ရေးသားထား

ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းအတု၊သတင်းအမှား ဖြန့်ချိနေသူတွေဟာ သူတို့လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု၊သတင်းအမှားတွေ များများပျံ့နှံ့ ဖို့၊ မြန်မြန် ပြန့်ပွားဖို့အတွက် ဂရုဖွဲ့လူစုခြင်း၊ လူအများအပြားရှိတဲ့ ဂရုတွေထဲ သတင်းအတု၊သတင်းအမှား တွေကို ထပ်ဆင့်ဖြန့်ချိခြင်း စတဲ့ အပြုအမူတွေ ကို လုပ်ကိုင်လေ့ရှိပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,