မရှိမဖြစ်လုပ်ငန်းများ မဖွင့်လှစ်ပါက အရေးယူမည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

SRGO / ဧပြီ၊(၇)။စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 ပိုး ကာကွယ်ဆေး ပက်ဖြန်း။

စားသောက်ကုန် ရောင်းချသည့်လုပ်ငန်းများ နှင့် ထုတ်လုပ်သည့်လုပ်ငန်းများ၊ဆေးဝါးပစ္စည်းအရောင်းဆိုင်နှင့် ဆေးဝါး ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများ၊စက်သုံးဆီဆိုင်များ၊ လျှပ်စစ် ဓာတ်အားပေးရေး လုပ်ငန်းများ၊ ဘဏ်များ ဖွင့်လှစ်ခြင်းမပြုပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ က ဧပြီ (၂၄)၊ရက် နေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဟိုတယ်၊မိုတယ်၊တည်းခိုခန်း၊Inn၊ဆောက်လုပ်ရေးလုပ်ငန်းနှင့် အဝတ်အထည်ဆိုင်များကို ဧပြီ၊(၂၄) ရက်နေ့၊ ည(၁၂)နာရီ အချိန်မှ မေလ၊(၁၇)ရက်နေ့ ည (၁၂)နာရီအချိန်အထိ ခေတ္တယာယီပိတ်သိမ်းထားပေးရမည်ဖြစ်ပြီး မလိုက်နာပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် သွားလာနေသည့် ကုန်တင်ယာဉ်နှင့် သာမန် အိမ်စီးကား များမှ အပ ခရီးသည်းပို့ဆောင်ရေးယာဉ်များ၊ဘုရားဖူးယာဉ်များ၊အပန်းဖြေခရီးသွားယာဉ်များ နှင့်အလည်အပတ်သွားရောက်သည့် ယာဉ် များ၊ အိမ်စီးကားများ(ယာဉ်မောင်းအပါအဝင် (၄) ဦးထက်ပိုသော မော်တော်ယာဉ်များအားလုံး သည်လည်း ဧပြီ၊(၂၄) ရက်နေ့၊ ည(၁၂) နာရီ အချိန်မှ မေလ၊(၁၇)ရက်နေ့ ည (၁၂)နာရီအချိန်အထိ ဝင်၊ထွက် သွားလာခွင့်အား ခေတ္တယာယီပိတ်သိမ်းထားရန် အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စစ်ကိုင်းတိုင်းဒေသကြီးဒေသအတွင်း ဖြတ်သန်းသွာမည့် ယာဉ်များ သွားရောက်ရန် လမ်းများကိုလည်း သတ်မှတ်ထားသည်။

အဆိုပါ လမ်းများမှာ ကချင်ပြည်နယ် မှလာသောခရီးသည် တင်ယာဉ်များအနေဖြင့် ရွှေဘို- မြစ်ကြီးနားလမ်း၊ ရွှေဘို – စစ်ကိုင်း လမ်း မှ တဆင့် မန္တလေးတိုင်း ဒေသကြီး သို့လည်းကောင်း။ ချင်းပြည်နယ်မှလာသော မော်တော်ယာဉ်များသည် ပုလဲမှ ကျားတက်၊၎င်းမှတဆင့် မကွေးတိုင်းဒေသကြီး ။ မုံရွာမြို့သို့ ဖြတ်သန်းသွားလာမည့် ခရီးသည်တင် ယာဉ်များအနေဖြင့် မုံရွာ မြို့တွင်းမှ ဖြတ်သန်းခြင်း မပြုဘဲ မုံရွာမြို့ရှောင်လမ်း အတိုင်းသွား၍ မုံရွာ – စစ်ကိုင်းလမ်းမှ တဆင့် မန္တလေးတိုင်းဒေသကြီး သို့ လည်းကောင်း။ ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကလေး၊တမူး၊မော်လိုက်တို့မှလာသော ခရီးသည်တင် ယာဉ်များ အနေဖြင့် ကလေး၀ – ရေဦးလမ်း၊ ရေဦး- မုံရွာ – စစ်ကိုင်းလမ်း (သို့မဟုတ်) ရေဦး – ရွှေဘို – စစ်ကိုင်းလမ်းမှတဆင့် မန္တလေးတိုင်းဒေသကြီး သို့လည်းကောင်း။ တမူးမှလာသော ခရီးသည်တင်ယာဉ်ကြီးများအနေဖြင့် တမူး – ကျီကုန်းလမ်းမှ ကလေးမြို့ (ကလေးမြို့တွင်းသို့မဖြစ်မနေ ဖြတ်သန်းရမည်ဖြစ်ပါသဖြင့် မြို့တွင်း၌ ရပ်နားခြင်းမပြုဘဲ မောင်းနှင်ရန်) ဂန့်ဂေါ – ပုလဲမှ ကျားတက်၊ ၎င်းမှတဆင့် မကွေးတိုင်းဒေသကြီးသို့ လည်းကောင်း။ ဟုမ္မလင်း၊ ဖောင်းပြင်တို့မှလာသော ခရီးသည်တင် ယာဉ်များအနေဖြင့် ပင်လည်ဘူး – ဝန်းသို – ကျောက်တန်းမှ ရွှေဘို – မြစ်ကြီးနား၊ ရွှေဘို – စစ်ကိုင်းလမ်းမှတစ်ဆင့် မန္တလေး တိုင်း ဒေသကြီးသို့ လည်းကောင်း။ တန့်ဆည်၊ ရေဦးမှလာသော ခရီးသည်တင်ယာဉ်များအနေဖြင့် ရွှေဘို – စစ်ကိုင်း လမ်း (သို့မဟုတ်) မုံရွာ – စစ်ကိုင်းလမ်းမှတဆင့် မန္တလေးတိုင်း ဒေသကြီးသို့လည်းကောင်း ဖြတ်သန်းသွားရမည့် လမ်းကြောင်း များအား သတ်မှတ်ထားသည်။

စစ်ကိုင်တိုင်းဒေသကြီး၊ကလေးမြို့တွင် COVID – 19 ပိုးတွေ့ရှိသူ (၆) ဦးရှိပြီး၊ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ဧပြီလ(၂၄) ရက်နေ့ ည (၁၁:၀၀) နာရီ သတင်းထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးတွင် COVID – 19 ပိုးတွေ့ရှိသူ စုစုပေါင်းအရေအတွက် မှာ (၁၄၄) ဦး၊ပိုးတွေ့သေဆုံး (၅) ဦး ရှိပြီ ဖြစ်သည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,