မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတား ပြင်ဆင်ခြင်းစတင်၊ သြဂုတ်(၂၀)အပြီး လုပ်ဆောင်မည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Ministry Of Construction

မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတားနေရာတွင် သုံးလွှာတစ်ထပ် အရှည်(၂၁၀)ပေ နှစ်လမ်းသွား ဘေလီ တံတားတည်ဆောက်ရန် သံဘောင်များတပ်ဆင်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သြဂုတ်(၁၈)၊၂၀၁၉၊ရန်ကုန်

သံဘောင်များတပ်ဆင်ခြင်းလုပ်ငန်းကို သြဂုတ်လ(၁၇)ရက်နေ့၊မွန်းလွဲ၊ သုံးနာရီခွဲတွင်စတင်တပ်ဆင်ခြင်းဖြစ်ပြီး ပျက်စီးသွားသော ဂုတ်တွင်းတံတားနေရာတွင် လမ်းပန်းဆက်သွယ်မှု မပြတ်တောက် စေရန်နှင့်ယာဉ်များ ပုံမှန်သွားနိုင်ရန်၊ ယာယီဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းအား သြဂုတ်လ(၂၀)ရက်နေ့တွင် ပြီးစီးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

ယာယီဘေလီတံတားတည်ဆောက်နေချိန်ကာလအတွင်မည်သည့်ယာဉ်ကိုမျှဖြတ်သန်းသွားလာခွင့် မပြုကြောင်း ခရီးသွားမိဘပြည်သူများ အား အသိပေးကြေညာထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဂုတ်တွင်းလမ်းပိုင်း ယာယီဘေလီတံတားတည်ဆောက်နေစဉ် ကာလအတွင်းလားရှိုးမြို့နှင့် နောင်ချိုမြို့မှခရီးသွားမိဘပြည်သူများ အနေဖြင့် (၉)မိုင်လမ်းခွဲ-နမ့်လန်-နောင်ဝိုး-ကျောက်ဂူသို့ ယာဉ်ငယ်များ(၁၃ တန်အထိ)ဖြတ်သန်း သွားလာနိုင် သည်ဟုဆိုသည်။

ဂုတ်တွင်းတံတားအား ရှောင်ကွင်းသွားလာနိုင်သည့် လမ်းပိုင်းများ၏ အကွာအဝေးနှင့်ကြာချိန်(ပုံ- ၄)ကိုလည်း အများပြည်သူ အား အသိပေးကြေညာထားသည်။

ဂုတ်တွင်းတံတား ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တံတားပျက်စီးမှုကြောင့် ဖြတ်သန်းသွားလာမှုများ ပြုလုပ်၍ မရတော့ကြောင်း နယ်စည်းမခြား ပရဟိတ(သီပေါ)ဥက္ကဌ ဦးကိုမျိုးက သြဂုတ်လ(၁၅)ရက်နေ့က ငြမ်းမီဒီယာသို့ပြောကြားထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) တရုတ်ပြည်နှင့်ကုန်သွယ်သည့်လမ်းတွင် ဂုတ်တွင်းတံတားသည်အချက်အချာ အကျဆုံးဖြစ်ပြီး တရုတ်ပြည်မှ လာသောကားကြီးများသည်လည်း ဂုတ်တွင်းတံတားမှဖြတ်သန်းကြ သည်ဟု ကျောက်မဲမြို့ အခြေစိုက်ပရဟိတ အသင်းတာဝန်ရှိသူ တစ်ဦးက ငြမ်းမီဒီယာသို့ပြောသည်။

ယင်းအပြင်မန္တလေးမှ တရုတ်သို့ တင်ပို့သည့်ကုန်စည်အားလုံးမှာလည်း ဂုတ်တွင်းတံတားမှ ဖြတ်သန်းသွားကြသည်ဟု ၎င်းကဆိုသည်။

ဂုတ်တွင်တံတားသည် သြဂုတ်လ(၁၅)ရက်နေ့က မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။