မြန်မာက တရုတ်ကိုလိုအပ်တယ်ချည်းပဲ မသတ်မှတ်နဲ့ တရုတ်က မြန်မာကို လိုအပ်တဲ့အချိန် ရှိနေပြီ – အပိုင်း (၂)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တရုတ်ခွင့်ပြုချက်ရမှ ငြိမ်းချမ်းရေးရမှာက ရှင်းရှင်းလေး၊ ဒါကသေချာတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာ့တပ် မတော်ကိုလည်း သူပဲလက်နက်ရောင်းပေးတာ၊ ဟိုဘက်က EAO တွေကို ရောင်းပေးနေတာလည်းသူပဲ။ တခြားလူလည်း ဝင်ရောင်းလို့မရဘူး။ အနောက် …

၂၀၂၀ ခုနှစ်တွင် တရုတ်သမ္မတ၏ ပထမဦးဆုံး ပြည်ပခရီးစဉ်မှာ မြန်မာနိုင်ငံဖြစ်ပေသည်။ တရုတ်သမ္မတ၏ ယခုခရီးစဉ် သည် တရုတ် – မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် နှစ် (၇၀) ပြည့် အချိန်ကာလနှင့်လည်း တိုက်ဆိုင်နေပေသည်။ တရုတ်သမ္မတ၏ ယခုခရီးစဉ်အပေါ် ခန့်မှန်းသုံးသပ် မှု အများအပြားလည်းရှိသည့်အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာလူထု လက်မခံသည့် စီမံကိန်းများပြန်စလာမည့်အပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများလည်းရှိနေပေသည်။ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ လွှဲရှောင်မရသော အင်အားကြီးအိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည်။ သို့သော် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် မျှတသော၊ ကျင့် ဝတ်လိုက်နာသော၊ လူ့အခွင့်အရေးများကို လေးစားလိုက်နာ သော၊ မြန်မာပြည်သူ ပြည်သားများအားလုံး၏ အကျိုးစီးပွားကို ရှေးရှုသော အိမ်နီးချင်းကောင်းအဖြစ် မြန်မာပြည်သူတို့ က တွေ့မြင်လိုကြသည်။ မြန်မာလူထု မျှော်မှန်းသော အခြေအနေမျိုးကို တရုတ်သမ္မတခရီးစဉ်မှာ အစပြုနိုင်မည်လား။ တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ဘာတွေ ထူးခြားမှုရှိမလဲ။ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားရည်မှန်းချက်တွေဘယ်လိုရှိလဲ။ ကချင်အမျိုးသား ကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာMကောန်လကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

MPO

ငြမ်းမီဒီယာရခိုင်မှာ တရုတ်ရဲ့စီမံကိန်းတွေ တော်တော်လေးရှိတယ်။ ဒါပေမယ့် ရခိုင်တပ်တော် AA ဟာ ဒီစီမံကိန်းတွေကို ထိခိုက်စေမယ့်ကိစ္စမျိုးကို ရှောင်တာသတိပြုမိပါတယ်။ တချို့အကဲခတ်သူတွေရဲ့ ပြောဆိုချက်တွေမှာဆိုရင် AA က ရခိုင်ပြည်နယ်ထဲက တရုတ်စီမံကိန်းတွေကို ထိခိုက် အောင်လုပ်ဖို့မပြောနဲ့ ရဲရဲတောင်စိုက်မကြည့်ရဲဘူးဆိုပြီး ပြောတာတွေရှိပါတယ်။ တစ်ခါ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကလည်း ရှီကျင်းဖျင်ရဲ့ ခရီးစဉ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေကို လျော့ချဖို့ပြောထားတာတွေရှိတော့ တရုတ်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် သြဇာလွှမ်းမိုးမှုကြီးမားတယ်ဆိုတဲ့အချက်ကို သတိပြုမိပါတယ်။ ဒီအခြေအနေတွေအရဆိုရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ကိစ္စရပ်တွေအပေါ် တရုတ်သမ္မတရဲ့ခရီးစဉ်က ဘယ်လိုသက် ရောက်မှုတွေ ရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

