မကျေနပ်ရင် ဝင်မပြိုင်လို့ရတယ် … ရွေးကော်ပြောတယ် ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပမယ့်ကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ပြောတယ်ဆိုတဲ့ သတင်းအမှား ပျံ့နှံ့နေမှုနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။

သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးမြင့်နိုင် စက်တင်ဘာလ (၂၀) ရက်နေ့ က ပြောကြားထားပါတယ်။ဒါပေမယ့် အဲဒီပြောဆိုချက်နဲ့ မတူဘဲ လုပ်ကြံ ရေးသားပြီး အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

“ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်း အတိအကျလုပ်မယ်။မကျေနပ်ရင် ဝင်မပြိုင်လို့ရတယ်။ကျနော်စကားကို ဖင်တစ်ခွန်းခေါင်း တစ်ခွန်း မပြောဘူး” ဦးမြင့်နိုင် (UEC ဥက္ကဌ) လို့ ရေးသားဖော်ပြထားတဲ့ ပုံချပ် ဟာ ဖေ့စ်ဘွတ် စာမျက်နှာတွေ မှာ ပျံ့နေခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီကိစ္စကို ငြမ်းမီဒီယာက အမှား၊ အမှန်အချက်အလက်ဆန်းစစ်ကြည့်ရာမှာ ပြောကြားသူလို့ ညွှန်းထားတဲ့ ဦးမြင့်နိုင် ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ မဟုတ်ဘဲ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က ဦးလှသိန်း ဖြစ်ပါတယ်။ (သည်နေရာမှာ ကြည့်နိုင်ပါတယ်)

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း သတင်းအမှားသာဖြစ်တယ်လို့ စက်တင်ဘာလ၂၂ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။ ( သည်နေရာမှာ ကြည့်နိုင်ပါတယ်။)

“Social Media ( Facebook ) တွင် ပျံ့နှံ့လျက်ရှိသည့် အောက်ဖော်ပြပါ Post ရှိ စာသားများအနက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်း အတိအကျ လုပ်မည်ဟု အဓိပ္ပါယ်သက်ရောက်သော စကားကိုသာ ပြောကြားခဲ့ခြင်းဖြစ်ပြီး “ မကျေနပ်ရင် ဝင်မပြိုင် လို့ရတယ်။ကျနော်စကားကို ဖင်တစ်ခွန်း ခေါင်းတစ်ခွန်း မပြောဘူး” ဟူ၍ပြောကြားခဲ့ခြင်း မရှိ ( မရှိ ) ပါသဖြင့် သတင်းတု သတင်းမှားဖြစ်ကြောင်း“ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Edit – “ လုံးကောက်ပြန်ရင် ဦးမြင့်နိုင် အဲဒီလို မပြောခဲ့ဘူး။သတင်းတု၊ သတင်းမှားတွေ ကောလာဟလတွေက မထုတ်လုပ်သင့်ဘူးပေါ့။ပြည်သူလူထုကိုထင်ယောင်ထင်မှားဖြစ်စေတယ် လို့ ” အထွေထွေရွေးကောက်ပွဲနှင့်သတင်းမီဒီယာများ၏ အခန်းကဏ္ဍ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ကိုကျော်စွာမင်း က ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့က အထွေထွေရွေးကောက်ပွဲနှင့်သတင်းမီဒီယာများ၏ အခန်းကဏ္ဍ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲမှာ ဦးမြင့်နိုင် က ရွေးကောက်ပွဲ အစီအစဉ်များနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာရှိပါတယ်။ ( သည်နေရာမှာ ကြည့်နိုင်ပါတယ်။)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ကျနော်တို့က အခုရွေးကောက်ပွဲအတွက် ကျင်းပဖို့လည်းပဲ ကျနော်တို့ အစီအမံတွေ၊ အလုပ်တွေတော်တော်များများလည်းဆောင်ရွက်ပြီးပြီဖြစ်ပါတယ်။အဲ့တော့ COVID-19 ရောဂါကြောင့် ကျနော်တို့ရွေးကောက်ပွဲကို၊ ရွေးကောက်ပွဲတစ်ခုလုံးကိုဖြစ်စေ၊ ရွေးကောက်ပွဲမဲဆန္ဒနယ်တစ်နယ်ကိုဖြစ်စေ စသဖြင့်ကျနော်တို့ရွှေ့ဖို့အကြောင်းမရှိပါဘူး။ COVID-19 ရောဂါစွဲကပ်နေတဲ့အချိန်မှာ ကျနော်တို့ကအဲ့နေရာမှာ မဲဆန္ဒရှင်တွေအတွက်ဘယ်လိုလုံခြုံအောင် ကာကွယ်နိုင်အောင် ဘယ်လိုပေးသွားရမလဲဆိုတာ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာအကောင်းဆုံးရည်ရွယ်ချက်တွေချမှတ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ညှိနှိုင်းပြီးလမ်းညွှန်ချက်တွေထုတ်ပြန်သွားမှာဖြစ်ပါတယ်။ကျနော်တို့အခုလွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက်လည်းစာလမ်းညွှန်ချက်တွေထုတ်ပြန်ထားပြီးဖြစ်ပါတယ်။အဲဒါကြောင့် COVID-19 ရောဂါအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲကိုရွှေ့ဆိုင်သွားဖို့ရန်မရှိပါဘူးလို့ ကျနော်ဖြေကြားလိုပါတယ်။ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ကိုဗစ်ကြောင့်ရွေးကောက်ပွဲရွှေ့ ဘယ်လောက်အထိရှိမလဲ၊ ဘယ်အတိုင်းအထိရှိမလဲဆိုတာ ဒါတွေကတော့ ကျနော်ထပ်ဖြေစရာမလိုတော့ပါဘူး” အထွေထွေရွေးကောက်ပွဲနှင့်သတင်းမီဒီယာများ၏ အခန်းကဏ္ဍ အွန်းလိုင်းတွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောကြားခဲ့တာဖြစ်ပါတယ်။

