မုဒိမ်းကောင်က လွတ်နေတယ်ဆိုတော့ …

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Dawn / ဆေးစစ်ချက်အရ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရတယ်

အမှုမှန်ပေါ်ပေါက်ရေးဆိုတာက ရဲတပ်ဖွဲ့က လုပ်မှရမယ်။အခုက သံသယရှိတဲ့တရားခံလည်း တစ်ယောက်မှ မရှိဘူး။ ဖမ်းလည်း မမိဘူး။ဘယ်သူ့ကိုကျွန်တော်တို့ကဖမ်းခိုင်းပြီး၊ဘယ်သူ့ကို တွန်းအား ပေးရမလဲ။ အဲလို …

အသက်ငါးနှစ်အရွယ် သမီးငယ်လေးတစ်ဦး အဓမ္မပြုကျင့်အသတ်ခံရပြီး ရေမြောင်းထဲမှာ စွန့်ပစ် ထားခဲ့တဲ့အမှုတစ်ခု ၂၀၁၉၊ဇန်နဝါရီလ(၂၉) ရက်နေ့ က မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ဒီအမှု ဖြစ်ခဲ့တာ အခုဆို ခြောက်လနီးပါး ရှိပေမယ့် တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ငြမ်းမီဒီယာ ကို ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လျှို့ဝှက် စုံစမ်းစစ်ဆေးနေတယ်လို့ မင်္ဂလာဒုံမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိက ၂၀၁၉၊ ဖေဖော်ဝါရီလ ကုန်ခါနီးလောက်က မီဒီယာတစ်ခုကိုပြောဆို ထားပါတယ်။ အဓမ္မပြုကျင့်ပြီးအသတ်ခံရတဲ့ သမီးငယ်လေးရဲ့ မိဘတွေဟာလည်း နွမ်းပါးတဲ့မိသားစုတွေဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ – ဒီအမှုနဲ့ပတ်သက်ပြီး ပြန်ပြောပြပေးပါဦး။

UAHW – ဇန်နဝါရီ(၂၉) မှာ ကလေးက ပျောက်သွားတယ်။ ပျောက်သွားတဲ့အခါကျတော့ မိဘတွေက လည်းဆင်းရဲတယ်။ အဲဒီ အချိန်မှာ ကျွန်တော်က နေပြည်တော်ရောက်နေတယ်။ အဲဒီမှာ ကလေးရဲ့မိဘတွေက ပါတီရဲ့အလုပ်အမှူဆောင်တွေဆီ လာတိုင် တယ်။ အဲဒါနဲ့ ကျွန်တော်က ဖြစ်စဉ်ကိုမေးတယ်။ကလေးအဖေက စက်ဘီး ပြင်တာ။အဲဒီမှာ ကလေးတွေ အမေက ကလေး နှစ်ယောက် ကို သိပ်ထားခဲ့ပြီး ကလေးတွေအဖေကို သွားကြို တယ်။အိမ်ပြန် ရောက် တော့ ကလေးတွေအဖေက သတင်းစာ ဖတ်နေ တယ်။ည(၁၂)နာရီလောက်မှာ အိပ်မယ်ဆိုပြီး ကလေးတွေကိုကြည့်တော့ သမီးကပျောက်နေတယ်။ မိဘတွေ ပြန်ရောက် လာ က တည်း က ကလေး က ပျောက်နေပုံ ရတယ်။ မိဘတွေမရှိခိုက် တစ်နာရီကျော်ကျော် ဟသွားတဲ့အချိန်လေးမှာ ဒီကလေး ပျောက် သွားပုံရတယ်။ညတွင်းချင်း ရှာကြတာပေါ့။အုပ်ချုပ်ရေးပိုင်းက လူတွေလည်းပါတယ်။ ရဲစခန်းကိုလည်း အဲဒီနေ့ မှာ တိုင်တယ်။ ဒီကလေးကပြန်မတွေ့တော့ဘူး။နောက်တစ်နေ့ နေ့ခင်းပိုင်းလောက်ထိ ဒီကလေးကို မတွေ့ဘူး။ပျောက်တဲ့ ဖြစ်စဉ်ကလည်း ထူးဆန်း နေတယ်။တခြားနယ်တစ်ခုမှာ ခရီးသွား ရင်းပျောက်တယ် ဒါမျိုးဆိုတစ်မျိုးပေါ့။ အိမ်မှာနေရင်း ပျောက် သွားတာ ပြန်မတွေ့ဘူး ဆိုတော့ ကလေးရဲ့ဓာတ်ပုံနဲ့ ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်ကနေ တင်လိုက် တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တရား ဥပဒေစိုးမိုရေးအတွက် ကျွန်တော်တို့ဖြစ်ချင်တဲ့ တရားခံ ပေါ်ပေါက်ရေးဆိုတာ စစ်မှန်တဲ့ တရားခံကို ပြောတာ။ဒါမျိုးက ရဲတပ်ဖွဲ့စုံစမ်းမှပဲရမယ်။ သာမန်ပြည်သူတွေ က ဒါတွေလုပ်ဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်း တွေမဟုတ်ဘူး။ကျွန်တော်တို့ …