Dr.MKL – အဲဒါက တည့်တည့်ပြောရင် တရုတ်က ငြိမ်းချမ်းရေးကို ဖြစ်စေချင်နေပြီ။ ဒါပေမယ့် တစ်ခါတည်း သူမလွှတ်ဘူး။ သူ့ရဲ့အကျင့်အရ သူက နည်းနည်းလေးလွှတ်ပေးမယ်၊ ပြီးရင်ပြန်ထိန်းချုပ်ထားမယ်။ သူ ကစားလို့ရအောင် လုပ် ထားမယ်။ အဲဒီတော့ ပထမအဆင့်အနေနဲ့ Bilateral ထိုးတဲ့အဆင့်ကို သူတိုက်တွန်းတယ်။ Bilateral ထိုးဖို့အတွက် ဒီဘက်မြန်မာစစ်တပ်ကိုလည်းသူပြောမယ်၊ မြောက်ပိုင်းသုံးဖွဲ့ကိုလည်း ပြောမယ်၊ နောက် ဟိုဘက်က KIA ၊ KIO ကိုရောပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လက်နက်တွေကို ပေါ်ပေါ်ထင်ထင် လာပေးဖို့ဆိုတာမလွယ်ဘူး။ မြန်မာ့တပ်မတော်ရဲ့ ကမ်းရိုးတမ်းစောင့်တပ်ဖွဲ့တွေလည်း ရှိတယ်။ အဲဒီတော့ လေကြောင်းကနေ ချရင်ချ၊ မဟုတ်ရင် ဘာမှရောင်းမရဘူး။ ဆိုတော့ ရောင်းလို့ရတာ တရုတ်ပဲရှိတယ်။ အဲဒါကြောင့် လက်နက်အားကိုးပြီး …

KIA ၊ KIO မပါလို့လည်းမရဘူး။ သူက မြောက်ပိုင်းမှာထိုင်ထားတာ။ အဲဒီမှာက တရုတ်စီးပွားရေးဇုံတွေဘာတွေ အကုန်လုံးနဲ့ဆက်စပ်နေတော့ သူတို့မပါလို့မရဘူး။ ဆိုတော့ တရုတ်က Bilateral ထိုးဖို့ အရင်ပြောမှာ။ ပြီးရင် သူက (၂၁) ပင်လုံထဲကို မောင်းသွင်းနေတယ်။ (၂၁) ပင်လုံကလည်း JICM တွေဘာတွေပြီးပြီဆိုတော့ စဖို့သူတို့လုပ်နေတယ်။ (၂၁) ပင်လုံမှာ မင်းတို့ Bilateral ထိုးပြီး ဝင်စကားပြောကြဆိုပြီး သူကဖြေလျော့ပေးထားတာ။ အဲဒီလမ်းကြောင်းကို တရုတ်ကခင်းထားပြီး သွားကြဆိုတဲ့အဆင့်ပဲ သူမောင်းသွင်းနေတာ။ ဒီဘက် မြန်မာအစိုးရနဲ့တပ်မတော်ကလည်း အပစ်ကတော့ရပ်ချင်ပြီ။ ဘာကြောင့်လည်းဆိုတော့ လတ်တလော ရခိုင်မှာလည်း တပ်မတော်ကတော်တော်စစ်ပန်းနေပြီ။ ပြီးတော့ နာမည်ကောင်းမရတော့ သူတို့အပစ်ရပ်ချင်နေပြီ။ ဒါ နံပါတ်တစ်အချက်၊ တပ်မတော်ရဲ့လိုအပ်ချက်ပေါ့။ နောက်တစ်ခါ NLD အစိုးရရဲ့ လိုအပ်ချက်ကကျတော့ နိုင်ငံရေးပုံရိပ်ကောင်းချင်တယ်။ သူက နိုင်ငံရေးအရ အကျိုးအမြတ်ရှိအောင် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တယ်ဆိုတာကို လုပ်ချင်တယ်။ အဲဒီမှာ အားလုံးရဲ့ ဘုံအကျိုးစီးပွားက သွားတူနေတယ်။ အဲဒီကြားထဲမှာ ဘယ်လိုကစားကြလဲဆိုတော့ တိုင်းရင်းသားလက်နက် ကိုင် EAO တွေက ကိုယ့်ရဲ့နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ Confedrate ဖြစ်ဖြစ်၊ Federal ဖြစ်ဖြစ် ရအောင် သူတို့က ကစားတာ။ ဒါ သူတို့ရဲ့ရည်မှန်းချက်ပေါ့။ ဆိုတော့ ရည်မှန်းချက်က လောလောဆယ် Union Accord ထုတ်မယ့် (၂၁) ပင်လုံကို ဦးတည်ချက်ဖြစ်လာတယ်။ ဦးတည် ချက်တူတယ်ဗျာ၊ အခင်းအကျင်းရှိပြီးသား။ အကျိုးစီးပွားက ကိုက်နေတယ်။ တရုတ်ခွင့်ပြုချက်ရမှ ငြိမ်းချမ်းရေးရမှာက ရှင်းရှင်းလေး၊ ဒါကသေချာတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာ့တပ်မတော်ကိုလည်း သူပဲလက်နက်ရောင်းပေးတာ၊ ဟိုဘက်က EAO တွေကို ရောင်းပေးနေတာလည်းသူပဲ။ တခြားလူလည်း ဝင်ရောင်းလို့မရဘူး။ အနောက်ဥရောပ နိုင်ငံတွေကလည်း ရောင်းလို့မရဘူး။ အမေရိကကလည်းရောင်းလို့မရဘူး။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့အားလုံးက ကုန်းတွင်းပိတ်နေတယ်။ Geopolitic အရ ကျနော် တို့က ပိတ်နေတယ်။ အိန္ဒိယဘက်ကလည်း လာလို့မရဘူး။ အိန္ဒိယအရှေ့မြောက် (၇) ပြည်နယ်ဖြစ်တဲ့ အာရန်နာချယ်ပရာဒက်ရှ်တို့ မဏိပူရ၊ အာသံ နာဂလန်း မီဇိုရမ် အဲဒါတွေအားလုံးက Geopolitic အရ Shock ရှိတယ်။

