မသန်စွမ်းတွေအတွက် အကာအကွယ်မဲ့နေတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

YYH / iSchool-Myanmar ၏ စီမံကိန်းမန်နေဂျာ ကိုရဲဝင်း

အမျိုးသားကော်မတီက ကော်မတီ ဖွဲ့လိုက်ရုံနဲ့၊ အယောင်ပြရုံနဲ့ မရဘူး။ တကယ်အလုပ်လုပ်ရမယ့် ကိစ္စတွေ ပါနေတယ်။ လွှတ်တော်ကလည်း မသန်စွမ်း ရန်ပုံငွေကို ပြဌာန်းပေးရမယ်။ လူမှုဝန်ထမ်း အတွက် ပြဌာန်းပေးသလို အမျိုးသား ကော်မတီအတွက်လည်း ပြဌာန်းပေးဖို့လိုတယ်။ အဲဒီ …

မြန်မာနိုင်ငံ၌ မသန်စွမ်းသူများအပေါ် ရာဇဝတ်ကျူးလွန်မှုများ၊ အကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကို အရပ်ဘက်လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် iSchool-Myanmar က လွန်ခဲ့သော ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။
စာမျက်နှာ (၈၃)မျက်နှာပါဝင်သော အဆိုပါ အစီရင်ခံစာကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအထိ (၁၀)လတာ အတွင်း လေ့လာ စစ်တမ်းကောက်ယူချက်များ ကို အခြေခံ၍ ပြုစုထားခြင်းဖြစ်ပြီး စော်ကားရိုက်နှက်မှု (၄)မှု၊ မုဒိမ်းကျူးလွန်မှု (၂၅)မှု၊ အခြားရာဇဝတ်မှု (၂)မှု၊ ပညာသင်ယူပိုင်ခွင့် ခွဲခြားဆက်ဆံခံရမှု (၁၀)မှု၊ ပညာသင်ရန် အခက်အခဲကြုံတွေ့မှု (၃)မှု၊ ဆေးကုသရန် အခက်အခဲကြုံတွေ့မှု (၂)မှု၊ စုစုပေါင်း (၄၆)မှု ကို တစ်ခုချင်းစီ အသေးစိတ် ရှင်းလင်းဖော်ပြထား သည်။
အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ iSchool-Myanmar ၏ စီမံကိန်းမန်နေဂျာ ကိုရဲဝင်းကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်း ထားပါသည်။

မသန်စွမ်း အမျိုးသမီး မုဒိမ်းမှုတွေ။ မသန်စွမ်းဆိုရင် ဘာပဲဖြစ်ဖြစ် စောင့်ရှောက်ရမှာလေ။ မစောင့်ရှောက်ဘဲနဲ့ သက်ကြီး ရွယ်အို တွေကအစ မုဒိမ်းကျင့် တာ။ အဖိုးအရွယ်တွေက မုဒိမ်းကျင့်တာ။ အဖေတွေက မုဒိမ်းကျင့်တာ။ ခဲအိုတွေက မုဒိမ်းကျင့်တာ။ အဲဒီ …

ငြမ်းမီဒီယာ – အခုအစီရင်ခံစာက မသန်စွမ်းတွေနဲ့ ပတ်သက်ပြီး iSchool-Myanmar ရဲ့ ပထမဆုံးအစီရင်ခံစာလား။

ကိုရဲဝင်း – iSchool ဆိုတာထက် မသန်စွမ်းအဖွဲ့အစည်းထဲမှာပေါ့။ ကျွန်တော်တို့ကတော့ မသန်စွမ်းအဖွဲ့အစည်း တစ်ပိုင်းပေါ့နော်။ အစစ်တော့ မဟုတ်ဘူး။ ရာဇဝတ်မှုကို လေ့လာတဲ့ ပညာရှင်တွေရှိတော့၊ ဥပဒေပညာရှင်တွေ ရှိတော့ လုပ်တာပေါ့။ မသန်စွမ်း ရာဇဝတ်မှုတွေ ကို လေ့လာတဲ့ အစီရင်ခံစာ က မြန်မာနိုင်ငံမှာ ပထမဆုံးပဲ။ မသန်စွမ်း တွေ ကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အစီရင်ခံစာနဲ့ပတ်သက်ပြီး ဘာထူးခြားချက်တွေ တွေ့ရသလဲ။

