မဲ မသမာမှု ကိစ္စ သမိုင်းတရားခံ မဖြစ်ဖို့ ဦးဝင်းထိန် နုတ်ထွက်စာ တင်မည် ဆိုတဲ့ သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရွေးကောက်ပွဲ မဲမသမာမှု ကိစ္စ သမိုင်းတရားခံ မဖြစ်ဖို့ NLD နာယကကြီး ဦးဝင်းထိန် နုတ်ထွက်စာတင်မယ်ဆိုတဲ့ အကြောင်းအရာ ကို သီရိ ဖေ့စ်ဘွတ်အကောင့် က ဇန်နဝါရီ (၂၇) ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှု ကိစ္စ သမိုင်းတရားခံ မဖြစ်ဖို့ NLD နာယကကြီး ဦးဝင်းထိန် နုတ်ထွက်စာတင်မယ်ဆိုတဲ့ အကြောင်းအရာ ကို လုပ်ကြံဖန်တီးထားတဲ့ သတင်းစာ ဖြတ်ပိုင်းပုံစံနဲ့ ဖြန့်ချိထားသူတွေ ကို လည်း တွေ့ရပါတယ်။  သည်နေရာ  နဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာ နဲ့ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှု ကိစ္စ သမိုင်းတရားခံ မဖြစ်ဖို့ NLD နာယကကြီး ဦးဝင်းထိန် နုတ်ထွက်စာတင်မယ်ဆိုတဲ့ အကြောင်းအရာ ကို ငြမ်းမီဒီယာ သတင်းအမှား၊ အမှန် အချက်အလက်စစ်ဆေးရန် NLD ပါတီ သို့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဖော်ပြပါ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ NLDပါတီ၊ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင် က အတည်ပြုပြောကြားပါတယ်။

NLD က သူလုပ်စရာရှိတဲ့ အလုပ်ကတော့ သူလုပ်သွားလိမ့်မယ်ထင်တယ်။ လုပ်စရာရှိတဲ့ အလုပ်က ဘာလဲဆိုတော့ …

အဲဒါတွေက မဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ သတင်းအမှား၊ သတင်းလုပ်ကြံတဲ့ အဖွဲ့တွေက နည်းနည်းတော့ ထုတ်ပြန်တဲ့ ပုံစံပြောင်းလာတယ်။ ဦးဝင်းထိန်ကြီး အဲဒီလိုပြောတာလည်း သတင်းစာဖြတ်ပိုင်း ပုံစံမျိုးနဲ့ အတုလုပ်ထားတယ်။ ကျနော့်ကိုလည်း ဒီလိုပဲ လုပ်တာပဲ။ ဒေါက်တာမျိုးညွန့်လည်း ဒီလိုပဲ လုပ်တာပဲ။ ဒေါက်တာမျိုးညွန့်လည်း ဒီလိုပဲ လုပ်ထားတာပဲ။ အဲဒါမျိုးတွေ တွေ့လာရတယ်။ သူတို့ပုံစံပြောင်းလာတယ် လို့ မုံရွာအောင်ရှင် က မှတ်ချက်ပြုပါတယ်။

ဦးဝင်းထိန် က တစ်ကယ်က နာယကလည်း မဟုတ်ဘူး။ ဦးဝင်းထိန်က သဘာပတိအဖွဲ့အဝင်ပဲ။ နောက်တစ်ခုက ဦးဝင်းထိန်ရဲ့အခန်းကဏ္ဍ က ဒီလောက်ကြီး အရေးပါတဲ့ဟာ မဟုတ်ဘူးဗျ။ ဦးဝင်းထိန် ဒီလိုစကားလည်း ဘယ်တော့မှ မပြောဘူး။ ဘယ်သူနဲ့မှ အင်တာဗျူးမလုပ်ဘူးဆိုတာ ကျနော်တို့သိပါတယ်။ ဒီဟာက သတင်းမှားပါလို့ပြောချင်ပါတယ်။

သီရိ ဖေ့စ်ဘွတ်အကောင့်ဟာ သတင်းအတု ၊ သတင်းအမှား တွေကို ပုံမှန် ဖြန့်ချိနေလေ့ရှိပါတယ်။ တပ် တောင်းဆိုထားတဲ့ မဲစာရင်းကိစ္စ ပြေလည်အောင် မဖြေရှင်းပေးရင် ဆိုးကျိုးတွေ ရှိလာမယ်လို့ ဒုတပ်ချုပ် ပြော ၊  UEC နှင့် NLD ဖျက်သိမ်းရန် သေချာ ၊တပ်မတော် က အာဏာသိမ်းထား၊ တစ်ပတ်အတွင်း ယာယီအစိုးရ ဖွဲ့မည်  စတဲ့ သတင်းအတု၊ သတင်းအမှား များစွာ ကို သီရိ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

NLD က ဒီဟာတွေ ကို တကူးတက ချေပမယ့် သဘောမျိုးတော့ မရှိဘူးဗျ။ တမင်သက်သက်ချေပမယ့်သဘောမျိုးတော့ မရှိဘူး။ သို့သော်လည်း NLD က သူလုပ်စရာရှိတဲ့ အလုပ်ကတော့ သူလုပ်သွားလိမ့်မယ်ထင်တယ်။ လုပ်စရာရှိတဲ့ အလုပ်က ဘာလဲဆိုတော့ အခုလွှတ်တော်ခေါ်တာတို့ အစိုးရဖွဲ့တာတို့ ဒါတွေကတော့ လုပ်သွားမှာပဲ။ ဘယ်သူက ဘယ်လောက်ပဲ ကန့်ကွက်၊ကန့်ကွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်သင့်လုပ်ထိုက်တာလုပ်မယ်ဆိုတဲ့ ဟာလုပ်ထားတာပါ။အဲဒီ ကိစ္စကြောင့် ကျနော်က ပြဿနာမရှိဘူး လို့ မုံရွာအောင်ရှင် က ဆိုပါတယ်။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,