မိုးရွာနေတုန်းအတွေး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / လူ့ဘဝတွင်ဘယ်အရွယ်ကစိတ်ကျေနပ်စရာကောင်းလဲဟု မေးလျင်ဖြေရန်ခက်သည်။

အဘွားက သူချက်ထားတဲ့ ဟင်းလေးတွေကို နွေးအောင်နွှေး၍ ကျွန်တော်တို့ကို ထမင်း ကျွေးလေ့ရှိသည်။ အမဲသားဆီပြန်ခပ်စပ်စပ်နှင့် ချဉ်ပေါင်နှင့် မျှစ်ရောချက်သည့်ချဉ်ဟင်းပူပူနွေးနွေးကို ဝမ်းဟာဟာဖြစ်နေသည့် အချိန်စားရသည်မှာ အလွန်အရသာရှိပေသည် …

တရုတ်ပညာရှိကျန်းကျောက်က စာအုပ်ဖတ်ခြင်းနှင့် ပတ်သက်၍ သည်လိုပြော ဖူးသည်။ ဂန္တဝင်ကို ဆောင်းတွင်းမှာဖတ်။ ဆောင်းတွင်းသည် စိတ်ပျံ့လွှင့်ခြင်းကင်းပြီး တည်ငြိမ်သည့်အတွက် ကြောင့်ဟုဆိုသည်. ဒဿနကို ဆောင်းဦးပေါက်မှာ ဖတ်။ ဆောင်းဦးပေါက်သည် နှစ်သက်စဖွယ် စိတ်ကူးတွေကို ဖြစ်စေသည်။ ခေတ်ပေါ် စာပေကို နွေဦးပေါက်မှာ ဖတ်ဟု ဆိုသည်။ သမိုင်းကိုတော့ နွေရာသီမှာဖတ်။ နွေရာသီသည် နေ့တာ ရှည်လျာပြီးအချိန် များများ ရလို့ဟု ပညာရှိ ကျန်းကျောက် က ဆိုသည်။ သည်စာကို ဆရာမြသန်းတင့်၏”လမင်းကို ထရံပေါက်မှ ချောင်းကြည့်ခြင်း” စာအုပ်မှဖတ်ဖူးမှတ်ဖူးခြင်းဖြစ်သည်။

လေတိုက်ပြီး ကြွေလာတဲ့ သရက်သီးချဉ်ချဉ်စုပ်စုပ်ကို တရှိုက်မက်မက်စားသည်။ရသလောက် သရက်သီးက ကျွန်တော်တို့ ကလေး တစ်အုပ် အတွက် မလောက်င။ဆာလို့ စာခြင်းမဟုတ်။ပျော်လို့စားခြင်းသာ …

ရာသီဥတုသည် လူတွေ၏ စိတ်အပြောင်အလဲ ကို ဖြစ်စေသည် ပါလားဟု ကျွန်တော် တွေးမိရင်း ဆရာမြသန်းတင့်၏ စာကို ဖျတ်ခနဲ သတိ ရမိလိုက် ခြင်းဖြစ်သည်။ သည်နေ့ အလုပ်ခန်းထဲကနေ အပြင်ကို ကြည့်မိသည်။ မိုးတော်တော် ကောင်းသည်။ မိုးရေစက်တွေ ကြည့်ရင်း စိတ်ထဲအေးမြလန်းဆန်းသွားသည်။ မိုးရေထဲကဖြတ်လာသော လေကလည်း သန့်စင်လို့။ လေရှုရတာကောင်းသလို လူလည်း နေသာထိုင်သာ ရှိသလို ခံစားရသည်။ မိုးရွာတော့ လွမ်းသလိုလို ရှိလာသည်။ အိမ်ကို လွမ်းသလိုလို။ သမီး နှစ်ယောက်ကို လွမ်း သလိုလို။

ကျွန်တော့်သမီးကြီးကမိုးရွာလျင်မိုးရေချိုးချင်သည်ဟု ပူဆာဖူးသည်။ ဖေဖေတို့အဆင်ပြေတဲ့ တစ်နေ့ချိုးကြတာပေါ့ဟုသာ ကျွန်တော် ပြောခဲ့ဖူးသည်။ သည်နေ့ ထိတော့မချိုးဖြစ်ပေ။ မိုးရေချိုးလိုက်လို့ သူဖျားနာသွားမှာကို စိုးရိမ်သည်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ မိုးရွာလျင်မိုးရေထဲလျောက်ပြေးသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လေတိုက်ပြီး ကြွေလာတဲ့ သရက်သီးချဉ်ချဉ်စုပ်စုပ်ကို တရှိုက်မက်မက်စားသည်။ ရသလောက် သရက်သီးက ကျွန်တော်တို့ ကလေးတစ်အုပ်အတွက် မလောက်င။ဆာလို့စာခြင်းမဟုတ်။ပျော်လို့စားခြင်းသာဖြစ်မည်။