ကိုရဲဝင်း – ထူးခြားတာကတော့ မုဒိမ်းမှုတွေ အရမ်းများတာ။ မသန်စွမ်း အမျိုးသမီး မုဒိမ်းမှုတွေ။ မသန်စွမ်းဆိုရင် ဘာပဲဖြစ်ဖြစ် စောင့်ရှောက်ရမှာလေ။ မစောင့်ရှောက်ဘဲနဲ့ သက်ကြီး ရွယ်အို တွေကအစ မုဒိမ်းကျင့် တာ။ အဖိုးအရွယ်တွေက မုဒိမ်းကျင့်တာ။ အဖေတွေက မုဒိမ်းကျင့်တာ။ ခဲအိုတွေက မုဒိမ်းကျင့်တာ။ အဲဒီလိုတွေ တွေ့ရတယ်။ ဒါက ထူးခြားတဲ့ ဖြစ်ရပ်။ နောက်ပြီးတော့ မသန်စွမ်းကို ဆဲဆိုစော်ကားပြီး ရိုက်တာ။ သန်စွမ်းတဲ့သူ အချင်းချင်း ရိုက်တာက ပြဿနာ မရှိဘူး။ သန်စွမ်းတဲ့ သူက မသန်စွမ်းတဲ့ သူကို ရိုက်တယ် ဆိုတာက တော်တော်လေး ကို လူမဆန်တဲ့ ကိစ္စဖြစ်သွားပြီ။ ပေါ့နော်။ အဲဒီဟာ ကို တွေ့ရတယ်။ ပညာရေးအရ ခွဲခြား ဆက်ဆံတာ ကတော့ အရင်ကတည်းက သိတဲ့ အတိုင်းပဲ။ ပညာရေးဝန်ကြီးဌာန ရဲ့ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲဖို့ လိုတယ်။ ကျွန်တော်တို့ ထပ်ပြီး တိုက်တွန်းရမှာပေါ့နော်။

ငြမ်းမီဒီယာ – ဒီနေ့အချိန်မှာ မသန်စွမ်းအရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့ ဆောင်ရွက်မှု၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်မှုကိုရော ဘယ်လိုတွေ့ရလဲ။

ကိုရဲဝင်း – မသန်စွမ်းသူများရဲ့ အခွင့်အရေးဥပဒေဆိုတာ ထွက်လာတယ်။ နည်းဥပဒေ လည်း ထွက်ပြီးပြီ။ ဒါပေမဲ့ တရားစွဲဆိုလို့မရတဲ့ အပိုင်းတွေ ရှိတယ်။ အဲဒါကို Report ထဲမှာလည်း ရေးထားတယ်။ ဘယ်ပုဒ်မတွေကြောင့် ရဲစခန်းတွေ၊ ဥပဒေအရာရှိတွေက ငြင်းပယ်တယ်ဆို တာ ရေး ထား တယ်။ နောက်တစ်ခုက အမျိုးသားကော်မတီပေါ့။ မသန်စွမ်း မှုဆိုင်ရာ အမျိုးသားကော်မတီ ပေါ်လာတယ်။ ပေါ်လာတာ တစ်နှစ် လောက် ရှိပြီ။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ မတွေ့ရ သေးဘူး။

မသန်စွမ်းသူတွေကို ပညာသင်ခွင့်၊ ကျောင်းနေခွင့် ငြင်းပယ်ပိုင်ခွင့် မရှိ။ ငြင်းပယ်တဲ့ အစိုးရဝန်ထမ်း ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ထောင်ဒဏ် ချမှတ်ခံရမယ် ဆိုပြီးတော့။ ဒါပေမဲ့ အကုန် အခုထိ ငြင်းပယ်ခံရတုန်းပဲ …

နောက်ပြီးတော့ မသန်စွမ်းတွေ ကို ရန်ပုံငွေ ထောက်ပံ့တာ အရမ်း နည်းနေတယ်။ မုဒိမ်းမှုတွေ ဆိုရင် ကိုယ်ဝန်ဆောင်နေတဲ့ မသန်စွမ်း အမျိုးသမီးတွေ မွေးဖွား စရိတ်တို့၊ ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တို့၊ တရားမျှတမှု ရှိဖို့တို့၊ အဲဒါမျိုးတွေမှာ အားနည်းချက် တွေ အများကြီး တွေ့ရတယ်။

