မဟာလူမျိုးကြီး ဝါဒ ကို ကျင့်သုံးချင်တဲ့ NLD အစိုးရလို့ ပြောချင်ပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KSA / ကရင်နီပြည် လူငယ်များ သမဂ္ဂ ဗဟိုကော်မတီဝင်

ကျွန်တော်တို့ သွားတဲ့ အခါမှာ ရုန်းရင်း ဆန်ခတ်ဖြစ်အောင် သွားတာ မဟုတ်ဘူး။ ငြိမ်းချမ်းစွာနဲ့ သွားတယ်။ ရဲတွေက တားဆီးတယ်။ နံပါတ်တုတ်နဲ့ရိုက်တယ်။ ကျွန်တော့်ကို ကျင်စက်တွေနဲ့တို့တယ်။ ကျွန်တော်က အကြမ်းမဖက်ဘူး ဆိုတဲ့ လက္ခဏာနဲ့ လက်မြှောက်ပြီး ဝင်သွားတာ ကို နောက် ကနေ …

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ထား ရှိ မည့် အခြေအနေနှင့် ပတ်သက်၍ ဒေသခံ တိုင်းရင်းသား လူငယ်များက ၂၀၁၈၊ ဇူလိုင် (၃) ရက်နေ့ က လွိုင်ကော် တွင် ဆန္ဒ ထုတ်ဖော်မှု ပြုလုပ် ခဲ့သည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုု ပြုလုပ်ရာ တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြ သူများ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်။ အဆိုပါ အခြေအနေ များနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှု တွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကရင်နီပြည် လူငယ်များ သမဂ္ဂ ဗဟို ကော်မတီဝင် ကိုဖိလစ်(ခ) ကိုစိုးအောင် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ထားသည်။

ငြမ်းမီဒီယာ – လွိုင်ကော်မှာ ဆန္ဒထုတ်ဖော်ပွဲ ကို ဘာကြောင့် လုပ်ခဲ့တာလဲ။

ဖိလစ် – ပြည်နယ် အစိုးရ က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ကို ကျွန်တော်တို့ပြည်နယ် မှာ လူထု ဆန္ဒသဘောထား ကို ကောက်ခံတာ မရှိဘူး။ လွှတ်တော်ကို အစီရင်ခံစာ တင်တာ လည်း မရှိဘဲ အတင်း အဓမ္မ လုပ်တာပေါ့။ ကျွန်တော်တို့ ကယား ပြည်နယ် က အရင်က ကရင်နီပြည် လို့ခေါ်တာ။ သမိုင်းကြောင်းအရ သီးခြား လွတ်လပ်ခဲ့တယ်။ ဖဆပလ အစိုးရ က ကျူးကျော်ပြီး တော့ ကရင်နီပြည် ဟာ ဗမာနိုင်ငံရေး အစိတ်အပိုင်း တစ်ခု ဖြစ်လာတယ်။ ဒါကို ကျွန်တော်တို့ လူငယ်တွေက သမိုင်း ကြောင်း ကို သိထားတယ်။ ဒါကို အစိုးရ က ဗိုလ်ချုပ် ရုပ်တု ကို နိုင်ငံရေး အမြတ်မျှော်ကိုးပြီးတော့ တိုင်းရင်းသား ဒေသမှာ စိုက်ထူဖို့ ကြိုးစားတာ ကို ကန့်ကွက်တာ က ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက် ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဆန္ဒထုတ်ဖော်ပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာက ဘာကြောင့် ဖြစ်ခဲ့တာလဲ။

