မင်းနှင့် ပြည်သူ ကိုယ်ကျင့်သီလ စောင့်ထိန်းရန် ကြံ့ခိုင်ရေး ဥက္ကဌ ပြော

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

USDP/ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး

မင်းနှင့် ပြည်သူ လူတန်းစား မရွေး အသီးသီးစောင့်ထိန်း ကျင့်ကြံရမည့် ကိုယ်ကျင့်သီလများကို သတိနှင့် စောင့်ထိန်းကြ၊ ဝိုင်းဝန်း ကြိုးပမ်းကြရမှာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးက ၎င်း၏ နှစ်သစ်ကူးဆုတောင်းစာတွင် ရေးသား ဖော်ပြ ထားသည်။

လူတိုင်း ကိုယ့်တာကို လုံအောင်ထိန်းကြပြီး တာဝန်သိခြင်း၊ တာဝန်မမဲ့ခြင်း ဆိုသည့် ကိုယ်ကျင့်တရား၊ တာဝန်ယူရဲခြင်းဆိုသည့် သတ္တိနှင့် တာဝန်ကို အောင်မြင်ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခြင်း စသည့် စွမ်းရည်များ ကိုယ်စီပြည့်ဝစွာနှင့် ကျန်းမာ ပျော်ရွှင်အေးချမ်းသော ဘဝကို နှစ်သစ်တွင် ပိုင်ဆိုင်နိုင်ကြပါစေဟု ဆုတောင်းစာတွင် ဆိုသည်။

ကောသလမင်းအိမ်မက် ဆယ့်ခြောက် ချက်ဖြင့် “ တစ်ချက်ချင်း” ပြန်ထိုး သုံးသပ်ကြည့်လျင် မြန်မာနိုင်ငံ၊မြန်မာ လူ့အဖွဲ့အစည်း ၏ လက်ငင်း ပစ္စက္ခအခြေအနေမှန်နှင့် ရှေ့လားရာကို ခန့်မှန်းနိုင် …

” တိုင်း/ နိုင်ငံတစ်ခု လူ့အဖွဲ့အစည်းတစ်ခုရဲ့ တော်တည့် မှန်ကန်မှု၊ဖောက်လဲ ဖောက်ပြန်မှု၊ အဆင်ပြေနေပျော်ဖွယ် ရှိမှု / မရှိမှုနှင့် အဲ့ဒီလူ့အဖွဲ့အ စည်းရဲ့လားရာဂတိ ကို မှတ်ကျောက်တင် တိုင်းတာဖို့ အတွက်ကျနော် တို့ ရိုးရာ ယဉ်ကျေးမှု ၊မိရိုးဖလာအဆုံးအမတွေထဲမှာ ကောသလမင်း အိမ်မက် ဆယ့်ခြောက်ချက်ဆိုတာရှိပြီးသားပါ ခင်ဗျာ ” ဟု ဦးသန်းဌေးက ဆိုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူတန်းစားအလွှာမျိုးစုံ ပါဝင်ဖွဲ့စည်းထားသော နိုင်ငံတိုင်းတွင် ရှိမြဲဖြစ်သည့် မင်း၊ အမတ်၊ ပညာရှိ၊ တရားသူကြီး၊ကုန်သည်၊ တောင်သူလယ်လုပ် အစရှိသော လူတန်းစား အမျိုးမျိုး၏ အကျင့် စရိုက်များ၊ အပြုအမူများ၊ လူမှုအသိုင်းအဝန်းရှိ ပကတိ အခြေအနေ များ ကို ကောသလမင်းအိမ်မက် ဆယ့်ခြောက် ချက်ဖြင့် “ တစ်ချက်ချင်း” ပြန်ထိုး သုံးသပ်ကြည့်လျင် မြန်မာနိုင်ငံ၊မြန်မာ လူ့အဖွဲ့အစည်း ၏ လက်ငင်း ပစ္စက္ခအခြေအနေမှန်နှင့် ရှေ့လားရာကို ခန့်မှန်းနိုင်ကြမည်ဟု ၎င်းက ပြောသည်။

မျှော်လင့်ခဲ့သည်များ လက်တွေ့ ဖြစ်/မဖြစ်နှင့် ဆုတောင်း ပြည့်မပြည့် ဆိုသည်မှာ လူတစ်ဦးချင်း၏ နားလည် လက်ခံမှု အတိုင်းသာဖြစ်ပြီး မိဘပြည်သူများ လတ်တလော ရင်ဆိုင်နေ ကြရသည့် ကပ်ရောဂါ ဘေးဆိုးကြီးကိုလည်း အမြန်ဆုံး ကျော်လွှား အောင်မြင်နိုင်ကြပါစေဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ၎င်း၏ နှစ်သစ်ကူးဆုတောင်းစာတွင် ရေးသားထားသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,