မျိုးချစ်များအချိန်တန်ပါပြီ ဆိုတဲ့ ရေးသားမှုနဲ့ အတူ လုပ်ကြံသတင်းအမှား များ ဖြန့်နေ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ပြည်ပ တရားသူကြီးနဲ့ အကြံပေးတွေ ငှားပြီး တပ် နဲ့ ပြည်ခိုင်ဖြိုးပါတီ ကို တရားစွဲမယ်ဆိုတဲ့ အကြောင်းအရာ အပါအဝင် လုပ်ကြံရေးသားထားတဲ့ အကြောင်းအရာ များစွာကို သျှင်အိုမဒီ အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဇန်နဝါရီ (၂) ရက်နေ့မှာ ဖြန့်ချိထားတာတွေ့ရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည် အကြောင်းအရာကို မှတ်ချက်ပေးသူ၊ ထပ်ဆင့်ဖြန့်ချိသူ၊ React ပြုသူ တွေ ရှိတာကိုလည်း တွေ့ရပါတယ်။

သျှင်အိုမဒီ ဖြန့်ချိထားတဲ့ အကြောင်းအရာတွေဟာ ပြည်သူလူထုကြား ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာတွေမျှသာ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

NLD ပါတီ၊ ဗဟိုပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က လည်း သျှင်အိုမဒီ ဖြန့်ချိထားတဲ့ အကြောင်းအရာတွေဟာ အခြေအမြစ်မရှိဘဲ မဖြစ်နိုင်တဲ့ ကိစ္စတွေဖြစ်ပြီး သည်အကြောင်းအရာတွေဟာ သတင်းအတု၊သတင်းအမှားတွေသာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

ခုပြောထားတဲ့ NLD အပေါ် စွပ်စွဲထားတဲ့ အချက်တွေ အခြေအမြစ်မရှိဘူး။ ကျနော်တို့က သူတို့ကို စွပ်စွဲဖို့အတွက် တရားစွဲဖို့နိုင်ငံတကာကနေ ဥပဒေပညာရှင်တွေ ဖိတ်ခေါ်ထားတာတို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတွေပါပဲ လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် သျှင်အိုမဒီ ဖြန့်ချိထားတဲ့ အကြောင်းအရာတွေဟာလုပ်ကြံ ဖန်တီးထားတဲ့ သတင်းအတု၊သတင်းအမှား တွေ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

နိုဝင်ဘာ(၈) အထွေထွေ ရွေးကောက်ပွဲ အလွန်မှာ သတင်းအတု၊ သတင်းအမှား ဖြန့်ချိသူတွေဟာ ပုံစံမျိုးစုံ၊ အကြောင်းအရာမျိုးစုံ နဲ့ ပြည်သူလူထု ကြား ထင်ယောင်ထင်မှား ဖြစ်အောင်၊ ပြည်သူလူထုရဲ့ သိမြင်မှု တွေဝေဝါးသွားအောင် လုပ်ဆောင်နေမှုတွေဟာ အရှိန်ကောင်းကောင်းနဲ့ ရှိနေတုန်းပါပဲ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း တပ်မတော်က အာဏာ သိမ်းထားပြီ ဆိုတဲ့ သတင်းအတု၊ သတင်းအမှား တွေ နဲ့ အတူ ပြည်သူ လူထုကြား အထိတ်တလန့် ဖြစ်အောင် လှုံ့ဆော်ခဲ့မှုတွေ ရှိပါတယ်။

တပ်မတော်က အာဏာသိမ်းပြီ ဆိုတဲ့ သတင်းအတု၊ သတင်းအမှား ဖြန့်ဝေမှုနဲ့ပတ်သက်ပြီး သတင်းအမှား ဖြစ်ကြောင်း အချက်အလက်စစ်ဆေးထားမှုကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တပ်မတော်က အာဏာ သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းအမှားရုပ်သံ ဖြန့်ဝေခဲ့သူ  တရားစွဲဆိုခံရတဲ့ သတင်းကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကျနော်တို့အပေါ်မှာ လူထုက လုံးဝ ဒီကနေ့ ပစ္စုန်ပ္ပန်နဲ့အနာဂတ်အတွက် စီမံခန့်ခွဲနိုင်အောင်၂၀၂၀မှာ ပြည်သူတို့ရဲ့လွတ်လပ်တဲ့ဆန္ဒနဲ့ မဲပေးပြီးသားဖြစ်ပါတယ်။ လူထုဆန္ဒပြုမှုက ဘယ်တော့မှ ပျက်ပြယ်မှာ မဟုတ်ဘူး။ဒါကို လျစ်လျူရှုပြီး ဆက်ပြီး မိုက်လုံးကြီးနေမယ်ဆိုရင် လူထုဆန့်ကျင်ရေး၊ လူထုရဲ့ဆွဲပစ်ချတဲ့မြောင်းထဲရောက်မယ်လို့ မုံရွာအောင်ရှင်က မှတ်ချက်ပြုပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,