မန္တလေးတွင် ညမထွက်ရ အမိန့်ထုတ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကိုလကျာ်ထွန်း/ ဧပြီ၊(၂)၊၂၀၂၀၊ ရန်ကုန်မြို့တစ်နေရာ

မန္တလေးတွင် နေ့စဉ် ည ၉ နာရီ မှ နံနက် ၄ နာရီအချိန် အထိ လုံလောက်သော အကြောင်းပြချက် မရှိလျင် နေအိမ်ပြင်ပသို့ မထွက်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရက အမိန့်ထုတ်ပြန် လိုက်သည်။

COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရန် နှင့် ကာကွယ် ထိန်းချုပ်မှု လုပ်ငန်းများ အထောက်အကူဖြစ်စေရန် ပြည်သူများ အနေဖြင့် လိုက်နာပေးကြရန် မန္တလေးတိုင်း ဒေသကြီး အစိုးရ က တိုက်တွန်းထားသည်။

ကုန်စည်စီဆင်းမှုအတွက်သွားလာနေရသည့် ယာဉ် နှင့်လူပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် သာ သွားလာဆောင်ရွက်ရမည်ဟု အဆိုပါအမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ယင်းအပြင် ပြည်သူများများအနေဖြင့် နေ့ခင်းဘက်တွင် ပြင်ပသို့ မဖြစ်မနေ သွားရောက်ရန်လိုအပ်လျင် အိမ်ထောင်စု တစ်စု၊ လူ(၁) ဦးနှင့် နှာခေါင်းစည်း ကို မဖြစ်မနေတပ်ရန် လိုအပ်သည်။Mask ဖိုးမတတ်နိုင်သူများအားလည်း အခမဲ့ ဖြန်ဝေမည့် အစီအစဉ်ကို လည်း ဆောင်ရွက်ထားပြီး ဈေးရောင်းဈေးဝယ်များ၊ ဈေးလုပ်သားများ အနေဖြင့်လည်း Mask တပ်ဆင်ပြီးမှသာ ဈေးရောင်း ဈေးဝယ် ပြုကြရန် မန္တလေးတိုင်းဒေသကြီး အစိုးရက ညွှန်ကြားထားသည်။

UYL / Homemade masks များ ဖြန့်ဝေပေးရန်စနစ်တကျ ထုပ်ပိုးနေစဉ်

အဆိုပါ အမိန့်နှင့် စည်းကမ်းချက်များသည် အများပြည်သူအကျိုးအတွက် ရည်ရွယ်သတ်မှတ်ခြင်းဖြစ်သဖြင့် တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရက ဧပြီလ(၁၆) ရက်နေ့တွင်အမိန့် ထုတ်ပြန် လိုက်သည်။

ယင်းအပြင် အောက်တွင်ဖော်ပြထားသည့် ကိစ္စရပ်များမှအပ လူငါးဦး ဖြစ်စေ၊ လူငါဦးထက်ပို၍ ဖြစ်စေ စုဝေးခြင်းမပြုရ ဟူသည့် အမိန့်ကြေညာချက်ကို ကျန်းမာရေးဝန်ကြီးဌာန က ယနေ့ည မြန်မာ့ရုပ်မြင်သံကြား ရှစ်နာရီသတင်းတွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

♦ (က) အစိုးရဌာနအစိုးရအဖွဲ့အစည်းများတွင် တာဝန် ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း/ပြန်ခြင်း

♦ (ခ) ကုမ္ပဏီစက်ရုံ၊အလုပ်ရုံ များတွင်တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း / ပြန်ခြင်း

♦ (ဂ) ခွင့်ပြုချက်ရရှိထားသော ဈေး၊ကုန်တိုက် များတွင် ဈေးရောင်းဈေးဝယ်ပြုခြင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

♦ (ဃ) ခွင့်ပြုချက်ရရှိထားသော ကုန်စည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ခြင်း

♦ (င) တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း

♦ (စ) ခွင့်ပြုချက်နှင့်အညီ COVID – 19 ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း

♦ (ဆ) အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ် ကိစ္စရပ်များ ဆောင်ရွက်ခြင်း

♦ (ဇ) ကျန်းမာရေးနှင့်စပ်လျဉ်း၍ ဆေးရုံဆေးခန်းသို့ သွားရောက်ခြင်း

♦ (ဈ) နာရေးကိစ္စဆောင်ရွက်ခြင်း တို့ဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,