မဲ စာရင်းအမှား ရွေးကော်နဲ့သာဆိုင်ဟု ဒေါက်တာမျိုးညွန့် ပြောသယောင် ဖြန့်ချိနေတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မဲစာရင်းအမှားများသည် ရွေးကောက်ပွဲ ကော်မရှင် နဲ့သာ သက်ဆိုင်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့် ပြော ဆိုတဲ့ အကြောင်းအရာကို Lay Lay Naing အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီ (၂၁) ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။

သည်အကြောင်းအရာကို ထပ်ဆင့်ဖြန့်ချိသူ၊ မှတ်ချက်ပေးသူ၊ React ပြုသူတွေလည်း ရှိပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

မဲစာရင်းအမှားများသည် ရွေးကောက်ပွဲ ကော်မရှင် နဲ့သာ သက်ဆိုင်ကြောင်း NLD ပါတီ၏ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့် ပြော ဆိုတဲ့ အကြောင်းအရာကို သတင်းစာပုံစံ ဖြတ်ပိုင်းသဏ္ဍန် ဖန်တီးဖြန့်ချိထားတာ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း သတင်းအတု၊ သတင်းအမှား ဖြန့်ချိသူတွေဟာ မဲ မသမာမှုတွေ ဖြေရှင်းပြီးမှ အစိုးရဖွဲ့သင့်ကြောင်း NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် က ပြောသယောင် လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာကို သတင်းစာပုံစံ ဖြတ်ပိုင်းနဲ့ အများပြည်သူထင်ယောင်ထင်မှား ဖြစ်အောင် ဖြန့်ချိခဲ့တာ ရှိပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

Lay Lay Naing အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိထားတဲ့ မဲစာရင်းအမှားများသည် ရွေးကောက်ပွဲ ကော်မရှင် နဲ့သာ သက်ဆိုင်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့် ပြော ဆိုတဲ့ အကြောင်းအရာကို ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးရန် သတင်းစာဖြတ်ပိုင်းပုံစံကို NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့် ထံ ပေးပို့ခဲ့ပါတယ်။

သတင်းအတုပါ။ ဒါကတော့ ပြည်သူတွေရဲ့နိုင်ငံရေး အသိဉာဏ် အပေါ်ပဲ မူတည်မှာပါ ခင်ဗျ။ ခုပြည်သူတွေဟာ အရာရာကို ချင့်ချိန်ပြီး စဉ်စားနေတဲ့အတွက် ဒီလိုမမှန်သတင်းတွေ ထုတ်လွှင့်တာဟာ ထုတ်လွှင့်သူ ရဲ့ နိုင်ငံရေး သိက္ခာပဲ ကျပါလိမ့်မယ်လို့NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့် က အတည်ပြု မှတ်ချက်ပေးပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,