သူကဝင်ချိတ်တာ။ အဲဒါကိုတရုတ်က လုံးဝမကြိုက်တာ။ တရုတ်မကြိုက်တော့ ပလက်ဝမှာ ရခိုင် AA က ပေါ်လာတယ်လေ။ အဲဒီတော့ AA က တရုတ်စီမံကိန်းတွေကို ဘာလို့မထိသလဲဆိုတော့ Open Media မှာ ကျနော် …

ဟိုဘက် ဘင်္ဂလားဒေ့ရှ်ဘက်က ပိတ်ထားတာ။ ဟိုဘက်အပေါ်ဘက်က နီပေါလ်ရှိတယ်။ အဲဒီတော့ လာမယ်ဆိုရေကြောင်းကလာရမယ်။ ဒါပေမယ့်ရေကြောင်းက ဒီလက်နက်တွေကို ပေါ်ပေါ်ထင်ထင် လာပေးဖို့ဆိုတာမလွယ်ဘူး။ မြန်မာ့တပ်မတော်ရဲ့ ကမ်းရိုးတမ်းစောင့်တပ်ဖွဲ့တွေလည်း ရှိတယ်။ အဲဒီတော့ လေကြောင်းကနေ ချရင်ချ၊ မဟုတ်ရင် ဘာမှရောင်းမရဘူး။ ဆိုတော့ ရောင်းလို့ရတာ တရုတ်ပဲရှိတယ်။ အဲဒါကြောင့် လက်နက်အားကိုးပြီး ငြိမ်းချမ်းရေးကိုကြံစည်နေတဲ့အဖွဲ့အားလုံး၊ ဟိုဘက်ရော ဒီဘက်ရော လက်နက်ကိုင်တပ်ဖွဲ့အားလုံးက မလှုပ်သာဘူး။ တရုတ်ကအချက်ပြမှပဲရမှာ။ မဟုတ်ရင်မရဘူး။ ဒါက ပကတိအရှိတရား။ ကြိုက်ကြိုက် မကြိုက်ကြိုက် ကျနော်တို့ကတော့ အရှိကိုပဲပြောရမယ်။ အခု တရုတ်က ခွင့်ပြုပြီဆိုတော့ ငြိမ်းချမ်းရေးနှစ်ပိုင်းတစ်ပိုင်းရမယ်။ ရာခိုင်နှုန်းအားဖြင့်ဆို (၁၅) ရာခိုင်နှုန်း (၂၀) ရာခိုင်နှုန်း လောက်ရမယ်။ ကျန်တဲ့ (၈၀) ရာခိုင်နှုန်းလောက်ကို သူကကိုင်ထားဦးမှာ။ သူက Step by Step နဲ့ Release လုပ်မှာပေါ့။ သူ့နေရာမှာ ကျနော်ဆိုရင်လည်း ဒီအတိုင်းကစားမှာပဲ။ သူ့အကျိုးစီးပွားအတွက်ကိုး။ ဆိုတော့ အဲဒီဟာကို နားလည်ဖို့လိုတယ်။ အခု ရှိကျင်းဖျင်က (၂၁) ရာစုပင်လုံကို ဖွင့်ပေးတဲ့အဆင့်ပဲ လုပ်တာ၊ ကျန်တာ သူက ဆက်ကစားဦးမယ်။ လုံးဝအလုံးစုံ မလွှတ်သေးဘူး။

