ဘုရင့်နောင်လမ်းမကြီးတွင်ယာဉ်တိုက်မှုဖြစ်၊သုံးဦးဒဏ်ရာရ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း

ဘုရင့်နောင်လမ်းမကြီး၊ချောင်းဝမှတ်တိုင်အနီးတွင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး၊ကလေးနှစ်ဦးဒဏ်ရာရှိခဲ့သည်။

သြဂုတ်(၂၆)၊၂၀၁၉၊ရန်ကုန်

သြဂုတ်လ(၂၆)ရက်နေ့၊ည ရှစ်နာရီခန့်ဝန်းကျင်းက သီရိမင်္ဂလာ ဈေးသစ်သို့ သွားသည့် ယာဉ်ကြော ဘက်တွင် ဆီဘောက်စာယာဉ် တစ်စီးအား ကုန်တင်ယာဉ်တစ်စီးက ကျော်တက်ရာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ကျွန်းတုံးများအား ဝင်တိုက်မိခဲ့ပြီး လမ်းဖြတ်ကူးရန် မျဉ်းဖြူတွင်ရပ်နေသည့် အမျိုးသမီးတစ်ဦးနှင့်ကလေးငယ်နှစ်ဦးကို ထိခိုက်မိခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ကြုံသူတစ်ဦး ကပြောသည်။

ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးနှင့်ကလေးငယ်နှစ်ဦးအား အရေးပေါ် လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ခေါ်ဆောင်သွားခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“လူကြီးကတော့ ခေါင်းပေါက်တာမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့်ခေါင်းနောက်စေ့ကတော့ဖူးယောင် လာတယ်။ဦးခေါင်းပိုင်းဆိုတော့ သေချာစစ်ကြည့်မှပဲ ဘာဖြစ်လဲဆိုတာ သိရမှာ။ ကလေးငယ်တွေလည်းထိခိုက်ဒဏ်ရာရကြတယ်”ဟု’ဒဏ်ရာရလူနာများအားပြုစုကူညီပေးသူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် လမ်းလယ်ကျွန်းတုံးများ ကစဉ့်ကလျားဖြစ်ကာ လမ်းမပေါ်သို့ ရောက်ရှိခဲ့ပြီး ရပ်ကွက်အနီးအနားရှိပြည်သူများ အင်အားဖြင့် လမ်းပိတ်ဆို့သွားသည့် လမ်းလယ်ကျွန်တုံးများ ကိုနေရာတကျပြန်ရွှေ့ခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုခေတ္တဖြစ်ခဲ့သော်လည်း ရပ်ကွက်နေပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ယာဉ်ထိန်းရဲများက ကားများ ပုံမှန်ပြန်လည်သွားလာနိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။

“ဒီနေရာကယာဉ်တိုက်မှုခဏခဏဖြစ်နေတယ်။နေ့စဉ်နီးပါးလမ်းဖြတ်ကူးနေရပေမယ့်လည်း လုံခြုံမှု မရှိဘူး။ကွန်တိန်နာယာဉ်တွေကလည်း တကယ့်ကိုစည်းမဲ့ကမ်းမဲ့ မောင်းကြတယ်။ သူတို့ဟွန်းအကျယ်ကြီးတွေကိုလည်းပရမ်းပတာတီးတယ်။ရှိတဲ့လူကူးမျဉ်းကျားကလည်းလမ်းလယ်ကျွန်းတုံးတွေကကာပြီးပိတ်ထားတယ် “ဟု အဆိုပါ ရပ်ကွက်အနီးတွင် နေထိုင်သူ တစ်ဦးကပြောသည်။

ဘုရင့်နောင်လမ်းမကြီးသည် ကွန်တိန်နာယာဉ်များ နေ့/ည မပြတ် ဖြတ်သန်း လျက်ရှိပြီး ကွန်တိန်နာယာဉ်အများစု၏ ယာဉ်မောင်းများသည် စည်းမဲ့ကမ်းမဲ့မောင်းနှင်နေသူများဖြစ်သည်။

ယင်းအပြင် အချို့ယာဉ်မောင်းများသည်ယာဉ်မောင်းချိန် အတွင်း အရက်သေစာ သောက်စားမှုများပင်ရှိကြောင်း ရပ်ကွက်နေ ပြည်သူများကဝေဖန်ပြောဆိုကြသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ယခုဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုသည့် မဖြစ်သင့်သော ယာဉ်တိုက်မှု ဖြစ်ပြီး စည်းကမ်းမဲ့ မဆင်မခြင်မောင်းနှင်မှုကြောင့် လမ်းဖြတ်ကူး သူများထိခိုက်အနာတရဖြစ်ရခြင်းဖြစ်ကြောင်း အဌားယာဉ်မောင်း တစ်ဦးကဆိုသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။