မုံရွာအောင်ရှင် အဖျားကြီးပြီး အနံ့ မရတော့ လို့ လာခေါ်သွားပြီ ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ဟာ ခြံအမှတ်(၅၄) နဲ့ အသွားအလာ အဆက်အသွယ် မရှိဘဲ …

ကိုဗစ်ကပ်ရောဂါ ကို အကြောင်းပြုပြီး ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊ကျန်းမာရေး ဆိုင်ရာ သတင်းအတု၊ သတင်းအမှားတွေ ကို လူထုထင်ယောင်ထင်မှားဖြစ်အောင် ဖြန့်ချိနေသူတွေ ရှိပါတယ်။

သည်တစ်ခါ ပြောပြလိုတာက မုံရွာအောင်ရှင် အဖျားကြီးပြီး အနံ့ မရတော့ လို့ လာခေါ်သွားပြီ ဆိုတဲ့ သတင်းအမှား တစ်ပုဒ်အကြောင်းပြောပြလိုပါတယ်။

သည်သတင်းအမှားကို Sai Ko Ko လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က စက်တင်ဘာလ (၁၀) ရက်နေ့က ဖြန့်ချိခဲ့တာ ( သည်နေရာမှာ ကြည့်နိုင်ပါတယ်) ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်သတင်းအမှားကို မျှဝေသူ ငါးရာ နီးပါး ရှိပါတယ်။

Edit – မှတ်တမ်းယူချိန်တွင် မျှဝေသူ (၂၉၃) ဖြစ်ပြီး သည်အကြောင်းကို ရေးသားချိန်မှာတော့ မျှဝေသူ ငါးရာကျော်သွားပြီ ဖြစ်ပါတယ်။

သည် သတင်း ဖြန့်ဝေထားမှုနဲ့ ပတ်သက်ပြီး အမှား၊ အမှန် အချက်အလက်စစ်ဆေးရန် ကာယကံရှင်ဖြစ်သူ မုံရွာအောင်ရှင် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ရာ သည်သတင်း ဟာ လုပ်ကြံသတင်းသာ ဖြစ်တယ်လို့ မုံရွာအောင်ရှင်က အတည်ပြု ပြောကြားပါတယ်။

သည်သတင်းအမှားကို ဖြန့်ဝေတဲ့ Sai Ko Ko အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်စာမျက်နှာမှာ ရေးသားချက်တွေအရ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတစ်ဦး ဖြစ်တာကို တွေ့ရပါတယ်။

” အခုဟာက သတင်း အတုတွေကတော့ တက်လာမှာပဲ။ ပါတီကို ၊ လူတစ်ဦးချင်းစီကို၊ ပါတီမှာလုပ်နေတဲ့ နာမည်အတော်အသင့်ရှိတဲ့သူတွေကိုလည်း Fake News တွေလုပ်ကြမှာပဲ။ အသင်းအဖွဲ့နဲ့ပတ်သက်လို့ မြို့နယ်အလိုက် လာကြဦးမှာပဲ။ အဲ့ဒါတွေကတော့ တုံ့ပြန်တဲ့နေရာမှာ ဒေါသအလျှောက်တော့ မဖြစ်စေချင်ဘူး။ ကျနော်တို့ ဗဟိုသုတေသနနဲ့ဗဟိုပြန်ကြားရေးပူးပေါင်းပြီး Campaign Team တစ်ခုရှိတယ်။ပြီးတော့ဒီဟာကိုပြန်ပြီးတုံ့ပြန်မယ် ” လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က ပြောပါတယ်။

စင်တင်ဘာလ (၆) ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ခြံအမှတ်(၅၄) မှာ ကိုဗစ်ပိုးတွေ့ရှိသူ လူနာနှစ်ဦးမှာ အသက်(၅၉ ) နှစ်အရွယ် အမျိုးသား လူနာအမှတ် (၁၃၁၄) နဲ့ အသက် (၅၁) နှစ်အရွယ် အမျိုးသား လူနာအမှတ် (၁၃၁၆) တို့ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပိုးတွေ့ လူနာနှစ်ဦးဟာ ခြံအမှတ်(၅၄)မှာ အမြဲတမ်း တာဝန်ချထားခံရသူတစ်ဦး နဲ့ ခြံ ထဲကို မကြာခဏ သွားလာဝင်ထွက်ကာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်တယ်လို့ ခြံအမှတ်(၅၄) တွင် လက်ရှိနေထိုင်လျက်ရှိတဲ့ လွှတ်တော်အမတ် ဦးအောင်ထူး က ပြောကြားထားတာကို စက်တင်ဘာလ (၇) ရက်နေ့ထုတ် ဆဲဗင်းဒေး သတင်းစာမှာ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ဟာ ခြံအမှတ်(၅၄) နဲ့ အသွားအလာ အဆက်အသွယ် မရှိဘဲ ဒီလှိုှုင်း ရုံးမှာပဲ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေတယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

အသက်(၇၅) နှစ် ရှိပြီ ဖြစ်တဲ့ မုံရွာအောင်ရှင် ဟာ ကျန်းကျန်းမာမာနဲ့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေတယ်လို့ သတင်းစကား ပါးပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,