မိုးရွာလျင်အလိုလိုပျော်နေသည်။ တခါတလေ မိုးအရမ်းရွာပါစေဟု တောင် ဆုတောင်းမိသည်။ မိုးအရမ်းရွာလို့ ရေကြီးလာလျင် အိမ် က ကျောင်းကို မလွှတ်တော့။မိုးရေထဲ ကျောင်းသွားရသည်ထက် မိုးရေထဲ ဆော့ကစားရသည့် အခြေအနေကို ပိုအလိုရှိ သည်။ မိုးရွာလျင် အိမ်နှင့်မလှမ်းမကမ်းမှာ ရှိသည့် ဘောလုံးကွင်းထဲ သွားသည်။ဘောလုံးကွင်းဆိုသော်လည်း တကယ့် ဘောလုံး ကွင်း အရွယ်အစား တော့မဟုတ်။ကျွန်တော်တို့ကလေး တစ်သိုက် ဆော့ကစားရုံလောက်သာ ကျယ်သည်။ ထိုဘောလုံး ကွင်းထဲမှာ ရွံ့တွေနှင့်လူး ကစား သည်။ ရွံ့တွေနှင့် တစ်ယောက်ကို တစ်ယောက် ပစ်ပေါက်ကစားကြသည်။

အနေသင့် ထောင်းပြီးလျင် ကျိုထားသော ငပိရည်ပူပူထဲတွင် ရောသမအောင်မွှေတော့ပါသည်။ ငပိရည်ကျိုအနံ့သည် လွန်စွာမှ သင်းပျံ့လာပါသည်။ အဘွား၏ငပိရည်ကျိုသည်ကျွန်တော်တို့ ညီအစ်ကိုများအတွက် စားချင်စဖွယ် ဟင်းတစ်ခွ က်ဖြစ်ပါသည်။ဘယ်တော့ …

မိုးလည်းတိတ်ပြီ။ ကစားလို့ဝလို့ အိမ်ပြန်လျင် ရင်တထိတ်ထိတ်နှင့်အမေနှင့်တွေ့လျင်ဆော်ပလော် တီးခံရမည်သာဖြစ်သည်။ ဘယ်လောက် ဆော်ပလော်တီးခံရခံရ ဘယ်တော့မှမမှတ်ပေ။ မိုးရွာလျင်ပြေးလွှားဆော့ ကစားဖို့ဉာဏ်နီ၊ ဉာဏ်ပြာ အကုန် ထုတ်သည်။မိုးရေထပြေးလွှား ဆော့ကစားရသည်က အရိုက်ခံရတာ ထက် ပိုကောင်းသည်ဟု ခံယူသည်လားမသိ။ ကျွန်တော် တို့ကဆော့မြဲ။ အမေက လည်းရိုက်မြဲပင်။ဆော့ကစားပြီးပြန်လာတိုင်း ဝမ်းက ဟာနေသည်။ ထိုအချိန် ဆိုလျင်အဘွားက သူချက် ထားတဲ့ ဟင်းလေးတွေကို နွေးအောင်နွှေး၍ကျွန်တော်တို့ကို ထမင်း ကျွေးလေ့ရှိသည်။ အမဲသားဆီပြန်ခပ်စပ်စပ်နှင့် ချဉ်ပေါင် နှင့် မျှစ်ရောချက်သည့်ချဉ်ဟင်းပူပူနွေးနွေးကို ဝမ်းဟာဟာဖြစ်နေသည့် အချိန်စားရသည်မှာအလွန်အရသာရှိပေသည်။ အဘွား သည် ဟင်းချက် လက်ရာ ကောင်းသူဖြစ်သည်။