ငြမ်းမီဒီယာ – အစီရင်ခံစာထဲမှာပါတဲ့ အမှုတွေမှာ မသန်စွမ်း ဥပဒေနဲ့ အရေးယူ ထားတဲ့ အမှုတွေ တစ်မှုမှ မတွေ့ရဘူး။ အဲဒါ ဘာကြောင့်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုရဲဝင်း – တစ်ခုမှ မတွေ့ရဘူး။ ဆက်စပ်တဲ့ ဥပဒေတွေ ပြင်ရမယ်။ Special Law ဆိုတာ အထူးပြဌာန်းထားတဲ့ ဥပဒေပေါ့။ ဥပမာ ဆိုရင် ကလေးသူငယ်တွေ အတွက် ဥပဒေ၊ မသန်စွမ်းတွေအတွက် ဥပဒေ၊ အမျိုးသမီးတွေ အတွက် ဥပဒေ။ အဲဒီ Special Law တွေ အသက်ဝင်အောင် မြန်မာနိုင်ငံမှာ လုပ်ဖို့လိုတယ်။ Special Law တွေက အသက်မဝင်ဘဲနဲ့ ရောထွေးနေတာပေါ့။ ဟိုဘက်က ပုဒ်မနဲ့ ဒီဘက်က ပုဒ်မနဲ့ မဆီမဆိုင်ဖြစ်နေတာတွေပေါ့။ အဲဒီဥပဒေတွေကိုဥပဒေကြမ်း ရေးဆွဲရေး ကော်မတီ က လေ့လာသင့်တယ်။ လွှတ်တော်က လေ့လာ သင့်တယ်။ ဘယ်ဥပဒေ ကတော့ လိုက်လျောညီထွေမှု မရှိဘဲ ရောနေတယ်။ လွှတ်တော် အနေနဲ့ သေချာလေ့လာပြီး ပြင်ဆင်မှပဲ တရားစီရင်ရေးရဲ့ ဥပဒေစိုးမိုးမှုကို ရမှာပေါ့။

ငြမ်းမီဒီယာ – မသန်စွမ်းဥပဒေကိုယ်တိုင်မှာက အားနည်းချက်ရှိလို့ ဒီလိုဖြစ်တာလား။

ကိုရဲဝင်း – ဟုတ်တယ်။ အားနည်းချက်ရှိတယ်။ ပုဒ်မ ၇၇ တို့၊ ၈၂ တို့ ဆိုရင် တစ်ပေါင်းတည်း ပြဌာန်းထားတာ တွေ့ရတယ်။ အဲဒီဟာတွေ က သီးခြားခွဲပြီး ပြဌာန်းရမယ်။ ဥပမာ မသန်စွမ်းကို စော်ကားရင် ပြစ်ဒဏ်တစ်ခု၊ သူ့ရဲ့မိသားစုကို စော်ကားရင် ပြစ်ဒဏ်တစ်ခု။ အဲဒီလိုမျိုး ခွဲရမယ်။ အခုဟာက အကုန်လုံးကို လုံးသုတ်ထားတဲ့ ပြစ်ဒဏ်တွေဖြစ်နေတယ်။

ငြမ်းမီဒီယာ – မသန်စွမ်းသူအချင်းချင်း ဖြစ်တဲ့ အမှုတွေရော ဘယ်လောက်ရှိလဲ။

ကိုရဲဝင်း – မသန်စွမ်းအချင်းချင်း ဖြစ်တဲ့အမှုတော့ အခုစစ်တမ်းမှာ မတွေ့ရဘူး။ ကျွန်တော်တို့ကို Report လုပ်တဲ့ အထဲမှာ မတွေ့ရဘူး။

ငြမ်းမီဒီယာ – မသန်စွမ်းအရေးနဲ့ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်း တွေရဲ့ ထောက်ပံ့ကူညီမှု ကရော ဘယ်လိုရှိလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုရဲဝင်း – မသန်စွမ်း အဖွဲ့အစည်းတွေကတော့ တတ်နိုင်သမျှ ကူညီကြတယ်။ နောက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရော၊ ဥပဒေ ရေးရာ အထောက်အကူပြု အဖွဲ့အစည်းတွေရော။ ဒါပေမဲ့ ကူညီတယ်ဆိုတာ သူတို့ရဲ့ Capacity ပေါ့။ လူအင်အားရယ်၊ Resource ရယ်၊ ပိုက်ဆံရယ် အကန့်အသတ်အများကြီး ရှိတယ်။ အဓိကက ဒီကိစ္စက အစိုးရက ဦးစားပေးပြီး လုပ်ရမှာ။