ဖိလစ် – ကျွန်တော်တို့ က လွှတ်တော်ဝိုင်းထဲမှာ ရှိတဲ့ ဟစ်တိုင်ကို သွားဖို့ ရဲတွေကို ပြောတယ်။ သူတို့ကလည်း အစိုးရနဲ့ ညှိပေးပါတယ်။ ဒါပေမဲ့ သွားလို့ မရဘူး။ အစိုးရရုံးနဲ့ လွှတ်တော်ရုံးရှေ့ ဖြတ်သွားရမှာ ဖြစ်တဲ့ အတွက် သွားခွင့် မပေးဘူး။ ဒေသန္တရ အမိန့်နဲ့ အစိုးရ ရုံးရှေ့မှာ ဆန္ဒပြခွင့် မရှိဘူးလို့ အမိန့် ထုတ်ထားတယ်လို့ ပြောတယ်။ ကျွန်တော်တို့ ကလည်း ပြန်ပြောတာက ကျွန်တော်တို့ သွားတာ ဆန္ဒပြဖို့ သွားတာ မဟုတ်ဘူး။ ဟစ်တိုင်ကို သွားမယ်။ ဟစ်တိုင်မှာ ကျွန်တော်တို့ရဲ့ ဆန္ဒကို ဖွင့်အန်မယ် လို့ပြောတာကို ရဲက လုံး၀ ခွင့်မပြုဘူး။ ကျွန်တော်တို့လည်း နှစ် နာရီ သုံး နာရီလောက် စောင့်နေတော့ ပါလာတဲ့ လူငယ်ထုတွေက စိတ်မရှည် တော့ဘူး။ အတားအဆီးတွေ ကို ဖြတ်ပြီးသွားဖို့ ပြောလာ တယ်။

ကရင်နီ   ပြည်ကို ကိုယ်စား မပြုတဲ့ ခေါင်းဆောင်ကြေးရုပ် ကို ကျွန်တော်တို့ တစ်သက်လုံး လက်ခံရမယ်။ အဲလို မဖြစ်နိုင်ဘူး။ကျွန်တော်တို့ရဲ့ နိုင်ငံရေးက …

ကျွန်တော်တို့ သွားတဲ့ အခါမှာ ရုန်းရင်း ဆန်ခတ်ဖြစ်အောင် သွားတာ မဟုတ်ဘူး။ ငြိမ်းချမ်းစွာနဲ့ သွားတယ်။ ရဲတွေက တားဆီး တယ်။ နံပါတ်တုတ်နဲ့ ရိုက်တယ်။ ကျွန်တော့်ကို ကျင်စက်တွေနဲ့တို့တယ်။ ကျွန်တော်က အကြမ်းမဖက်ဘူး ဆိုတဲ့ လက္ခဏာနဲ့ လက်မြှောက်ပြီး ဝင်သွားတာ ကို နောက် ကနေ ဝိုင်းဖမ်းပြီး ကျဉ်စက်တွေနဲ့တို့ပြီး ဖမ်းသွား တယ်။ အဓိက ရုန်းရင်း ဆန်ခတ် ဖြစ်ရတာက ရဲတွေက အဲလမ်းကြောင်း ကို ကျွန်တော်တို့ ကို ပေးမဖြတ်ဘူး။ ကျွန်တော်တို့ လူငယ်စုတွေက လည်း သွားကို သွားမယ်လို့ လုပ်ကြတယ်။ နောက်ပြီး ဟစ်တိုင် ဆိုတာ က လည်း ကိုယ်ရဲ့ ဆန္ဒတွေ ကို ရင်ဖွင့်တဲ့နေရာ ဖြစ်တယ်။ ဒါကို သွားတဲ့အခါ ရဲက ခွင့်မပြုဘူး။ ကျွန်တော်တို့ကို အကြမ်းဖက် တယ်။

ငြမ်းမီဒီယာ – သွားခွင့်မပြုလို့ ပိတ်မိနေတဲ့ အချိန်မှာ ဝန်ကြီးချုပ်ကို ဖြုတ်ချရေး ဆိုပြီး အော်ဟစ် တောင်းဆို နေတာကိုလည်း တွေ့ရတယ်။ အဲဒါကရော ဘယ်လို အခြေအနေလဲ။ ဆန္ဒပြတဲ့ ခေါင်းစဉ်မှာ အဲဒါပါလို့လား။

