မြစ်ဆုံ စာချုပ် ဖျက်သိမ်းပေးရန် တရုတ်လက်ခံလိုက်ပြီဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မြစ်ဆုံ စာချုပ် ဖျက်သိမ်းရန် တရုတ် လက်ခံ လိုက်ပြီ ဆိုတဲ့ သတင်းအမှား တစ်ပုဒ်အကြောင်းပြောပြလိုပါတယ်။

သည်သတင်းအမှားကို Aung Kyi လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ၂၀၂၀၊သြဂုတ်လ(၂၄) ရက်နေ့က ဖြန့်ချိထားတာ တွေ့ရပါတယ်။ (သည်နေရာမှာ ကြည့်နိုင်ပါတယ်)

သည်သတင်းအမှားနဲ့ ပတ်သက်ပြီး “ burmese.asia မြစ်ဆုံစာချုပ်ဖျက်သိမ်းပေးရန် ” လို့ ဂူးဂဲလ် မှာ ရှာကြည့်တဲ့ အခါ ဂူးဂဲလ် ရဲ့ ဖော်ပြထားချက်ကို တွေ့ရပြီး ဖော်ပြပါ လင့်ခ် ကနေတဆင့် ဝင်ကြည့် လို့တော့ မရတော့ပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Burmese Asia News လို့ အမည်ရတဲ့ ဖေ့စ်ဘွတ် စာမျက်နှာကိုတော့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

Aung Kyi လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က မြစ်ဆုံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အမှားကို Screen Shot ရယူထားတဲ့ ပုံသဏ္ဌန် နဲ့ ဖြန့်ချိထားခြင်းဖြစ်ပါတယ်။

၂၀၂၀၊ သြဂုတ်လ(၂၄)ရက်နေ့ ကတည်းက တင်ထားတဲ့ သည်သတင်းအမှား ကို သည်နေ့ အချိန်ထိ ပြန်လည် မျှဝေနေသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။

သည်သတင်းအမှားကို မျှဝေသူ ခြောက်ထောင့်ငါးရာကျော် ရှိပါတယ်။

“ burmese.asia မြစ်ဆုံစာချုပ်ဖျက်သိမ်းပေးရန် တရုတ်လက်ခံလိုက်ပြီ ” ဆိုတဲ့ ဖော်ပြချက်ပါ ရက်စွဲမှာ ၂၀၁၉ ၊ဧပြီလ(၂၆) ရက်နေ့ဖြစ်ပါတယ်။

မြစ်ဆုံ စီမံကိန်းဟာ ပြည်သူလူထုရဲ့ ကန့်ကွက်မှုတွေကြောင့် ရပ်နားထားပေမယ့် တရားဝင် ဖျက်သိမ်းခြင်းတော့ မရှိသေးပါဘူး။ သည်လို ရပ်နားထားတဲ့ မြစ်ဆုံစီမံကိန်းကို အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ဖို့ ၂၀၂၀၊ဇူလိုင်လ (၂၄) ရက်နေ့က ကြံ့ခိုင်ရေးအမတ် ဦးကျော်နီနိုင်က လွှတ်တော်မှာ(လွှတ်တော်မှာ ဆွေးနွေးချက်  သည်နေရာမှာ ကြည့်နိုင်) ဆွေးနွေးခဲ့ပါသေးတယ်။ (ဆဲဗင်းဒေး သတင်းဖော်ပြချက်  သည်နေရာမှာ ကြည့်နိုင်)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည် အချက်အလက်တွေ ကို ကြည့်ခြင်းအားဖြင့် မြစ်ဆုံစီမံကိန်း စာချုပ် ဖျက်သိမ်းပေးရန် တရုတ်လက်ခံလိုက်ပြီဆိုတာ သတင်းအချက်အလက်အမှား တစ်ခုသာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,