ရဲစခန်းတွေရဲ့ ရပ်တည်ချက် ကို ကျွန်တော်တို့က မေးချင်တာ။ မသန်စွမ်းနဲ့ ဖြစ်ပါတယ်၊ ရိုက်လည်း ရိုက်ခံရပါတယ်၊ ဆေးစာ တွေ လည်း ပြပါတယ် ဆိုမှ ဘာဖြစ်လို့ ဟိုဘက်က တရားခံကို ပြန်ပြီး အမှုဖွင့် ခွင့်ပေးတာလဲ။ နောက်ပြီး တော့ တရားစီရင်ရေး စနစ်က ဘယ်လိုဖြစ်နေတာလဲ …

အဲဒီတော့ ကူညီတယ် ဆိုတဲ့ ကိစ္စမှာ မသန်စွမ်း အဖွဲ့အစည်းတွေ က ဒေသ တစ်ခုလုံး မှာ၊ မြန်မာနိုင်ငံ အနှံ့အပြားမှာ သူတို့က အဖွဲ့တွေ မဖွဲ့နိုင် ဘူး။ မသန်စွမ်း အဖွဲ့အစည်းတွေ မရှိဘူး။ ဘာကို အားကိုးရလဲဆိုတော့ အစိုးရကိုပဲ၊ ရဲဌာနကိုပဲ အားကိုးရတယ်။ အရပ်ဘက် အဖွဲ့အစည်း ဆိုတာ အကန့်အသတ် Level။ အဓိက ကတော့ အစိုးရကိုပဲ တိုက်တွန်းချင်တယ်။ ဒါမျိုး Case တွေဖြစ်လာရင် ဘယ်လို လုပ်မလဲ ဆိုတဲ့ Emergency ဌာနတွေ ဖွဲ့ဖို့ရယ်၊ National Plan အရ ဘယ်လို ကာကွယ်ဖို့ ရေးဆွဲမလဲ ဆိုတာ လုပ်စေချင်တယ်။

ငြမ်းမီဒီယာ – အခု အစီရင်ခံစာပါ အမှုတွေမှာ မသန်စွမ်း ဥပဒေအရ တကယ် အကာကွယ်ရခဲ့တာ တွေ့ရလား။

ကိုရဲဝင်း – ရိုက်မှုက (၄) မှုရှိတယ်။ ယောက်ကျားလေးတွေချည်းပဲ ရိုက်တာ။ (၄) မှုမှာ (၃) မှုက မသန်စွမ်းဥပဒေနဲ့ အမှုဖွင့်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အမှုဖွင့်ခွင့် မရဘူး။ ငြင်းပယ်တာပေါ့ ရဲစခန်းတွေက။ ပြီးတော့ ရိုက်မှုတွေ အကုန်လုံး က အပြန်အလှန် အမှုဖွင့်တာ။ တရားလို ကလည်း အမှုဖွင့်တယ်၊ တရားခံကလည်း အမှုဖွင့်တယ်။ ရဲစခန်းတွေရဲ့ ရပ်တည်ချက် ကို ကျွန်တော်တို့က မေးချင်တာ။ မသန်စွမ်းနဲ့ ဖြစ်ပါတယ်၊ ရိုက်လည်း ရိုက်ခံရပါတယ်၊ ဆေးစာ တွေ လည်း ပြပါတယ် ဆိုမှ ဘာဖြစ်လို့ ဟိုဘက်က တရားခံကို ပြန်ပြီး အမှုဖွင့် ခွင့်ပေးတာလဲ။ နောက်ပြီး တော့ တရားစီရင်ရေး စနစ်က ဘယ်လိုဖြစ်နေတာလဲ ဆိုတာ ပြန်ပြီး မေးခွန်း ထုတ်ချင်တယ်။ မသန်စွမ်းဖြစ်လို့ အရိုက်ခံရရင်၊ ဥပမာဆိုရင် အုပ်စုဖွဲ့ပြီး ရိုက်တာက (၃) မှုတွေ့ရတယ်။ ရိုက်မှု (၄) မှုမှာ မသန်စွမ်းကို အုပ်စုဖွဲ့ပြီးရိုက်တာ (၃) မှု တွေ့ရတယ်ဆိုတော့ ဒီလောက်ခိုင်လုံ နေတာကို။ မသန်စွမ်း တစ်ယောက်တည်း က ဒီ ၃၊ ၄ ယောက်ကို ဘယ်လို လုပ် ပြန်ပြီး ရိုက်နိုင်မှာလဲ။ ဒါပေမဲ့ ရဲစခန်းတွေ က ဟိုဘက်က တရားခံကို လည်း မသန်စွမ်းက ပြန်ရိုက် ပါတယ် ဆိုပြီး အမှုဖွင့်ခွင့် ပေးတယ်။ ရဲစခန်းနဲ့ တရားရုံး ကို မေးခွန်း ထုတ်ရမှာ။ ဒီဟာ ကို ဘာလို့ဖွင့်ခွင့် ပေးတာလဲ။ နောက် ဘာဖြစ်လို့ မသန်စွမ်းဥပဒေနဲ့ အမှုဖွင့်ခွင့် မပေးတာလဲ၊ အဲဒါမျိုးတွေ မေးခွန်းထုတ်စရာ အများကြီးရှိတယ်။

