မဲရုံမှာ ဖြစ်ခဲ့တဲ့ ပြဿနာ နဲ့ ပတ်သက်ပြီး မုံရွာအောင်ရှင်က ပြောတယ်ဆိုပြီး ဖန်တီးထားတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သတင်းအတု၊ သတင်းအမှားတွေ ပုံမှန်ဖြန့်ချိနေလေ့ရှိတဲ့ တိုင်းကျော်သတင်း အမည်ရ ဖေ့စ်ဘွတ်စာမျက်နှာ ကနေ နိုဝင်ဘာ (၂၅) ရက်နေ့ က ” မဲရုံတွေမှာဖြစ်ခဲ့တဲ့ပြဿနာတွေဟာ ရွေးကော်နဲ့ မဆိုင်ဘူး တာဝန်ကျတဲ့ သူတွေနဲ့ပဲ ဆိုင်တယ်လို့ မုံရွာအောင်ရှင်ဆို ” အကြောင်းအရာတစ်ခုကို ဖြန့်ချိခဲ့ပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို   သည်နေရာမှာ ကြည့်နိုင်ပါတယ်။

တိုင်းကျော်သတင်း လို့အမည်ရတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဟာ သတင်းမီဒီယာ အယောင်ဆောင်ထားတဲ့ စာမျက်နှာ တစ်ခုသာဖြစ်ပြီး လူမျိုးရေး၊ဘာသာရေး၊နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းအတု၊သတင်းအမှားတွေ ဖြန့်ချိလေ့ ရှိတာတွေ့ရပါတယ်။ သည်နေရာနဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

” မဲရုံတွေမှာဖြစ်ခဲ့တဲ့ပြဿနာတွေဟာ ရွေးကော်နဲ့ မဆိုင်ဘူး တာဝန်ကျတဲ့ သူတွေနဲ့ပဲ ဆိုင်တယ်လို့ မုံရွာအောင်ရှင်ဆို ” အကြောင်းအရာကို ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးကြည့်ရန်အတွက် မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ သည်အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ဖူးခြင်း လုံး၀ (လုံးဝ) မရှိခဲ့ကြောင်း မုံရွာအောင်ရှင် က အတည်ပြုပြောကြားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာ အငြင်းပွားစရာတွေ ဖြစ်ခဲ့တဲ့ မဲရုံတွေက မဲစာရင်း မှားယွင်းမှု မဲစာရွက်တွေ ပိုလျှံနေမှု နဲ့ အချို့မသမာမှု ဘက်လိုက်မှုတွေ ဟာ ရွေးကောက်ပွဲကော်မရှင် UEC နဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး။ အဲဒီမဲရုံတွေမှာ တာဝန်ပေးထားခြင်းခံရတဲ့ ဝန်ထမ်းတွေ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့သာ သက်ဆိုင်တဲ့အတွက် အဓိက ဖြေရှင်းရမှာက သူတို့ကိုယ်တိုင်ပါပဲ ဆိုတဲ့ မှတ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမုံရွာအောင်ရှင် က ပြောကြားခဲ့သယောင် လုပ်ကြံဖန်တီးထားခြင်းသာဖြစ်ပါတယ်။

” အဲ့ဒါက တစ်ကယ်ကို လုပ်ကြံတဲ့သတင်းပါ။ ကျနော်လည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သတင်းဌာနကိုမှ မပြောခဲ့ပါဘူး ” လို့ မုံရွာအောင်ရှင်က အတည်ပြု ပြောကြားပါတယ်။

ခုရက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲတွေလုပ်နေကြတယ်။ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်နေသလို တစ်ဖက်မှာလည်း သတင်းအတုတွေ၊သတင်းအမှားတွေနဲ့ တိုက်ခိုက်နေတာပဲ။ဒါသေချာကြည့်လိုက်ရင် မြင်နိုင်ပါတယ်။ဒီကိစ္စက နိုင်ငံရေးထိုးနှက်ချက်ပေါ့ ဒါတွေက မြင်နိုင်ပါတယ် လို့ မုံရွာအောင်ရှင် က မှတ်ချက်ပြုပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,