မော်တော်ယာဉ်(၁၄)စီးနှင့်မော်တော်ဆိုင်ကယ်တစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ပြည်ထောင်စုလမ်းမကြီးပေါ်၌အကြမ်းဖက်သောင်းကျန်းသူများမီးရှို့ဖျက်ဆီး ခဲ့မှုကြောင့်ပြည်သူလုထုပိုင်မော်တော်ယာဉ်(၁၄)စီးနှင့်မော်တော်ဆိုင်ကယ် တစ်စီးပျက်စီးဆုံးရှုံး ခဲ့ရသည်ဟုတပ်မတော်ကသတင်းထုတ်ပြန်သည်။

စက်တင်ဘာ(၅)၊၂၀၁၉၊ရန်ကုန်

သြဂုတ်လ(၁၅)ရက်ဖြစ်စဉ်နောက်ပိုင်းရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ထောင်စု လမ်းမကြီးတွင် ယာဉ်ကြီး၊ယာဉ်ငယ်များအားအကြမ်းဖက် သောင်းကျန်းသူများ အကြောင်းမဲ့ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် လမ်းပိတ်ဆို့မှု လုပ်ရပ်များပြုလုပ်
ခဲ့သည်မှာ စုစုပေါင်း(၄)ကြိမ်ခန့်ရှိပြီဟု တပ်မတော်ကဆိုသည်။

RFAမြန်မာပိုင်း ရုပ်သံသတင်းဖော်ပြချက်အရ မူဆယ်ကနေ ပြန်လာသည့် ခရီးသည်အမျိုးသမီးတစ်ဦး စီးလာသည့်ကားမှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ၎င်းဝယ်ယူခဲ့သည်အထည်အလိပ်များမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“လူတွေဆင်း မင်းတို့ကားတွေမီးရှို့မှာ။စကားကမပီကလာပီကလာနဲ့ ကားပေါ်က ဆင်းခိုင်းပြီးတော့ ပိုက်ဆံနဲ့ဖုန်းတွေကိုအကုန်ယူတော့တာ။ပိုက်ဆံလည်း ပါသွားတယ်။ဖုန်းတွေလည်းပါသွားတယ်ဟု ခရီးသည်အမျိုးသမီးတစ်ဦး က ၎င်းတွေ့ကြုံခဲ့သည်ဖြစ်စဉ်အားRFAသတင်းဌာနသို့ပြောဆိုထားသည်။

ပြီးခဲ့သည့်စက်တင်ဘာလ(၃)ရက်နေ့ည ခုနှစ်နာရီနာရီခန့်တွင်
ပြည်ထောင်စုလမ်းမကြီး၊နမ့်ကွတ်ကျေးရွာ၏မြောက်ဘက်မီတာ ၁၀၀၀ခန့်အကွာ၌နမ့်ဖက်ကာဘက်မှကွတ်ခိုင်မြို့ဘက်သို့ကုန်ပစ္စည်းများ တင်ဆောင်၍မောင်းနှင်လာသည့် (၁၀)ဘီးယာဉ်(၄)စီး၊ဟိုက်ဂျက်ယာဉ်(၁)စီး ၊အေဒီဗင်(၁)စီးနှင့်စူပါကာစတန်(၁)စီးတို့မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

သြဂုတ်လ(၃၁)ရက်နေ့ကရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့တွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်ခဲ့မှုကြောင့်အပြစ်မဲ့ပြည်သူ(၅)ဦးသေဆုံးခဲ့ပြီး(၃)ဦးဒဏ်ရာ
ရရှိခဲ့သည်။

အပြစ်မဲ့ပြည်သူများသေဆုံးထိခိုက်ဒဏ်ရာခြင်းသည်MNDAA၊TNLA၊AAအကြမ်းဖက် သောင်းကျန်းသူများ၏လက်ချက်ဟုတပ်မတော်ကသတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများကြောင့်သေဆုံး၊ဒဏ်ရာရမှုနှင့်ထိခိုက်ပျက်စီးမှုများတွင် အပြန်အလှန်စွပ်စွဲမှုများလည်းရှိနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများကြောင့်အပြစ်မဲ့ပြည်သူများသေဆုံး ထိခိုက်ဒဏ်ရာရမှုများနှင့်ပတ်သက်၍လူမဆန်သည့်လုပ်ရပ်ကိုဆက်လက် ကျူးလွန်နေမည်ဆိုပါ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆိုနိုင်ငံတကာ စစ်ခုံရုံးသို့ရောက်အောင် နိုင်ငံတကာနှင့်ပူးပေါင်း၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ကစက်တင်ဘာလ၊၁ရက်နေ့ကကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။