ဖိလစ် – ပြည်နယ် အစိုးရကို မလိုလားတဲ့ လူငယ်တွေ ရှိတယ် ပေါ့နော်။ ဒီဟာက စိတ် ခံစားချက် အရ ဖြစ်လာတဲ့ ကိုယ်ပိုင်ခံစားချက် တစ်သီးပုဂ္ဂလ ခံစားချက်ပဲ ဖြစ်လို့ အော်ဟစ် တောင်းဆိုတာ ဖြစ်ပါမယ်။ ကျွန်တော်တို့ရဲ့ ဆန္ဒပြရတဲ့ ရည်ရွယ်ချက် ထဲမှာလည်း အစိုးရကို ဖြုတ်ချ ဖို့ တို့ ဝန်ကြီးချုပ် ကို ဖြုတ်ချဖို့တို့ မပါပါဘူး။ ဗိုလ်ချုပ်ကြေးရု ပ်ကို ကန့်ကွက်မယ်။ ဟစ်တိုင်မှာ ကျွန်တော်တို့ ဆန္ဒတွေကို သွားဖော်ထုတ် မယ် ဆိုတာပဲ ရှိပါတယ်။

ငြမ်းမီဒီယာ – ကယားမှာ ဗိုလ်ချုပ်ကြေးရုပ်တု တည်ဆောက်မယ့် ကိစ္စ ကန့်ကွက်မှု ကို ထောက်ခံသူတွေ ရှိသလို ဒီဆန္ဒထုတ်ဖော်မှု က နောက်ကွယ်ကနေ နိုင်ငံရေးအရ ပါဝင် ပတ်သက်မှုတွေလည်း ရှိမယ်လို့ ဝေဖန်မှုတွေလည်း တွေ့ရပါတယ်။ ဘယ်လို တုံ့ပြန်ပြောချင်ပါလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဖိလစ် – နောက်ကွယ်ကနေ နိုင်ငံရေးအကျိုး မျှော်ကိုးပြီးတော့ လုပ်တယ် လို့ စွပ်စွဲ လာရင် တော့ ကျွန်တော်တို့ ကိုယ်တိုင်က နိုင်ငံရေး အကျိုးအမြတ် မျှော်ကိုးပြီးတော့ကို လုပ်တာ။ ဥပမာပြောရရင် နောင်လာမယ့် ကျွန်တော်တို့ ပြည်နယ်မှာ ကရင်နီ   ပြည်ကို ကိုယ်စား မပြုတဲ့ ခေါင်းဆောင်ကြေးရုပ် ကို ကျွန်တော်တို့ တစ်သက်လုံး လက်ခံရမယ်။ အဲလို မဖြစ်နိုင်ဘူး။ကျွန်တော်တို့ရဲ့ နိုင်ငံရေးက ကျွန်တော်တို့ရဲ့ အမျိုးသားရေး အမှတ်သရုပ်တွေ အမျိုးသား ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်တုတွေ ရှိစေချင်တယ်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ဆွေးနွေးညှိနှိုင်းပြီး ယုံကြည်မှု တည်ဆောက်နေတဲ့ အခါမှာ အစိုးရက အတင်း အဓမ္မ ဒီလို ရုပ်တုတွေ လုပ်ဖို့ လုပ်တာက အမျိုးသားရင်ကြားစေ့ ရေး ကို ပျက်စီးစေတဲ့ အပြင် …