သူက လွတ်လပ်ချင်တယ်ဆိုတာ သူကအိန္ဒိယကိုဂရုစိုက်စရာမလိုဘူး။ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်တို့နဲ့ နယ်နိမိတ်ထိစပ်တာက သူတို့ရခိုင်မှာ ဘူးသီးတောင်၊ မောင်းတောနားမှာနည်းနည်း၊ ဟိုး ပလက်ဝနားမှာနည်းနည်း ဒီလောက်ပဲထိစပ်တာ။ အိန္ဒိယက ချင်းပြည်နယ်နဲ့သာ တောက်လျှောက်ထိစပ်နေတာ။ သူက …

အဲဒီတော့ AA က ဘာလို့မထိသလဲဆိုတာ ကိုပြောရရင် ရှင်းရှင်းလေးပဲ။ အိန္ဒိယရဲ့ ကုလားတန်မြစ်ဝှမ်းဘက်စုံစီမံကိန်း စစ်တွေကနေပြီးတော့ မီဇိုရမ်ထဲကိုဝင်တယ်။ မီဇိုရမ်ထဲကမှ ကလေး၊ တမူးကိုပြန်လာပြီးတော့မှ မုံရွာကိုသွားတာ။ မုံရွာကနေပြီးတော့ မန္တလေးကို ဝင်ဆောင့်တာ။ တနည်းပြောရရင် တရုတ်ခင်းထားတဲ့လမ်းကြောင်းကြီးထဲကို အိန္ဒိယကအချောင်ဝင်တွယ်တာ။ အဲဒါကိုတရုတ်က လုံးဝကိုမကြိုက်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရင် BICM မှာ ပျက်သလောက်ဖြစ်နေပြီ။ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ၊ တရုတ်၊ မြန်မာရဲ့ Corridor ကြီးပေါ့။ OBOR ခေါ်တယ်၊ အဲဒါ Sixth Corridor ၊ ခြောက်ခုမြောက်ဖြစ်တယ်။ အဲဒါ အိန္ဒိယက အင်တင်တင်လုပ်လို့ ပျက်နေတယ်။ ဒီအခြေအနေမှာ အိန္ဒိယက အချောင် ဘာဝင်လုပ်သလဲဆိုတော့ ကုလားတန် မြစ်ဝှမ်းဘက်စုံစီမံကိန်းကို အချောင်ဝင်ဆွဲတာ။ အဲဒီလိုဆွဲပြီး တရုတ်ခင်းထားတဲ့လမ်းကြောင်းဘေးမှာပဲ ခုနက မန္တလေး ရန်ကုန် မော်လမြိုင်ကနေပြီးမှ ထိုင်းကိုဝင်တဲ့လမ်း ကြောင်းကို သူကဝင်ချိတ်တာ။ အဲဒါကိုတရုတ်က လုံးဝမကြိုက်တာ။ တရုတ်မကြိုက်တော့ ပလက်ဝမှာ ရခိုင် AA က ပေါ်လာတယ်လေ။ အဲဒီတော့ AA က တရုတ်စီမံကိန်းတွေကို ဘာလို့မထိသလဲဆိုတော့ Open Media မှာ ကျနော်အသေးစိပ်တော့ မပြောချင်ဘူး။ ပြောရရင် တရုတ်က အိန္ဒိယကိုကစားဖို့အတွက် သူထောက်ပံ့ထား တဲ့လူတွေကိုသုံးတာ။ အဲဒီတော့ AA ကပြောတဲ့ “ မြန်မာအစိုးရကရန်သူပဲ၊ တရုတ်ကရန်သူမဟုတ်ဘူး” ဆိုတဲ့စကားဟာ သူက သွယ်ဝိုက်ပြီးပြောတာ။ သူ့ရဲ့နိုင်ငံရေးရည်မှန်းချက်က Confedrate လိုချင်တယ်။ အခု (၂၁) ပင်လုံမှာလည်း သူကပြင်းပြင်းထန်ထန်ပြောဖို့ ပြင်လာတယ်။ အဲဒါကို ခုခံကာကွယ်မှာက လက်ရှိပြည်ထောင်စုအစိုးရ ဖြစ်နေတယ်။ တရုတ်မဟုတ်ဘူး။ တရုတ်က လမ်းကြောင်းချပေးတာ။ အဲဒီတော့ သူ့ (AA) ရဲ့နိုင်ငံရေးရန်သူက မြန်မာအစိုးရဖြစ်နေတာမဆန်းဘူး။ ဒါကကျနော့်အမြင် ကို ပြောပြတာပါ။

