မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတား ပြန်လည်ပြုပြင်ဖွင့်လှစ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဆောက်လုပ်ရေးဝန်ကြီးဌာန

သြဂုတ်လ(၁၅)ရက်နေ့ကမိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတားအား ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီး၍ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်းဆောက်လုပ်ရေး ဝန်ကြီါ်ဌာနက ယနေ့သတင်းထုတ်ပြန်သည်။

သြဂုတ်(၂၀)၊၂၀၁၉၊ရန်ကုန်

ပြည်သူများထံ အသိပေး တင်ပြထားသည့် အတိုင်း(၅)ရက်ဖြင့် တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါလုပ်ငန်းခွင်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း/တံတား အင်ဂျင်နီယာများနှင့်ကျွမ်းကျင်လုပ်သား နှစ်ရာကျော် တို့က နေ့/ည မပြတ် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တရုတ် -မြန်မာကုန်သွယ်ရေးတွင်အရေးပါသည့် ဂုတ်တွင်းတံတားကို AA၊TNLA၊MNDAA လက်နက်ကိုင်အဖွဲ့များက မိုင်းခွဲဖျက်ဆီး ခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ(၂၀)ရက်နေ့ နေ့လည်တစ်နာရီတွင်စတင် အသုံးပြုနေပြီဖြစ်သောဂုတ်တွင်းတံတား


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။