ကျွန်တော်တို့ရဲ့ အမျိုးသားရေး အမှတ် သရုပ်တွေ ရိုးရာယဉ်ကျးမှုတွေ ကို ထိန်းသိမ်း ချင်တာ က ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရည်ရွယ် ချက် လို့ ပြောလို့ရတယ်။ ဗိုလ်ချုပ်ကြေးရုပ် အတင်းလုပ်တာ က လူမျိုးကြီး ဝါဒလည်း ဖြစ်သလို ဗိုလ်ချုပ်ကြေးရုပ် ဆို ကတည်းက ဒါက စစ်ဝါဒလည်း ဖြစ်ပါတယ်။ နောက်တစ်ခု က ကျွန်တော် တို့ ကို ထောက်ခံတဲ့ ပြည်မက လူတွေ ရှိ တယ်။ ဒါက လည်း ကျွန်တော်တို့ နဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေ က လည်း ဖြစ်နိုင်သလို အချို့က ကျွန်တော်တို့ရဲ့ ပြည်နယ် သမိုင်းကြောင်း ကို ထဲထဲ ဝင်ဝင် လေ့လာထားတဲ့ သူတွေ ကရင်နီ သမိုင်းကို သိထားတဲ့ သူတွေ က ထောက်ခံ တယ် လို့ ထင်ပါတယ်။ ကျွန်တော် ဖြစ်စေချင် တာက တော့ ကျွန်တာ်တို့ဒေသမှာ ကျွန်တော် တို့ ခေါင်းဆောင်တွေ ရှိတယ်။ အခြား လူမျိုးတွေရဲ့ လူမျိုးကြီး ဝါဒကို သွပ်သွင်းတာ ကို ဖယ်ရှား ချင်တာ က ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ပါ။

ငြမ်းမီဒီယာ – တရားရုံးကနေ ပုဒ်မ ၅၀၅(ခ) (ဂ)တွေနဲ့ ဆင့်ခေါ်ထားတယ်လို့ သိရတယ်။ အဲဒါကရော ဘာအတွက်လဲ။

ဖိလစ် – ကျွန်တော်တို့ က ဗိုလ်ချုပ်ကြေးရုပ် ကို ကန့်ကွက်တယ် ဆိုတဲ့ စာကို ဖြန့်တယ်။ ဒီစာထဲမှာ က လည်း ကရင်နီ သမိုင်း ကြောင်းတွေ ထည့်ရေး ထားတယ်။ နောက်ပြီးတော့ ဗိုလ်ချုပ်ကြေးရုပ် ကို မလုပ်သင့် ဘူး ဆိုတာတွေ ကို ထည့်ရေး ထားတယ်။ အဲဒီစာကို ကယားပြည်နယ်ရဲ့ မြို့တော်တွေက အများပြည်သူသိအောင် လိုက်ဖြန့်တယ်။ အဲလို ဖြန့်တဲ့ အပေါ် မှာ အာဏာပိုင်တွေ က ပိတ်ပင်တာဆီးမှု တွေရှိတယ်။ စောင့်ကြည့်ပြီး ဒီလို တရားစွဲဖို့ဖြစ်လာတာပါ။

ငြမ်းမီဒီယာ – ဗိုလ်ချုပ်ကြေးရုပ်တု ကို မလိုလားဘူးလို့ ဆန္ဒပြပေမယ့် သက်ဆိုင်ရာ က ဆက်ပြီး တည်ဆောက်မယ် ဆိုရင်ရော ဘာတွေ ဆက်ပြီး လုပ်ဖို့ရှိလဲ။

ဖိလစ် – ကျွန်တော်တို့လူငယ်တွေက ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေ ဆက် လုပ် သွားမယ်။ လှုပ်ရှားမှုတွေ လုပ်နေပေမယ့် အစိုးရက အတင်းလုပ် လာရင်တော့ ကျွန်တော်တို့ ဘာမှ မတတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ လက်မခံ ကြောင်း မကြိုက်ကြောင်း ပြ ရလိမ့်မယ်။ အစိုးရက အတင်းအကြပ် လုပ်လာ ရင်တော့ အစိုးရ အနေနဲ့ ရုပ်တု လုပ်ခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေ အတွက် တာဝန် ခံရလိမ့်မယ်။ ကယားပြည်နယ် သမိုင်းမှာ အစိုးရ က သမိုင်းဆိုးနဲ့ ကျန်ခဲ့မယ်လို့ပဲ ပြောချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စစ်တပ်ကိုဆို ပိုလို့တောင် မလိုလားဘူး။ စစ်တပ် ထောက်ခံပွဲ ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ သို့သော် လည်း စာတစ်တန် ပေတစ်တန် ထုတ်ပြန်တာတော့ မရှိခဲ့ဘူး။ နောက်ပြီးတော့ NCA ထောက်ခံပွဲ လုပ်တာ က လည်း မသိ နားမလည်တဲ့ ကျေးရွာ လူထု က ရွာသားတွေ ကို ခေါ်ပြီးတော့ ခေါင်းဆောင်တွေ ဘာသာရေး ခေါင်းဆောင်တွေ စည်းရုံးပြီးတော့ …