ငြမ်းမီဒီယာ – ဒါဆို မသန်စွမ်းဥပဒေကြောင့် မသန်စွမ်းသူတွေ ဘာအခွင့်အရေး၊ ဘာ အကာ အကွယ် တွေရတာ တွေ့ရလဲ။

ကိုရဲဝင်း – ပွင့်ပွင့်လင်းလင်း ပြောရရင် ရာဇဝတ်မှုရော၊ ပညာရေးရော၊ ကျန်းမာရေးရော ပြည့်ပြည့်၀၀ ဘာတစ်ခုမှ မရတာ တွေ့ရ တယ်။ ပညာရေး ဆိုရင် ပြဌာန်းထားတာက မသန်စွမ်းသူတွေကို ပညာသင်ခွင့်၊ ကျောင်းနေခွင့် ငြင်းပယ်ပိုင်ခွင့် မရှိ။ ငြင်းပယ်တဲ့ အစိုးရဝန်ထမ်း ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ထောင်ဒဏ် ချမှတ်ခံရမယ် ဆိုပြီးတော့။ ဒါပေမဲ့ အကုန် အခုထိ ငြင်းပယ်ခံ ရတုန်းပဲ။ ကျန်းမာရေးမှာ ဆိုရင်လည်း မတတ်နိုင်ရင် အခမဲ့၊ ဒါမှမဟုတ် တတ်နိုင်တဲ့ ကုန်ကျစရိတ်နဲ့ မသန်စွမ်း တွေကို ဆေးကုခွင့်ပေးရ မယ် ဆိုပြီးတော့။ ဆေးရုံမှာ အလကား ရတဲ့ဆေးတောင် မသန်စွမ်းတွေ က မရဘူး။ အဲဒီလိုမျိုး ဖြစ်နေတယ်။ ဒါက ကျန်းမာရေး။ ရာဇဝတ်မှု အရ ဆိုရင်တော့ ပြောမနေနဲ့ အမှု ဖွင့်ခွင့် တောင် မရဘူး။

ငြမ်းမီဒီယာ – မသန်စွမ်း ဥပဒေ အရ ဆိုရင် အဲဒါတွေကို လက်တွေ့အကောင်အထည်ဖော် ရမှာက အမျိုးသားကော်မတီ ဖြစ်နေ တယ်။ အမျိုးသား ကော်မတီမှာ မသန်စွမ်းအသင်းချုပ် ကိုယ်တိုင် လည်း ပါတယ်။ အဲဒီတော့ အမျိုးသားကော်မတီကြီးက ဘာဖြစ်လို့ ဒါတွေ ကို မလုပ်နိုင်တာလဲ။ ဘာအခက်အခဲတွေ ရှိနေလို့လဲ။