အဘွား ကျိုသည့် ငပိရည် ကျိုုသည်လည်း အလွန် ကောင်းပါသည်။ငပိကိုလည်း ကိုယ့်ဘာသာ အိမ်တွင် တည်သူဖြစ်သည်။ အပြင်က ဝယ်စားသည်က နည်းပါသည်။သူ့ငပိရည်ကျိုတွင် ပါဝင်သော ပစ္စည်းများကို ကျွန်တော် အခုထက်ထိ မှတ်မိ သေးပါသည်။ အဘွား သည် ငပိရည်ကျိုလျင် ငါးရံ့အနေတော်တော် ခပ်လတ်လတ်တစ်ကောင်ကို အမြဲကင်ပါသည်။ ပြီးလျင် ထိုကင်ထားသော ငါး အသား များ ကိုခြွေပါသည်။ ခရမ်းချဉ်သီး အနေတော်အရွယ် တစ်လုံးနှင့်ကြက်သွန်နီဥ အလုံးကြီးကြီး တစ်လုံးကို မီးဖုတ်ပါသည်။ငရုတ်သီး စိမ်းတောင့် လက်တစ်ဆုပ် သာခန့်ခန့်ကို အညှောင့်များဖြတ်၍  ကြက်သွန်ဖြူနှင့် ရောကာ အိုးပူပေး ပါသည်။ထို့နောက် ပုဇွန် ခြောက် သင့်ရုံဖြင့်၊ မီးဖုတ်ထားသော ကြက်သွန်နီ၊ခရမ်းချဉ်သီးနှင့်ငရုပ်သီးစိမ်းတို့အား ဆုံထဲရော၍ ထောင်းပါသည်။ အနေသင့် ထောင်းပြီး လျင်ကျိုထားသောငပိရည်ပူပူထဲတွင်ရောသမအောင် မွှေတော့ပါသည်။ ငပိရည်ကျို အနံ့သည် လွန်စွာမှ သင်းပျံ့လာ ပါသည်။ အဘွား၏ ငပိရည်ကျိုသည် ကျွန်တော်တို့ ညီအစ်ကို များအတွက် စားချင်စဖွယ် ဟင်းတစ်ခွက်ဖြစ်ပါသည်။ ဘယ်တော့ စားစား၊ ဘယ်အချိန် စားစားရိုးသွားသည် မရှိသော လက်ရာကောင်း ဟင်းတစ်ခွက်ဖြစ်ပါသည်။

ငယ်စဉ်ကဘဝသည် မိဘဘိုးဘွားများက ချက်ကျွေေးသာ ထမင်းကိုစား၊ ကစားချိန်တန် ကစား၊ကျောင်းသွားချိန် ကျောင်းသွား၊ စာလုပ် ချိန် စာလုပ်တော်တော်အဆင်ပြေသားဟုအခု တွေးမိသည်။ သို့သော် အဲသည်တုန်းကတော့ အဲလို ဘဝကိုပဲ တခါတရံ မကျေမန ပ်ဖြစ်မိသည်။ကိုယ်ရောက်နေသည့် အတန်းထက်ကြီးချင် မိသည်။အဘယ်ကြောင့်ဆိုသော်မုန့်ဖိုးလိုချင်၍ ဖြစ်သည်။

ကျွန်တော်တို့ အလယ်တန်းကျောင်းသား ဘဝထိ ပိုက်ဆံ မကိုင်ရ။ အိမ်က စီမံ ပေးသော မုန့်ပဲ သရေစာနှင့်ထမင်းဗူးကို သာကျောင်း တွင် စားရ သည်။ မိဘတွေက အတန်ကြီးမှ ပိုက်ဆံကိုင်သုံးခွင့်ပြုမိဆိုတော့ အတန်းကြီးခြင်းသာဖြစ် သည်။ သည်လိုပိုက်ဆံကိုင်သုံး ခွင့်ရပြန်တော့လည်းကိုယ့်ကိုယ်ကိုယ် မကျေနပ်ပြန်။ ရသည့် မုန်ဖိုးသည် မေလာက်ငဟု စိတ်ထဲ တွေးထင်သည်။ သည်တော့ ဘာဖြစ် လာသလဲ ဆိုတော့ ငါသာ အသက်ကြီးလို့ အလုပ်လုပ် ရရင် ငါစားချင်တဲ့ မုန့်တွေ အဝစားပစ်မယ်ကွာဟု ကိုယ့်ဘာသာ ကြုံးဝါးခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တစ်နေ့ သူလေယာဉ်မောင်းရင်းမြေပြင်မှာငါးမျှာနေသည့်ကောင်လေး တစ်ယောက်ကိုတွေ့သည်။သည်အခါကျ တော့သူကသည်လို တွေးမိပြန်သည်။ ငါအဲသည်ကောင်လေးလို …