ငြမ်းမီဒီယာ – ဒီဆန္ဒပြဖို့တရားဝင် အကြောင်းကြားခဲ့လား။

ဖိလစ် – ဥပဒေအရ ဆန္ဒပြမယ် ဆိုရင် ဥပဒေအရ အကြောင်းကြားရမယ် ဆိုတော့ ကျွန်တော် တို့ အကြောင်းကြားတယ်။ သွားမယ့် လမ်းကြောင်း ကို အကြောင်း ကြားတယ်။ အစိုးရရုံး ရှေ့၊ နောက်လမ်းတွေ ကို ဖြတ်လို့ မရဘူး လို့ အမိန့် ထုတ်ထားတာရှိတယ်။ ကျွန်တော်တို့ကလည်း အဲဒါကို သိတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း စာ တင် ထား တယ်။ ဟစ်တိုင်ကို သွား မယ်လို့ ပါတယ်။ ဟစ်တိုင်ဆိုတာ က ပြည်သူ့ ဆန္ဒတွေ ကို ထုတ်ဖော်တဲ့ နေရာပဲ ပြည်သူက သွားခွင့် မရဘူးဆိုတော့ ဟစ်တိုင်ကို သွားဖို့ တောင်းဆို ရင်း က လူငယ်တွေ က စိတ်မရှည် တော့ဘဲ ငြိမ်းချမ်းစွာနဲ့ ရှေ့တိုးတော့ ရိုက်နှက်တာ တွေ ရှိတယ်။ အချို့လူငယ်တွေ က လည်း ဒေါသဖြစ်တော့ ပြန် ခုခံတာ တွေရှိတယ်။ ဒါကြောင့် ရုန်းရင်ဆန်ခတ် ဖြစ်သွားတာပါ။

ငြမ်းမီဒီယာ – ကယားမှာ NCA ကို ထောက်ခံပွဲ လုပ်ခဲ့သလို သိပ်မကြာသေး ခင်ကပဲ တပ်မတော် ကို ထောက်ခံပွဲ လုပ်ခဲ့တယ်။ အခု ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အလိုမရှိကြောင်း ဆန္ဒပြ ကြတယ်။ ကိုဖိလစ်တို့ အနေနဲ့ တပ်မတော် ထောက်ခံပွဲ လုပ်သူတွေနဲ့ ပတ်သက်နေလား။