ကလေးပျောက် နေတယ် ဆိုတာကို။သိပ်မကြာဘူး နာရီပိုင်းလောက်မှာ လမ်းသွားလမ်းလာ တချို့က ကျောင်းနားမှာရှိတဲ့ ရေမြောင်းထဲမှာ ကလေး အလောင်း ကိုတွေ့တော့ ရဲကိုအကြောင်းကြားတယ်။ ရဲတွေ ရောက်လာ တယ်။ ကလေးကိုမြက်တွေနဲ့ ဖုံးထားတယ်။ နောက် တော့ ကလေးက အောက်ပိုင်းမှာ အဝတ် မရှိဘူး။အဲဒီအပေါ်မှာ မြက်တွေနဲ့ဖုံးထားတယ်။ ရဲရဲ့သဘော ကတော့ သူတို့ ထုတ်ပြန်လို့မရ သေးဘူး။ ဓာတ်ခွဲခန်း ပို့မယ်။အဲဒီအချိန်မှာ ဒီသတင်းကို ကျွန်တော်က ဖေ့စ်ဘွတ်ကနေ ထပ်ပြီး တင်လိုက် တယ်။အဓိကက တော့ ဒါဖြစ်တာမနေ့ညက ဖြစ်တာဖြစ်ဖို့များတယ်ဆိုတော့ သိတဲ့သူတွေလည်း မြန်မြန်သတင်းပေး ကူညီလို့ ရအောင်ပေါ့။အဲဒီမှာ သတင်း ပေးတာ တစ်ခုတော့ရှိတယ်။ အဲဒီလိုကလေးပျောက်တဲ့ညက အဲဒီနားမှာ ကားတစ်စီးနဲ့ လူသုံး ယောက်ကို တွေ့လိုက်တယ် ပြောကြ တယ်။ ဒါကလည်း သူတို့ထင်တဲ့ အထင်ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကလေးမလေးရဲ့ အိမ်နား မှာက လူအဝင်အထွက် များတယ်။ ခြံစည်းရိုးမရှိဘူး။ ကျူးကျော်အိမ် လိုမျိုး။ အဲဒီမှာသူတို့နေပြီး လုပ်ကိုင်စားသောက် ကြတာ။ အခုကလေးပျောက်သွားပုံက ကလေးနဲ့ လည်းရင်းနှီးပုံရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကလေးကို အသာတကြည်ခေါ် ထုတ် သွားတယ် ဆိုကတည်းကလေ။ ပြီးတော့ ဒီကလေးက ညကတည်းက အသတ်ခံ ရတယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ရဲတပ်ဖွဲ့ကတော့ ဒါနဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန် ဘူး။ ထုတ်ပြန်တော့လည်းကြာတယ်။

ငြမ်းမီဒီယာ – အခုတရားခံရောမိပြီလား။ဘာတွေဆောင်ရွက်ထားတယ်ဆိုတာ သူတို့ဘက်က ပြောတာရောရှိသလား။

UAHW – သူတို့ဘက်က ပြောတာမရှိပါဘူး။ တရားခံလည်း မမိဘူး။သံသယရှိတဲ့ တရားခံတောင် မေးတာမြန်းတာ မရှိဘူး။ဒီလိုပဲ ပြီးသွားတာပေါ့။အမှုကတော့ ပျောက်မသွားဘူး။ သို့သော် ဆက်လက် စုံစမ်းမှု ဘာမှမရှိတော့ဘူး။

ငြမ်းမီဒီယာ – ဒီကလေး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရတဲ့အမှုက မထင်မရှားဖြစ်နေတယ်။ ဘာမှလုပ်မယ့်သူလည်း မရှိ သလိုပဲ။အခုဆို ဒီကလေးရဲ့အမှုက ခြောက်လတောင်ပြည့် တော့မယ်။ အဲဒီတော့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်ကို ဘာများ ပြောချင်လဲ။

