မင်္ဂလာဒုံ လေယာဉ်ကွင်း တပ် က ထိန်းချုပ်ထားပြီ ဆိုတဲ့ သတင်းအမှား ဖြန့်နေ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မင်္ဂလာဒုံ လေယာဉ်ကွင်းကို တပ်က ထိန်းချုပ်ထားသယောင် အကြောင်းအရာကို တော်ဝင်နွယ်ဘွား အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဇန်နဝါရီ (၂၉ ) ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်အကြောင်းအရာကို ထပ်ဆင့်ဖြန့်ချိသူ၊ မှတ်ချက်ပေးသူ နဲ့ React ပြုသူတွေ အများအပြားရှိတာကို လည်း တွေ့ရပါတယ်။

တပ်မတော် သံချပ်ကာယာဉ် တချို့ ရန်ကုန် နဲ့ တချို့မြို့ကြီးတွေမှာ ဖြတ်သန်းမောင်းနှင်ခဲ့တာတော့ ရှိခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SS / Myanmar Now ရဲ့ ရေးသားဖော်ပြထားမှု

အာဏာသိမ်းရန်ခြိမ်းခြောက်မှုနှင့်အတူ တပ်မတော်သံချပ်ကာယာဉ်တချို့ လမ်းပေါ်ရောက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်နဲ့ တချို့မြို့တွေမှာ တပ်မတော် သံချပ်ကာယာဉ် တွေ ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ အကြောင်း ကို Myanmar Now သတင်းဌာန မှာ ဖော်ပြထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်သတင်းတွေနဲ့ အတူ မင်္ဂလာဒုံလေယာဉ်ကွင်းကို တပ်က ထိန်းချုပ်လိုက်သယောင် အကြောင်းအရာ ဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ သည်အကြောင်းအရာ နဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးခဲ့ရာမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖေ့စ်ဘွတ်စာမျက်နှာ မှာ သည်အကြောင်းအရာ နဲ့ပတ်သက်ပြီး ဖော်ပြထားတာမရှိပါဘူး။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ရေးသားဖော်ပြတဲ့ သတင်းဌာနတွေမှာလည်း သည်အကြောင်းအရာကို ရေးသားဖော်ပြထားတာမျိုး မရှိပါဘူး။

မဟုတ်ပါဘူး ခင်ဗျ။ မင်္ဂလာဒုံလေဆိပ်က ပုံမှန်ပါပဲ။ လေဆိပ်ဆိုတာ အဖွဲ့အစည်းနဲ့ လုပ်တာဆိုတော့ သက်ဆိုင်ရာ ထိန်းသိမ်းတဲ့ အဖွဲ့အစည်းကတော့ သူ့လုပ်ငန်းစဉ်အတိုင်း လုပ်တာပေါ့။ ဘယ်အဖွဲ့အစည်းမှ မထိန်းချုပ်ထားဘူး ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။ သူ့အဖွဲ့အစည်းက လုပ်ရိုးလုပ်နည်းအတိုင်း လုပ်တာပဲ။ အခုပြောသလို စစ်တပ်တို့ ဘာတို့က ထိန်းချုပ်တာ မဟုတ်ပါဘူး။ လေဆိပ်က ပုံမှန်အခြေအနေပါပဲ လို့ မင်္ဂလာဒုံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က အတည်ပြု ပြောကြားပါတယ်။

သည် အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် မင်္ဂလာဒုံ လေယာဉ်ကွင်း တပ် က ထိန်းချုပ်ထားသယောင် ရေးသားထားတဲ့ အကြောင်းအရာ ဟာ သတင်းအတု၊ သတင်းအမှား ဆိုတာ သိနိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အခုတလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေအပေါ်တည်ပြီး သတင်းအတု၊ သတင်းအမှားတွေ၊ အချက်အလက် အမှားတွေ နဲ့ သွေးထိုးလှုံ့ဆော်မှု၊ အဓိကရုဏ်း ဖြစ်ပေါ်လာအောင်ဖန်တီးလာနိုင်မှုတွေ ရှိလာနိုင်တဲ့ အတွက် သတင်းအချက်အလက်တွေကို သေချာ မစိစစ်ဘဲ မျှဝေခြင်း၊ ယုံကြည်လက်ခံလိုက်ခြင်း မပြုမိဖို့ တိုက်တွန်းလိုပါတယ်။

ရန်ကုန် – မန္တလေး အမြန်လမ်း ပိတ်ဆို့ထားလိုက်ပြီးဆိုတဲ့ သတင်းအမှားတစ်ခုလည်း ဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာမှာ ပျံ့နှံခဲ့ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,