ဘုန်းကြီးတွေ ကိုဗစ်ဖြစ်တာမဟုတ်၊ ဆေးထိုးသင်တန်းပေးတာဆိုတဲ့ သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အင်းစိန်ရွာမ သံဃာတော်တွေ ကိုဗစ်ဖြစ်တာ မဟုတ်ဘဲ ဘုန်းကြီးတွေကို ဆေးထိုးသင်တန်းပေးနေတာ ဆိုတဲ့ ထိရှလွယ်တဲ့ သတင်းအမှား တစ်ခု ကို ဖေ့စ်ဘွတ်မှာ မျှဝေနေကြပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်သတင်းကို Nai Anwar KMW လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် က စက်တင်ဘာလ (၃၀) ရက်နေ့ က ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

Nai Anwar KMW ဟာ ပြည်ပမှာ နေထိုင်သူ တစ်ဦးဖြစ်တယ်လို့ မှတ်ချက်ပေးထားသူ တချို့ကဆိုပြီး Nai Anwar KMW ဟာ အကဲဆတ်တဲ့ လူမျိုးရေး၊ဘာသာရေး တွေ ပြောဆို ဖြန့်ဝေ လေ့ရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုဖြစ်တာကို တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Nai Anwar KMW ရေးသားထားတဲ့ ဘုန်းကြီးတွေ ကိုရိုနာ ဖြစ်တာမဟုတ်ပါ ဆိုတဲ့ အရေးအသားဟာ အများပြည်သူထင်ယောင်ထင်မှား ဖြစ်အောင် သတင်းအမှား ဖြန့်ချိမှု သာဖြစ်တယ်ဆိုတာကို သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ရေးသားထားတဲ့ ” အင်းစိန်ရွာမစာသင်တိုက်မှ သံဃာတော်အပါး ၃၅၀ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ ” ဆိုတဲ့ 7Day News ဖော်ပြထားတဲ့ သတင်းဖော်ပြချက်ကို (  သည်နေရာမှာ ဖတ်နိုင်ပါတယ်) ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါ အခြေအနေနဲ့ ပတ်သက်ပြီး ရွာမပရိယတ္တိ စာသင်တိုက် – အင်းစိန်ရဲ့သတင်းထုတ်ပြန်ချက်ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဘုန်းကြီးတွေ ကို ဆေးထိုး သင်တန်းပေးတာပါ လက်ရှိ ရန်ကုန်မှာ မူစလင် တွေ မည်သည်အကြောင်းကြောင့် ဆေးရုံ ရောက်ရောက် ကိုရိုနာ positive ဖြစ်တယ် ဆိုပြီ လုပ်နေတယ်၊မကြာခင် ဆေးထိုး သတ်လိမ့်မယ်၊ မူစလင် တွေ သတိထားကြပါ၊ ကျနော် ထပ်မံ သတိပေးလိုပါတယ် ဆိုတဲ့ Nai Anwar KMWအရေးအသား ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်တဲ့ လူမှု အသိုက်အဝန်းကြား အမုန်းတရားတွေ၊ ပဋိပက္ခ တွေ ဖြစ်ပေါ်လာအောင် သတင်း အမှားတွေနဲ့ လုပ်ကြံဖန်တီးထားချက် တစ်ခုသာဖြစ်ပါတယ်။

