Azlan Baharudin
မလေးရှားအစိုးရသည် COVID – 19 ကာကွယ်ရေးအတွက် ချမှတ်ထားသည့် သွားလာလှုပ်ရှားမှု ကန့်သတ်ချက် movement control order (MCO) ကို တတိယအကြိမ်မြောက် (၁၄) ရက်သက်တမ်းထပ်မံတိုးမြှင့်လိုက်ရာ၊ မေ (၁၂) ရက်နေ့အထိ လူတိုင်း၏ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ထားမည်ဖြစ်သည်။
ဝန်ကြီးချုပ် မူဟယီဒင်ယတ်ဆင်က ကြာသပတေးနေ့ ဧပြီ (၂၃) ရက်နေ့တွင် ဤသို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည် ။
သွားလာမှုကန့်သတ်ချက်အမိန့်ကို မလေးရှားတွင် မတ် (၁၈) ရက်နေ့မှ စတင်ခဲ့ပြီး၊ နှစ်ကြိမ်သက်တမ်းတိုးခဲ့ရာ ဧပြီ (၂၈) တွင် ကုန်ဆုံးရန်ရှိသော်လည်း၊ တတိယတကြိမ် ထပ် တိုးခြင်းဖြစ်သည်။
ကိုဗစ်နိုင်တင်းကပ်ဘေးကို အပြည့်အဝထိန်းချုပ်နိုင်သည် အထိ လုပ်ဆောင်နေကြောင်း၊ ကူးစက်နှုန်းများ ထူးခြားသည့် အရေအတွက်အထိ လျှော့ကျလာပါက အစိုးရသည် အကန့်အသတ်များကို ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်းဆိုသည်။
သွားလာလှုပ်ရှားမှုကန့်သတ်ခြင်း အမိန့် MCO အရ မလေးရှားတွင် ပြည်နယ်ချင်းကူးသန်းမှုနှင့် နိုင်ငံတကာမှ ခရီးသွားများဝင်ရောက်မှုတို့ကို တားမြစ်ထားသည်။
ကျောင်းများနှင့် အရေးမကြီးသောလုပ်ငန်းများ ပိတ်ပစ်ရမည်ဖြစ်ပြီး၊ ပြည်သူများကို နေအိမ်တွင်းနေထိုင်ရန် နှိုးဆော်ထားသည်။
မလေးရှားတွင် COVID – 19 အတည် ပြုလူနာမှာ ဧပြီ (၂၃) အထိ (၅,၆၀၃) ဦးရှိပြီး သေဆုံးသူ (၉၅) ဦးရှိထားသည်။
လူနာဦးရေ (၃,၅၄၂) ဦးမှာ ကျန်းမာရေးပြန်ကောင်းခဲ့ကြောင်း သိရသည်။
Source : CNA