မဲဆွယ်စည်းရုံးခွင့် မစတင်မီ ကိုကိုးကျွန်းတွင် NLD ပါတီ ရုံးခန်းအပြီးတည်ဆောက်မည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UTM / ကိုကိုးကျွန်း မြို့နယ်တွင်တည်ဆောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးခန်းပုံစံ

၂၀၂၀ ထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် မစတင်မီ ကာလအတွင်း ကိုကိုးကျွန်း မြို့နယ်၌အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးခန်း ကို အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း NLD ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဌ ဦးထွန်းမြင့် က ပြောသည်။

ကိုကိုးကျွန်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပေ (၃၀ × ၉၀) အကျယ်အဝန်းရှိ မြေကွက်ဝယ်ယူထားပြီး၊ မြို့နယ်ပါတီရုံးခန်းကို (၂) လအတွင်းတည်ဆောက်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

“ ကိုကိုးကျွန်းမှာ မြို့နယ်ပါတီဝင်တွေရှိပါတယ်။ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ရှိပါတယ်။ ၂၀၁၅ တုန်းကတော့ ကျနော်တို့ ကိုကိုးကျွန်းကိုသွားပြီးပြိုင်ဖို့အတွက် ရွေးကောက်ပွဲကျင်းပခါနီး တစ်ပတ်လောက်အလိုမှ ကိုယ်စားလှယ်လောင်းတွေ အဲဒီနယ်မြေကို ခြေချခွင့်ရခဲ့တာပါ။ ခုချိန်မှာတော့ ကျွန်တော်တို့က ကိုကိုးကျွန်းကို ကြိုတင်သွားရောက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်တဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းအတိုင်း စည်းရုံးခွင့်ရရှိတဲ့အချိန်မှာ စတင် စည်းရုံး သွားမှာဖြစ်ပါတယ်။ ဒါကြောင့်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကမဲဆွယ်စည်းရုံးဖို့ သတ်မှတ်တဲ့ ရက်မတိုင်မီ ရုံးအသစ်ဖွင့်ဖို့ အလေးထားနေတာပါ “ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး ဥက္ကဌ ဦးထွန်းမြင့် က ငြမ်းမီဒီယာသို့ ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြို့သူမြို့သားတွေ အကြောက်တရားကင်းကင်းနဲ့ မှန်မှန်ကန်ကန်မဲပေးနိုင်ဖို့လိုပါတယ် . . .

ကိုကိုးကျွန်းသည် တပ်မတော်ရေမိသားစုဝင်များ အခြေစိုက် သည့် ဒေသတစ်ခုဖြစ်သည်။၂၀၁၅ ခုနှစ်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ မဲပေးခွင့်ရှိသူ အရေအတွက် (၁၅၇၀) ဦးရှိပြီး၊ ကျွန်းပေါ်နေဒေသခံ (၅၇၀) ဦး၊ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူ (၂၀၀) ကျော်နှင့် ကျန်မဲဆန္ဒရှင် (၈၀၀) ခန့်သည် တပ်မတော်ရေစစ်သည်များ နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်သည်။

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိထားပြီး၊ ၂၀၁၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့်၂၀၁၅အထွေထွေရွေး ကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက အနိုင် ရရှိထားသည်။

“ ကိုကိုးကျွန်းက ဘာပဲပြောပြောရေတပ်စခန်းတည်ဆောက်ထားတယ်။ ရန်ကုန်မြို့နဲ့ရေမိုင် (၂၀၀)ကျော်လောက် ဝေးကွာနေ ပေမယ့်လည်း ကိုကိုးကျွန်းမြို့ပေါ်မှာရှိတဲ့ မြို့သူမြို့သားတွေ အကြောက်တရားကင်းကင်းနဲ့ မှန်မှန်ကန်ကန် မဲပေးနိုင်ဖို့လိုပါတယ်။ အဲဒီကျွန်းပေါ်မှာနေထိုင်တဲ့ မြို့သူမြို့ သားတွေကမှန်မှန်ကန်ကန် မဲပေးခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ကျိန်းသေ အနိုင်ရရှိမှာဖြစ်ပါတယ်” ဟု ဦးထွန်းမြင့် က ပြောသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,