ကိုရဲဝင်း – အဓိက က အမျိုးသားကော်မတီက ကလေးသူငယ်အခွင့်အရေး ကော်မတီလိုမျိုးပဲ။ သူတို့က တစ်နှစ် တစ်ကြိမ် လောက်မှ အစည်းအဝေး ခေါ်မယ်ဆိုရင်တော့ အဆင်မပြေဘူး။ ဖြစ်စေချင်တာကတော့ (၃) လ တစ်ကြိမ်၊ (၆)လ တစ်ကြိမ် အစည်းအဝေး ခေါ်။ အစည်းအဝေး ခေါ်ပြီး ဖြစ်နေတဲ့ အခက်အခဲတွေ အကုန်လုံး၊ အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ ကို သူတို့လေ့လာရမယ်။ အစီရင်ခံစာ တွေပြုစုရမယ်။ လွှတ်တော်ကို တိုက်တွန်းရမယ်။ ပြီးရင် အစိုးရက အကောင်အထည်ဖော်အောင် လုပ်ရမယ်။ သူတို့က အဲဒါတွေ လုပ်ဖို့ အရမ်းလိုတယ်။ နောက်ပြီးတော့ အောက်ခြေက မသန်စွမ်းထုနဲ့ ထိစပ်ဖို့ ပိုပြီးလိုတယ်။ အောက်ခြေ နဲ့ မထိစပ်ဘဲ အစည်းအဝေးခေါ်၊ အယောင်ပြတာ၊ ပွဲတွေလုပ်တာ လောက်နဲ့က ဘာမှ ဖြစ်လာမှာ မဟုတ် ဘူး။ တကယ် အောက်ခြေ က သုတေသနတွေ အများကြီး လိုတယ်။ နောက်ပြီးတော့ ဌာန ဆိုင်ရာ အချင်းချင်း ချိတ်ဆက်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့ အားနည်းတာတွေ တွေ့ရတယ်။ အမျိုးသားကော်မတီ အနေနဲ့ မသန်စွမ်း သူတွေကို အကာအကွယ်ပေး နိုင်မယ့် National အဆင့် မူဝါဒရေးဆွဲဖို့ အလျှင်အမြန် လိုနေတယ်။ ရာဇဝတ်မှုတွေ၊ ပညာသင်ကြားခွင့်တွေ၊ ကျန်းမာရေး စောင့်ရှောက် မှုတွေ၊ အဆောက်အအုံ ဒီဇိုင်းတွေ၊ သွားရေးလာရေးကိစ္စတွေ၊ မသန်စွမ်းတွေ မှတ်ပုံတင်ရဖို့ကိစ္စတွေ၊ သက်သာတဲ့ နှုန်းထားနဲ့ ခရီးသွားလာခွင့်ကိစ္စတွေ၊ မသန်စွမ်းပစ္စည်းတွေ ကို နိုင်ငံခြားက တင်သွင်းတဲ့ အခါမှာ အခွန်ကင်းလွတ်ခွင့် ရဖို့ ကိစ္စတွေ၊ အများကြီးပဲ။ နေရာတိုင်းမှာ သူတို့လုပ်ရမယ့် တာဝန်တွေ အများကြီးပဲ။ အမျိုးသားကော်မတီက ကော်မတီ ဖွဲ့လိုက်ရုံနဲ့၊ အယောင်ပြ ရုံနဲ့ မရဘူး။ တကယ်အလုပ်လုပ်ရမယ့် ကိစ္စတွေ ပါနေတယ်။ လွှတ်တော်ကလည်း မသန်စွမ်း ရန်ပုံငွေကို ပြဌာန်းပေးရမယ်။ လူမှုဝန်ထမ်း အတွက် ပြဌာန်းပေးသလို အမျိုးသား ကော်မတီအတွက်လည်း ပြဌာန်းပေးဖို့လိုတယ်။ အဲဒီအချက်တွေ အများကြီးလိုတယ်။

ငြမ်းမီဒီယာ – ဒီအစီရင်ခံစာကနေ ဘာတွေကို အဓိက မီးမောင်းထိုးပြချင်လဲ။

ကိုရဲဝင်း – အဓိကတော့ ကျွန်တော်တို့ လွှတ်တော်ကို အကြံပေးတယ်။ အစိုးရကို အကြံပေး တယ်။ အစိုးရအောက်မှာ တစ်ခု ချင်းစီကို အသေးစိတ် အကြံပေးထားတယ်။ လူမှုဝန်ထမ်း၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ အသေးစိတ် အကြံပေးထား တယ်။ နောက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေ၊ မသန်စွမ်း အဖွဲ့အစည်းတွေ၊ ရပ်ရွာ လူထုတွေကို အကြံပေး ထား တယ်။ အဲဒီတော့ မီးမောင်း ထိုးပြချင်တာက ကျွန်တော်တို့စစ်တမ်းမှာ အကြံပြုတင်ပြ ချက်တွေ ကို စဉ်းစားပြီး တော့ နောင်လာမယ့် ဥပဒေတွေ၊ နိုင်ငံတော်အဆင့် မူဝါဒတွေကို ရေးဆွဲတဲ့ အခါမှာ ဒီဟာတွေကို ထည့်ပြီး ရေးဆွဲပေးနိုင်ရင် ကျွန်တော်တို့ မသန်စွမ်း သူတွေ အတွက် ပိုပြီးကောင်းမွန်မယ်လို့ ယုံကြည်တယ်။

ငြမ်းမီဒီယာ – အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,