Edit -သတင်းတု၊သတင်းမှား ထုတ်တာတော့ ရည်ရွယ်ချက်အမျိုးမျိူးရှိတယ်။ တစ်ဖက်ကို ထိခိုက်လိုခြင်း၊ တစ်ဘက်ကို ဝါဒဖြန့်ခြင်း သဘောမျိုးပေါ့။ စိတ်ဓာတ်စစ်ဆင်ရေးသဘောနဲ့ ဒါမျိုးတွေကြုံရတာပေါ့။သတင်းမီဒီယာကျင့်ဝတ်နဲ့ဆို မီဒီယာသမား အကုန်လုံးက သတင်းကိုအတည်ပြုပါတယ်။မှန်ရတယ်။အဲ့ဒါတွေရမှ သတင်းဖော်ပြခွင့်ရှိတာပေါ့။ အဲ့ဒါတွေ ဘာကြောင့်ထွက်လည်းဆိုရင် သတင်းစီးဆင်းမှုကလည်းသက်ဆိုင်ရာတွေက အချက်အ လက်မှန်မှန်ထုတ်ပေးနိုင်ဖို့လိုတာပေါ့။ သတင်းတစ်ခုခုဖြစ်တယ်ဆိုရင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ Contact Person ကို အတည်ပြုနိုင်ဖို့လိုသလို နိုင်ငံတော်အစိုးရဘက်ကိုလည်း အတည်ပြုလို့ရနိုင်မယ့် ပြောရေးဆိုခွင့်ရှိသူတွေက ပြန်ဖြေပေးဖို့လိုတယ်။ဒါကြောင့်မို့ သတင်းတု၊ သတင်းမှားတွေထွက်အောင် သတင်းမှန်တွေနဲ့ပြန်လည်တုံ့ပြန်နိုင်အောင် အများပြည်သူသိအောင်ရှင်းလင်းထုတ်ပြန်ပေးဖို့လိုတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ကိုကျော်စွာမင်း က မှတ်ချက်ပြုပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။