ဘုရားဆုံးဖြတ်ပေးတာပဲ ကျေနပ်လက်ခံရမှာပေါ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Google Map / မန္တလေး အကျဉ်းထောင်

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကျဉ်းထောင်ထဲတွင်ဖြေဆိုပြီး ဂုဏ်ထူး သုံးဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ မရွှန်းလဲ့ဝေကျော်၏ ဖခင်နှင့် ဆက်သွယ်မေးမြန်းခြင်း …

မူးယစ်ဆေးဝါးအမှုဖြင့် မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ်(၁၀)နှစ် ကျခံနေရသည့် မရွှန်းလဲ့ဝေကျော် သည် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး(၃)ဘာသာ ဖြင့် အောင်မြင်ခဲ့သည့်အတွက် အများပြည်သူကြား စိတ်ဝင်စားမှုမြင့်တက် ခဲ့သည်။ ယခုကဲ့သိုငယ်ရွယ်ပြီး ထူးချွန်စွာ စာမေးပွဲ အောင်မြင်ခဲ့သူကို လွပ်ငြိမ်းချမ်းသာခွင့်ပေးသင့်သည် ဆိုသောအမြင် အယူအဆ များလည်းပေါ်ထွက်လာခဲ့သည်။ယင်းအခြေအနေများနှင့်ပတ်သက်ပြီး မရွှန်းလဲ့ဝေကျော် ၏ဖခင် ဦးကျော်အောင် အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – မန္တလေးမှာ မရွှန်းလဲ့ဝေကျော်ကို ဂုဏ်ပြုပွဲလုပ်မယ်လို့ကြားရပါတယ်။ ဘာတွေသိထားပြီလဲခင်ဗျ။

ဖခင် – အများကြီးတော့မသိပါဘူး။မနက်ဖြန်(၂၅)ရက်နေ့လုပ်မယ်လို့တော့ သိထားပါတယ်။ ကျွန်တော်တို့က ဂုဏ်ပြုပွဲရယ်လို့သီးသန့်လာတာမဟုတ်ပါဘူး။ သမီးဆယ်တန်းအောင်တာရယ်၊ သမီးကိုလည်း အရမ်းတွေ့ချင်လို့ ထောင်ဝင်စာလာတွေ့တာပါ။ ကျွန်တော်တို့တစ်ပတ်ကျော်ကျော်နေမှာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အသက်မပြည့်လို့ အိုးဘိုထောင်ကို အလုပ်ကြမ်းမပါဘဲ ပို့လိုက်တာလို့သိရတယ်။ သူ့ကိုစွဲချက်တင်တဲ့ ရဲကအမှုနှစ်ခုကို စွဲတင်လိုက်တာ။ ကျွန်တော်တို့ကတောသားဆိုတော့ အ လည်း အတယ်။ မိဘအနေနဲ့ …

ငြမ်းမီဒီယာ – ထောင်ထဲကနေ စာမေးပွဲဖြေတာ ထူးထူးချွန်ချွန်အောင်မြင်လို့ အခုလိုဂုဏ်ပြုပွဲ လုပ်ပေးတော့ဖခင်တစ်ယောက် အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖခင် – မိဘတစ်ယောက်အနေနဲ့ အတိုင်းမသိအောင် ဝမ်းသာတာပေါ့။မိဘတစ်ယောက် အနေနဲ့ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။

ငြမ်းမီဒီယာ – အခုသမီးအတွက်ဘာများဆက်လုပ်သွားဖို့ တိုင်ပင်ဆွေးနွေးထားတာရှိပါသလဲ။

ဖခင် – ကျွန်တော်တို့အနေနဲ့တော့ ဘာကိုတိုင်ပင်ပြီး ဘာဆက်လုပ်လို့ရမလဲဗျာ၊ ဘုရား ဆုံးဖြတ်ပေးတာပဲ ကျေနပ်လက်ခံ ရမှာပေါ့။ဘာကြီးဖြစ်စေချင်ပါတယ် လို့လည်းပြောလို့မရဘူးလေ။

ငြမ်းမီဒီယာ – အဖမ်းခံရတဲ့အချိန်က မရွှန်းလဲ့ဝေကျော်ရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ။

ဖခင် – အမှုဖြစ်တော့ (၁၇)နှစ်ပြည့်ပြီးလို့ နှစ်လကျော်ပဲရှိသေးတယ်။ ၈.၁၀.၂၀၁၅ မှာအဖမ်းခံရပြီး၊ ၁၂.၅.၂၀၁၆ မှာအမိန့်ချမှတ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မရွှန်းလဲ့ဝေကျော်ကိုဖမ်းတုန်းက အသက်(၁၈)နှစ် မပြည့်သေးဘူးဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးရှေ့နေက ဘာတွေပြောသေးလဲ။

ဖခင် – အသက်မပြည့်လို့ အိုးဘိုထောင်ကို အလုပ်ကြမ်းမပါဘဲ ပို့လိုက်တာလို့သိရတယ်။ သူ့ကိုစွဲချက်တင်တဲ့ ရဲကအမှုနှစ်ခုကို စွဲတင်လိုက်တာ။ ကျွန်တော်တို့ကတောသားဆိုတော့ အ လည်း အတယ်။ မိဘအနေနဲ့လည်းမှုခင်းဖြစ်စဉ်မှာ ဘာမှဝင်မပြော တတ်ခဲ့ဘူး။သူ့ကိုစီရင်ချက်ချတဲ့ အတိုင်းပဲကျွန်တော်တို့ လက်ခံခဲ့ရတာပဲဗျာ။

ငြမ်းမီဒီယာ – မရွှန်းလဲ့ဝေကျော်ရဲ့ ပညာရေးဘက်က အခုလိုထူးချွန်မှုကြောင့် လွှတ်ငြိမ်း ချမ်းသာခွင့်ပေးသင့်တယ်လို့ ပြောနေကြတယ်။ မိဘတစ်ယောက် အနေနဲ့ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ။

ဖခင် – လွတ်ငြိမ်းချမ်းသာခွင့်ပေးရင်တော့ကျွန်တော်တို့အတိုင်းထက်အလွန်ဝမ်းသာရတာပေါ့။

 

ငြမ်းမီဒီယာ
ဇွန်(၂၄)၊၂၀၁၇၊ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,