UAHW –ဒီအမှုမှမဟုတ်ပါဘူး။ကျွန်တော်ကိုယ်စားလှယ်ဖြစ်ခါစကာလ ရွေးကောက်ပွဲ ပြီးကာစခါလ (၂၀၁၅)အကုန် (၂၀၁၆) လောက်မှာ ကလေးတစ်ယောက်အသတ်ခံရတဲ့ အမှုတစ်ခုရှိတယ်။အဲဒီမှာသူတို့ရဲ့ လုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော်လေး ဒေါသထွက် တယ်။ ကလေးတစ်ယောက်ကအဲလိုပဲ အသက်ဆယ်နှစ်ကျော် ယောကျာၤးလေး တစ်ယောက် သေတယ်။ဒီကလေးမှာ ဒဏ်ရာတွေနဲ့တွေ့တယ်။ ဒဏ်ရာတွေကိုကြည့်တဲ့အခါ အသတ်ခံရတယ်လို့ ယူဆ တယ်။ ရဲတပ်ဖွဲ့က အလောင်းကို အင်းစိန်ဆေးရုံ ပို့တယ်။ စစ်ဆေးတယ်။ အလောင်းကို သင်္ဂြိုဟ်တယ်။ တစ်လလောက် အနေမှာ စစ်ချက်ထွက် လာတယ်။ကလေးက သူ့ရောဂါနဲ့ သူသေ တာတဲ့။ ဒီလိုမျိုးတွေက မဆီလျော်ဘူး။ဒီလိုမျိုးကလေးနဲ့ ပတ်သက် တဲ့ဖြစ်စဉ်တွေက ကျွန်တော်တို့မြို့နယ်မှာ ရှိခဲ့တယ်။ တစ်နိုင်ငံလုံးမှာလည်း ရှိမှာပါ။ကျွန်တော်တို့က တော်တော် လေးကို အားမရဘူး။ အခု အဓမ္မကျင့်သတ်ခံရတဲ့ ကလေးမလေးမှာလည်း ရဲတပ်ဖွဲ့ ကမစုံစမ်းဘူး။မစုံစမ်းဘူးဆိုတော့ စုံစမ်းပါဆိုပြီး ကျွန်တော်တို့ ကဖိအားပေးလို့ ဘယ်လိုလို့ ရမလဲ။ရဲ  ရဲ့ လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်တွေနဲ့ကျတော့။အဲတော့ ပြည်သူလူထုဆီက တတ်နိုင် သလောက်အကူအညီတောင်းတယ်။ဒါပေမယ့် စိတ်မကောင်းစွာနဲ့ မရခဲ့ဘူး။ဥပမာ ကျွန်တော်ပြောချင်တဲ့သဘောက အဓမ္ မပြုကျင့်ခံထား ရတဲ့ကလေးဆီက သုတ်န မူနာတွေဘာတွေရမယ်။အဲဒါကို မသင်္ကာတဲ့ ပြည်သူလူထုပြောတဲ့ ကားနဲ့ ပတ်သက် ပြီး သံသယ ရှိတဲ့ လူတွေကို စစ်ဆေးကြည့်။ဒီအင်န်အေနည်းနဲ့ စစ်မယ်ဆိုရင်ဟုတ်၊ မဟုတ်ဘူး ဆိုတာတော့ သိရမှာပေါ့။ အဲလိုမျိုး လုပ်ဆောင်တာလည်း မရှိဘူး။ဘာမှမရှိဘူး။

ငြမ်းမီဒီယာ – ကလေးမလေး အမှုနောက်ပိုင်းမှာ ရဲတပ်ဖွဲ့နဲ့ ဒီကိစ္စ တွေ့ဆုံပြောဖြစ်တာမျိုး ရှိလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UAHW – ဒါဖြစ်ပြီးတော့ ရဲကိုတော့ ကျွန်တော်တို့ပြောပါတယ်။ ဘယ်လိုလုပ်ထားလဲ။ဘာတွေ ဆောင်ရွက် ထားလဲ။ သူတို့က စုံစမ်းနေပါတယ်။ဒါပဲပြောပါတယ်။အဲဒီတော့ ကျွန်တော်တို့က ဘာလုပ်လို့ရမှာလဲ။