ငြမ်းမီဒီယာ – AA က နိုင်ငံရေးရည်မှန်းချက်ကို စပြောကတည်းက Confedrate ကို စပြောခဲ့တယ်။ ရခိုင်ကမ်း မြှောင်ဒေရဲ့ ပထဝီအနေအထားအရပြန်ကြည့်တော့ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်တို့ဟာ သူနဲ့အနီးဆုံးမှာရှိနေပြီး အဲဒီအထဲကမှ အိန္ဒိယဟာ အင်အားကြီးဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်နေတယ်။ ရေရှည်အတွက်ဆိုရင် တရုတ်ကို အားကိုးပြီး အိန္ဒိယကိုဘက်ကန်နေတာဟာ သူ့အတွက် နိုင်ငံရေး၊ စစ်ရေးအရ အကျိုးဖြစ်ထွန်းမှုနည်းနိုင်ပေမယ့် အခုအနေအထားနဲ့ သွားနေတာကို ဘယ်လိုသုံးသပ်ချင်ပါသလဲ။

Dr.MKL – အဲဒါက ဒီလိုဗျ။ နိုင်ငံရေးစနစ်တွေကို သေသေချာချာသိရင် ဒီပြသနာကသုံးသပ်ရလွယ်တယ်။ ခုနက Confederate နဲ့ Federal ဆိုတဲ့စကားနှစ်ခုပေါ်လာတယ်။ Federal ရဲ့သဘောက Sovereignty ကို တစ်စုတည်း ဘုံ ထားထားတယ်။ ပြီးမှ Regional Government တွေက Self Determination ကို အကောင် အထည်ဖော်တယ်။ Sovereignty မှာ External နဲ့ Internal ဆိုပြီးနှစ်မျိုးရှိတယ်၊ အပြင်နဲ့ အတွင်းပေါ့။ အပြင်ဆိုတာနိုင်ငံတကာကို ဆက်ဆံတဲ့ဟာ၊ အတွင်းကကျတော့ ပြည်တွင်းမှာဆက်ဆံတဲ့ဟာ။ အဲဒီတော့ သူက External Sovereignty ကို တစ်စုတစ်စည်းတည်း အလုံးစုံအပ်လိုက်တာ။ အဲဒီအပြင်အချုပ်အခြာအာဏာကနေ အတွင်းအချုပ်အခြာအာဏာကိုပေးတာ Federal ဖြစ်တယ်။ ဒါပေမယ့် Confedrate ကျတော့ အဲဒီ သဘောမျိုး မဟုတ်တော့ဘူး။ သူက ဘာလို့ Federal ကိုမကြိုက်သလဲဆိုတော့ သူ့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို အရမ်းလွတ်လွတ်လပ်လပ် ဖန်တီးချင်တာ။ သူက External Sovereignty ကို Foreign Affairs လောက်မှာပဲ ထားထားတယ်။ ကျနော်တို့ Federal လို ရှိသမျှအကုန်မပေးထားဘူး။ စစ်ရေးမှာတောင်မှ သူကပူးပေါင်းပြီးတော့ ဆုံးဖြတ်တာတွေလာတယ်။ သူကပြည်ထောင်စုပါဝါမလုပ်ဘဲ သီးခြားပါဝါလုပ်တယ်။ သူကနိုင်ငံခြားရေး နိုင်ငံတကာဆက်ဆံရေးလောက်ပဲ ပါဝါကို ပြည်ထောင်စုမှာထားတာ။ နောက်စီးပွားရေးမှာဆိုလည်း ရင်းနှီးမြှုပ်နှံဖို့ဝင်လာတဲ့ တကယ့်စီးပွားရေး အကြီးစားကြီးတွေလောက်ပဲ ဒိုင်ခံပြီးစုပေါင်းဖြေရှင်းဖို့အတွက် ရည်ရွယ်တာ။