” သတင်းတုတွေနဲ့ ပတ်သက်လို့ကတော့ ဒီကနေ့ နိုင်ငံသူ၊နိုင်ငံသား တွေက ဘာသတင်းပဲကြားကြား စိတ်လိုက်မာန်ပါ ရမ်းပြီး မဆုံးဖြတ်ဖို့၊ ရမ်းပြီး မယုံကြဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေး၊လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်အောင် ၊နိုင်ငံတည်ငြိမ်မှုပျက်အောင် ၊အဲဒီတော့ နိုင်ငံတည်ငြိမ်တာကို ၊ဖွံ့ဖြိုးတိုးတက်တာကို မလိုလားတဲ့ ပုဂ္ဂိုလ်တွေ၊ မလိုလားတဲ့ အဖွဲ့အစည်းတွေ၊ မလိုလားတဲ့ အုပ်စုတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ဝါဒမှိုင်းတွေ ဖြန့်နေတာတွေ ၊သတင်းတုတွေ ဖြန့်နေတာတွေ ၊လုပ်နေတာတွေ တွေ့ရပါတယ်။ ဒါကြောင့် ဦးဇင်းတို့ ပြည်သူလူထုအနေနဲ့ သတိဝီရိယ ကြီးကြီး ထားပြီး ဘာသတင်းပဲကြားကြား ရမ်းပြီးတော့ မယုံကြဖို့၊ နောက်ပြီးတော့ သတင်းတစ်ခုကြားတယ်၊တွေ့တယ်ဆိုရင် ခိုင်လုံတဲ့ သတင်းဌာနတွေ၊ ခိုင်လုံတဲ့ ပေ့ချ်တွေ ကနေ တရားဝင်တက်လာပြီဆိုမှ ယုံကြဖို့ ။ ဒါကအရေးကြီးပါတယ်။ ဦးဇင်း ကတော့ သတိထားကြဖို့ ပြောချင်ပါတယ် ” လို့ သတင်းအတု၊ သတင်းအမှားတွေ ပျံ့နှံ့နေမှုနဲ့ ပတ်သက်ပြီး ရန်ကင်းတောင်ဆရာတော် က မိန့်ကြားထားပါတယ်။ ( သည်နေရာမှာ ကြည့်နိုင်ပါတယ်)

ကိုဗစ်ကပ်ရောဂါ ကာလမှာ ဘာသာ၊လူမျိုးမရွေး၊ဘာကိုမျှ မခွဲခြားဘဲ တစ်ယောက်ကို တစ်ယောက် ဝေမျှကူ နေတဲ့ ပုံရိပ်တွေ၊ အခြေအနေတွေကို လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ တွေ့မြင်နိုင်ပါတယ်။

” Fakenews နဲ့ကောလာဟလနဲ့သတင်းတု၊သတင်းမှားကတော့ အမျိုးသားထု တစ်ရပ်လုံးအတွက်အန္တရာယ်ပဲ။အဲ့ဒါကတော့ ကျနော်တို့လက်ခံနိုင်စရာ ဘာမှမရှိဘူး။ ရွေးကောက်ပွဲက နီးလာပြီ။ ဘုံရန်သူကိုဗစ် ကာကွယ်ရေးနဲ့တိုက်ဖျက်ရေးလှုပ်ရှားမှုအတွက်လည်း အနှောက်အသွားတစ်ခုပဲ။ မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စ။လူမျိုးရေးဘာသာရေးအမုန်းတရားတွေကိုရည်ရွယ်ချက်ရှိရှိဖန်တီးနေတယ်။အဲ့ဒါတွေတော့ တိုက်ဖျက်ဖို့ လိုတယ်။ဘာပဲပြောပြော သတိရှိရှိ၊ တာဝန်သိသိနဲ့ တုံ့ပြန်ဖို့လိုတယ် ” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် က ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီအချိန်မှာ လူမျိုးပေါင်းစုံး၊ ဘာသာပေါင်းစုံ စုံညီကွဲပြားတဲ့တို့နိုင်ငံမှာ တက်ညီလက်ညီစုစုစည်းစည်းညီညီညွတ်နဲ့ ဘုံရန်သူ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့လှုပ်ရှားမှုအရွေ့အတွက်ကို ပူးပေါင်းဆောင်ရွက်နေတဲ့အချိန်မှာ အဖျက်အမှောင့်တွေ ရည်ရွယ်ချက်ချက်ရှိရှိ အမုန်းတရားတွေ၊ သတင်းအမှားတွေ၊ လိုင်းပေါ်မှာဖွနေတာကို တစ်ဦးချင်းကလည်း တိုက်ရမှာဖြစ်သလို အစိုးရအနေနဲ့ တာဝန်ရှိတဲ့ သက်ဆိုင်ရာတွေအနေနဲ့ ဒီကိစ္စကို အမြန်ဆုံးဖော်ထုတ်ပြီး ဒီကိစ္စကိုအမြန်ဆုံးအရေးယူဖို့ ပြစ်ဒဏ်ပေးဖို့လိုတယ်။အဲ့ဒါပဲ တောင်းဆိုတယ်။ပြတ်ပြတ်သားသားတောင်းဆိုတယ် လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် က မှတ်ချက်ပြုပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,