ငြမ်းမီဒီယာ – ဒီကလေးက ဆေးစစ်ချက်အရ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရတယ် ဆိုတာသေချာတယ်ပေါ့။

UAHW – သေချာတယ်။ငြင်းလို့မရဘူး။ကျွန်တော်တို့ တွေ့တွေ့ချင်း ကတည်းက ဒီလို ဖြစ်လိမ့်မယ်လို့သိတယ်။ကလေး တစ်ယောက် ကို   ပြန်ပေးဆွဲပြီး ဒီလိုပုံစံ ဒီလိုအခြေအနေနဲ့စွန့်ပစ် ထားတာ။လူကြီးဆို ရန်ငြိုးတို့ ဘာတို့ကြောင့် ဖြစ်နိုင်တာရှိတယ်။ ကလေးက ဝတ်လစ်စားလစ် ဖြစ်နေတယ်။မြက်တောထဲမှာ အလောင်းကိုဖုံးဖို့အတွက် ကောက်ရိုးတွေ တင်ထားတယ်။ အဲဒါကို တွေ့တွေ့ချင်း ကတည်းက ကောက်ချက် ချမိတာ။ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေက အရမ်း နောက် ကျတယ်။လူတစ်ယောက်သေနေ တာ ဗျာ။အိမ်ကနေကလေးမလေးက အကြောင်းမဲ့ကြီးအိမ်ကနေ ထွက်ပြေး သွားပြီးတော့ သူ့ဘာသာသူ အဝတ်အစားတွေ ချွတ်၊ မြက် တွေဖုံးပြီးတော့ မသေပါဘူးဗျာ။ ဒီလိုကိုယ်မြင်ရတဲ့ကိစ္စတွေမှာတောင်သူတို့က ချက်ခြင်းမလုပ်တာ။ ကျန်တဲ့ကိစ္စတွေ လုပ်လား မလုပ်လုပ်တာ ကိုယ်လည်းမသိဘူး။

ငြမ်းမီဒီယာ – သေဆုံးသွားတဲ့ ကလေးတွေရဲ့ မိဘတွေက အတော်လေး နွမ်းပါးပုံရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ အတော်တော် များများကိစ္စတွေမှာ လိုက်ပါဆောင်ရွက်နိုင်ဖို့ တတ်နိုင်မယ့်ပုံမပေါ်ဘူး။ ဒီကလေး အမှုမှန်ပေါ်ပေါက်ရေး ဘာတွေ ဆက်လုပ်ဆောင်ဖို့ ရှိလဲ။ဘယ်လိုတွန်းအားတွေနဲ့ ဆောင်ရွက်ဖို့ရှိလဲ။

UAHW –ဒီတစ်မှုတည်း မဟုတ်ဘူး။ရှေ့မှာလည်း အမှုတွေ ရှိတယ်။နောက်ထပ် အမှုပေါင်းတွေကလည်း အများကြီး ရှိမှာပဲ။ အမှုမှန်ပေါ်ပေါက်ရေးဆိုတာက ရဲတပ်ဖွဲ့က လုပ်မှရမယ်။အခုက သံသယရှိတဲ့တရားခံလည်း တစ်ယောက်မှ မရှိဘူး။ ဖမ်း လည်း မမိဘူး။ဘယ်သူ့ကိုကျွန်တော်တို့ကဖမ်းခိုင်းပြီး၊ဘယ်သူ့ကို တွန်းအား ပေးရမလဲ။ အဲလို ရှိတယ်။ အဲလိုတွန်း အားပေး တဲ့အခါမှာ တရား ဥပဒေစိုးမိုရေးအတွက် ကျွန်တော်တို့ဖြစ်ချင်တဲ့ တရားခံ ပေါ်ပေါက်ရေးဆိုတာ စစ်မှန်တဲ့တရားခံကို ပြောတာ။

ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေက အရမ်း နောက် ကျတယ်။ လူတစ်ယောက် သေနေတာဗျာ။အိမ်ကနေ ကလေးမလေးက အကြောင်းမဲ့ကြီး အိမ်ကနေထွက်ပြေးသွားပြီးတော့ သူ့ဘာသာသူ အဝတ်အစားတွေ ချွတ်၊ မြက်တွေဖုံးပြီးတော့ မသေပါ ဘူးဗျာ။ ဒီလို …