လူတွေကထင်တာက တရုတ်ကလာတဲ့ အပ်က အပ်ချည်ကအစ သုံးနေရတယ်၊ ဒါကြောင့် တရုတ် က မရှိမဖြစ်လိုအပ်တယ်ပေါ့။ ဒါကလည်း တရုတ်ရဲ့မဟာဗျူဟာတစ်ခုပါ။ မရှိမဖြစ် ဖြစ်အောင်သူလုပ်တယ်။ အဲဒီတော့ ကျနော်တို့က နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ လုံးလုံးမှီခိုရတဲ့သူ ဖြစ်သွားတာပေါ့။ အဲဒီဘဝကို …

သူ့ရဲ့ Sovereignty ကို သူ့စစ်တပ်၊ သူ့ဟာနဲ့ သူ အကောင်အထည်ဖော်ချင်တာ။ ‘ဝ’ လိုမျိုးပေါ့။ ‘ဝ’ က Confederate ဖြစ်နေတာ၊ Federal မဟုတ်ဘူး။ ‘ဝ’ က သူ့ သီးခြားငွေကြေး၊ သူ့စီးပွားရေး၊ သူ့စစ်တပ်နဲ့ အဲဒီမှာ လုပ်နေတယ်။ ဗမာအစိုးရ သွားပြီး စွက်ဖက်လို့လည်းမရသလို၊ ထိန်းချုပ်လို့လည်းမရဘူး။ အဲဒါကမှ Confedrate ပေါ့။ သူ့ရဲ့ Sovereignty ကို သူသီးခြားတည်ဆောက်တာ။ အဲဒီတော့ ခုနကမေးတဲ့ အိန္ဒိယနဲ့ ကပ်နေလျှက်နဲ့ အိန္ဒိယကိုဘာကြောင့် လုပ်သလဲဆိုတော့ သူ့ရဲ့ထွက်ပေါက်က Confederate ပဲဖြစ်ဖြစ်၊ Federal ပဲဖြစ်ဖြစ်၊ ဘာရရ သူကတရုတ်ကို လုံး၀ Solidly Alliance လုပ်ထားလို့ပဲဖြစ်တယ်။ Confederate ရချင်တယ် လို့ ပြောတာက အဲဒါပဲ။ ဒါကြောင့်မို့လည်း ဒီနေရာကိုရောက်လာတာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြန်မာကဘာသွားဖြစ်နေလဲဆိုတော့ ကုန်းတွင်းပိတ်မဟုတ်ဘဲ ပင်လယ်ထွက်ပေါက်ကြီးရှိနေတယ်။ အဲဒါက တရုတ် အတွက် အဓိကအပေါက်ဖြစ်နေတယ်။ အဲဒီတော့ အမေရိကန်နဲ့ …