ဖိလစ် – တပ်မတော်ထောက်ခံပွဲနဲ ကျွန်တော်တို့နဲ့ ပတ်သက်မှု မရှိပါဘူး။ ကျွန်တော်တို့က လက်ရှိအစိုးရရဲ့ လုပ်ရပ်တွေ ကိုတောင် အမြဲတမ်း ထောက်ပြနေတာ ဆိုတော့ အစိုးရ ကို သိပ်မလိုလားတဲ့ အဖွဲ့တွေ ဖြစ်တယ် ဆိုတော့ စစ်တပ်ကိုဆို ပိုလို့တောင် မလိုလားဘူး။ စစ်တပ် ထောက်ခံပွဲ ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ သို့သော်လည်း စာတစ်တန် ပေတစ်တန် ထုတ်ပြန် တာတော့ မရှိခဲ့ဘူး။ နောက်ပြီးတော့ NCA ထောက်ခံပွဲ လုပ်တာ က လည်း မသိ နားမလည်တဲ့ ကျေးရွာ လူထု က ရွာသားတွေ ကို ခေါ်ပြီးတော့ ခေါင်းဆောင်တွေ ဘာသာရေး ခေါင်းဆောင်တွေ စည်းရုံးပြီးတော့ အစိုးရ အကူအညီနဲ့ ငြိမ်းချမ်းရေး ထောက်ခံပွဲ လုပ်သွား တယ်။ ဒီအပေါ်လည်း တက်ကြွ လှုပ်ရှားတဲ့လူငယ် အသင်းအဖွဲ့တွေ က ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပါတယ်။ အခု ကျွန်တော်တို့ လုပ်တဲ့ပွဲမှာ တပ်မတော် ထောက်ခံပွဲ လုပ်သူ တွေ ငြိမ်းချမ်းရေး ထောက်ခံပွဲ လုပ်သူတွေ မပါ ပါဘူး။ အခု ဆန္ဒပြ တာက ဌာနေ တိုင်းရင်း သား ဥပမာ ကယန်းပါတယ်၊ကယော ပါတယ်၊ ကော်ယော် (မိုနူမနော) ပါတယ်၊ ဂေးပါး၊ ပကူးကရင်၊ ယင်းတလဲ စတဲ့ ဌာနေ တိုင်းရင်းသား လူငယ်တွေ ပါတာပါ။ တိုင်းရင်းသား လူငယ်တွေ စုလုပ်တာ ဖြစ်တဲ့အတွက် တပ်မတော် ထောက်ခံပွဲက လူတွေနဲ့ ဘာမှ မပတ် သက် ပါဘူး။

ငြမ်းမီဒီယာ – မွန်ပြည်နယ် ချောင်းဆုံမှာ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတား လို့ အမည်ပေးခဲ့လို့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ခဲ့ပါတယ်။ အခုလည်း ကယားလွိုင်ကော်မှာ ဗိုလ်ချုပ်ရုပ်တုကိစ္စ ဆန္ဒပြကြ တယ် ဆိုတော့ အာဏာရ NLD အစိုးရကို တိုင်းရင်းသား လူငယ် တစ်ယောက် အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖိလစ် – အခုလိုမျိုး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ဆွေးနွေးညှိနှိုင်းပြီး ယုံကြည်မှု တည်ဆောက်နေတဲ့ အခါမှာ အစိုးရက အတင်း အဓမ္မ ဒီလို ရုပ်တုတွေ လုပ်ဖို့ လုပ်တာက အမျိုးသားရင်ကြားစေ့ ရေး ကို ပျက်စီးစေတဲ့ အပြင် ဗိုလ်ချုပ်ရဲ့ ကတိကဝတ် ဗိုလ်ချုပ်ရဲ့ လမ်းစဉ် တွေ ဖြစ်တဲ့ ရှမ်း တစ်ကျပ် ဗမာ တစ်ကျပ် တို့ အမျိုးသား တန်းတူရေး တို့ ကို ဆန့်ကျင်ဘက် ပြုရာ ရောက်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ကြေးရုပ် ကို ပဲ လိုလားပြီးတော့ ဗိုလ်ချုပ်ရဲ့ လမ်းစဉ် ဗိုလ်ချုပ်ရဲ့ မူဝါဒတွေ ကို မလိုက်နာလိုတဲ့ မဟာလူမျိုးကြီး ဝါဒ ကို ကျင့် သုံးချင် တဲ့ NLD အစိုးရ လို့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖိလစ် – ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား လူနည်းစုတွေရဲ့ အသံကို နားထောင်ဖို့ လိုတယ်။ ကျွန်တော်တို့ တိုင်းရင်းသား ဒေသတွေမှာ လာပြီးတော့ အာဏာနဲ့ ဗိုလ်ကျတဲ့ အစိုးရပဲ ဖြစ်ဖြစ် တပ်မတော်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းရင်း သားတွေ မလိုလား ပါဘူး။ တကယ့်ဖက်ဒရယ် ဒီမိုကရေစီကို သွားချင်တယ်။ အမျိုးသား ရင်ကြားစေ့ရေး ကို လိုချင်ရင် တိုင်းရင်းသား လူနည်းစု အသံကို နားထောင်ပါလို့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,