ထိုအချိန်က ကျွန်တော်သည် ကျောင်းပြန်ချိန်တွင် ဝယ်စားလေ့ရှိသော ငါးရေခွံ့ကြော် ကို အင်မတန်  ကြိုက်သည်။ ငါးရေခွံ့ကြော် ကြွပ်ကြွပ်လေး အား မကျည်းမှည့် အချဉ်ရည်နှင့် တို့စား ရခြင်းဖြစ်သည်။ ငါးရေခွံ့ကြော် တစ်ခုကို တစ်မတ်လား မသိ ပေးရသည်။ မသေချာတော့။ကျွန်တော် ရှိသည့်မုန့်ဖိုး ပမာဏ က ငါးရေခွံ့ကြော် ကြွပ်ကြွပ် ကို အဝစားဖို့ မတတ်သာ။သည်တော့ ငါသာ အလုပ်လုပ် လို့ ပိုက်ဆံတွေရလျင် ငါးရေခွံ့ကြော်ကိုအဝစားပစ် မည်ဟု ရယ်စရာကောင်းသောအတွေးကိုတွေးခဲ့မိဖူးသည်။

လူ့ဘဝတွင် ဘယ်အရွယ်က စိတ်ကျေနပ်စရာကောင်းလဲဟု မေးလျင်ဖြေရန် တော်တော်ခက်သည်။ တချို့ကလေးဘဝဟု ဆိုကြ သည်။ ကျွန်တော့်အတွက်တော့မူ ကလေးဘဝသည်လည်းသိပ်မကောင်း၊ ကလေးဘဝသို့ပြန်ရောက်မည် ဆိုလျင် မသွားချင်။ သည်လိုဆို အခုလက်ရှိဘဝကိုရောဟုမေးလျင်။သည်အရာသည်လည်းဖြေရခက်ပေသည်။ ပုံပြင်တစ်ပုဒ်ဖတ်ဖူး သည်။” ငါးမျှား နေတဲ့ ကောင်လေးတစ်ယောက်က သူ့ခေါင်းပေါ်ကနေေ လယာဉ်ပျံကြီး ဖြတ်သွားတာကို မြင်လိုက်ရသည်။ ကောင်လေးက သည်လို တွေးသည်။ငါ သည်လို လေယာဉ်ကြီးကို မောင်းတဲ့သူ ဖြစ်ရင် သိပ်ကောင်းမှာပဲဟုတွေးသည်။ သူသည် တကယ်ပဲသူတွေး မျှော်လင့် သလို လေယာဉ်မောင်းသူ ကြီးဖြစ်လာ သည်။

တစ်နေ့သူလေယာဉ်မောင်းရင်းမြေပြင်မှာငါးမျှာနေသည့်ကောင်လေး တစ်ယောက်ကိုတွေ့သည်။သည်အခါကျ တော့သူကသည်လို တွေးမိပြန်သည်။ ငါအဲသည်ကောင်လေးလိုငါးမျှားနေရရင် ဘယ်လောက်ကောင်းလိမ့်မလဲဆိုသည့် အတွေးဖြစ်သည်။ ကျွန်တော်သည် အလုပ်ခန်းထဲကနေမိုးရေးစက်တွေကိုငေးကြည့်နေမိသည်။

လူသည် တောင့်တသည့်အရာကိုတောင့်တသည့် အချိန်တွင် ရခြင်းသည် စိတ်၏ချမ်းသာခြင်းကိုဖြစ်စေသည်ဟု ထင်သည်။ သို့သော် တောင့်တသည့် အရာကိုတောင်းတသည့်အချိန်တွင်ရဖို့ကတော့မလွယ်ပေ။ မိုးကတော့တဖွဲဖွဲ ရွာတုန်းပင်။ ခဏနေ ရင်တော့ မိုးတိတ်သွားမည်ဖြစ်သည်။ သို့တည်းမဟုတ်တော်တော်ကြာလျင်မိုးတိတ် သွားနိုင်သည်။မသေချာပေ။

ခြိမ့်ဖေ
၂၅၊ဇူလိုင်၊၂၀၁၅

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,