ဒါမျိုးက ရဲတပ်ဖွဲ့စုံစမ်းမှပဲရမယ်။ သာမန်ပြည်သူတွေ က ဒါတွေလုပ်ဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်း တွေမဟုတ်ဘူး။ကျွန်တော်တို့ က ပြောရုံပဲပြောလို့ရမယ်။ စီစီတီဗီ ကင်မရာတွေ၊ ဒီအင်န်အေေ တွရလိမ့်မယ်။လူသတ်သမားတွေရဲ့ ဒီအင်န်အေတွေရမယ်။အဲဒါနဲ့ ဆက်ပြီး စစ်ဆေးရမှာပေါ့။ဒါကတော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ပေါ့။အဲဒီတော့ အဲဒါတွေမရှိဘူး။ ဆက်မှ မလုပ်တာကိုး။ မလုပ်တာကို ကျွန်တော်တို့ကဘယ်လိုပြောရမလဲ။သူတို့ပြောတာလုပ်နေတယ်။ စုံစမ်းနေပါတယ်ဆိုတော့ အဲလောက်ပဲ ကျွန်တော် တို့က ကျေနပ်နေရတယ်။ ရဲလုပ်ငန်းတွေ ကျွန်တော်တို့ ဝင်ပါလို့မရဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုဆို ဒီကလေးကို အဓမ္မပြုကျင့်သတ်သွားတဲ့ မုဒိမ်းကောင် ကတော့ လွတ်နေ တယ်။ ဒီတော့ တရားဥပဒေ စိုးမိုးရေးနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဘာများပြောချင်သလဲဗျ။

UAHW – မုဒိမ်းကောင်က လွတ်နေတယ် ဆိုတော့ ရာဇဝတ်မှု ကျွမ်းကျင်သူတွေရဲ့အကြံပြုချက် က နိုင်ငံတကာမှာ ကလေး သူငယ် တွေ ကို ကျူးလွန်တဲ့သူတွေဟာ နောင်တစ်ချိန်မှာလည်း အဲလိုအလားတူပြစ်မှုမျိုး ကျူးလွန်တယ်။ တခြားအမှု တွေနဲ့ မတူဘူး။ နိုင်ငံ တကာမှာ ကလေး သူငယ်ကိုကျူးလွန်တဲ့တဲ့သူတွေကို တွေ့ရင် ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ သူဆိုပြီး တံဆိပ် အကပ်ခံရတယ်။ကလေးသူငယ်တွေကိုကျူးလွန်တဲ့ သူတွေကို ထောင်ကလွတ်ပြီး နောက်ပိုင်း မှာလည်း သူနေတဲ့ ပတ်ဝန်း ကျင်အသိုင်းအဝိုင်း၊သူလုပ်ကိုင်တဲ့ အလုပ်၊သူနေတဲ့ရပ်ကွက်၊အိမ်နီးနားချင်းတွေကို သတင်းပို့ထား တယ်။ သတိထားဖို့ပေါ့။ ကျွန်တော် တို့နိုင်ငံမှာလည်း အဲလိုစနစ်မျိုးလုပ်ဖို့ လိုတယ်။ အခုကလေးကို သတ်သွားတဲ့လူကလည်း တစ်ချိန်မှာအရင်တုန်းက ကျူး လွန် ခဲ့ဖူးတာ ရှိကောင်းရှိနိုင်တယ်။ထပ်ပြီးတော့လည်း ကျူးလွန်နိုင် တယ်။ဒါကို ကာကွယ်တာဆီးဖို့ ကျွန်တော်တို့ ပျက်ကွ က်တဲ့ အခါကျ တော့ ပြင်းထန်တဲ့ရာဇဝတ်မှုမျိုးတွေ ကျူးလွန်တာမျိုး ဖြစ်လာနိုင်တယ်။ ဖြစ်လာနေ တယ် လို့ ကျွန်တော်တို့ ယူဆတယ်။ ကလေး သူငယ် လိင်ပိုင်းဆိုင်ရာ အမှုတွေကာကွယ် တားဆီးဖို့ဆိုရင် ဥပဒေအရရော နိုင်ငံမှာ စနစ် တစ်ခု တည်ထောင်မှ ရမယ်။ ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုး ချတာတို့၊ကျူးလွန်တဲ့သူ့နဲ့ ပတ်သက်ပြီး မှတ်တမ်းထားတို့ ကျူးလွန်တဲ့ သူရှိရာ ပတ်ဝန်းကျင်ကို အကြောင်း ကြားထားတာတို့ လုပ်သင့်တယ်။

ငြမ်းမီဒီယာ

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,