သူက Confederate ဖြစ်ခဲ့ရင် အခုလက်ရှိ ရှိနေတဲ့ ရခိုင်ပြည်နယ်ထဲက တရုတ်စီမံကိန်းတွေအားလုံးကို သူနဲ့တရုတ်နဲ့ Alliance လုပ်ပြီး ရခိုင်ပြည်နယ် တိုးတက်ဖို့ကို တရုတ်ပိုက်ဆံနဲ့တည်ဆောက်တော့မှာလေ။ အခု ကျောက်ဖြူ – ကူမင်း ဂစ်ပိုက် လိုင်းကိစ္စတွေ၊ နောက် ကျောက်ဖြူ SEZ ကိစ္စတွေ၊ နောက် SEZ တွေကတစ်ပုံကြီး။ အဲဒီမှာကျနော်ပြောတဲ့ တရုတ်ကလာတည်ဆောက်တဲ့ဟာ ဘူးသီး တောင်နားမှာ (၂) ခုရှိတယ်။ ပုဏ္ဏားကျွန်းမှာက Industrial Zone ၊ အဲဒီအနားမှာပဲ Economic Zone တစ်ခုရှိသေးတယ်။ နောက်ပြီး တရုတ်တည်ဆောက်ထားတဲ့ Hydropower Project က ရခိုင်ပြည်တောင်နဲ့မြောက်မှာ (၇) ခုရှိတယ်။ မြောက်ဘက်မှာ သုံးခု၊ လေးမြို့ (၁) ၊ (၂) နဲ့ စိုင်တင်၊ တောင် ဘက်မှာကျတော့ လေးခု၊ သံတွဲနားမှာ သံတွဲ၊ သူဌေးချောင်း၊ ကျိန္တလီနဲ့ အမ်း ရှိတယ်။ စုစုပေါင်း မဂ္ဂါဝပ် (၆၉၀) ထုတ်ဖို့ ရခိုင်အတွက်လုပ်ထားတာ။ ဒေါ်လာသန်း (၅၀၀) စီမံကိန်းပဲ။ အဲဒီဟာတွေ အားလုံးကို Confederate ဖြစ်မှ တရုတ်နဲ့ Alliance လုပ်ပြီးကိုင်တွယ်လို့ရမယ်။ သူက လာအိုလို၊ ကမ္ဘောဒီးယားလိုလုပ်ချင်တာ။ ဒါပဲ။ အဲဒါကြောင့် သူက လွတ်လပ်ချင်တယ်ဆိုတာ သူကအိန္ဒိယကိုဂရုစိုက်စရာမလိုဘူး။ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်တို့နဲ့ နယ်နိမိတ်ထိစပ်တာက သူတို့ရခိုင်မှာ ဘူးသီးတောင်၊ မောင်းတောနားမှာနည်းနည်း၊ ဟိုး ပလက်ဝနားမှာနည်းနည်း ဒီလောက်ပဲထိစပ်တာ။ အိန္ဒိယက ချင်းပြည်နယ်နဲ့သာ တောက်လျှောက်ထိစပ်နေတာ။ သူက အဲဒါတွေကြောင့် အိန္ဒိယကိုသိပ်ဂရုမစိုက်ဘူး။ ဒီဘက်ရေလမ်းကြောင်းတစ်ခုလုံးမှာဆိုရင်လည်း ဆိပ်ကမ်းကြီးအနေနဲ့ စစ်တွေရှိတယ်ဗျာ၊ ကျောက်ဖြူရှိတယ်ဗျာ၊ သူဂရုစိုက်စရာမလိုဘူး။ အဲဒီကနေပြီး ရေကြောင်းကုန်သွယ်ရေးကို Openly တစ်ကမ္ဘာလုံးကိုဖွင့်နိုင်တယ်ဗျာ၊ သူ့ရဲ့လမ်းကြောင်း သူ့ရဲ့ အားသာချက်က အဲဒီလိုရှိတယ်။ ကျနော်တို့ကချင်ထက်တောင် အားသာသေးတယ်။ ကျနော်တို့ကချင်က ကုန်းတွင်း ပိတ်နေတာ။ ဆိုတော့ သူက တရုတ်ကို Solidly Alliance ဖြစ်လို့ အိန္ဒိယကိုဂရုမစိုက်တာ။ အဲဒါကိုမြင်ဖို့လိုတယ်။ သူက Confederate သာဖြစ်သွားရင် ပိုပြီးတောင် တရုတ်နဲ့အကျိုးစီးပွားခြင်း အပေးအယူတွေလုပ်ပြီး အကောင်အထည်ဖော်မှာ။ ပြည်မကိုလည်း သူဂရုစိုက်တာမှမဟုတ်ဘဲ။ ဒါမျိုးပုံစံကိုလိုချင်လို့ သူကဒီလမ်းကြောင်းကိုခင်းတာ။ ဒါကတော့ ကျနော့်အမြင်ပေါ့။

MSCO

ငြမ်းမီဒီယာ – ဒီဘက်က AA ကလည်း တရုတ်ကို Solidly Alliance လုပ်နေတဲ့အနေအထားရှိနေတယ်၊ တရုတ်အတွက်ကလည်း ရခိုင်ပြည်နယ်ဟာ Geopolitic အရ မဟာဗျူဟာမြောက် ထွက်ပေါက်တစ်ခုဆို တာသေချာနေပြီဆိုရင် ရခိုင်ပြည်နယ်ကို တရုတ်က သူ့သြဇာခံ၊ သူ့ရဲ့ပြည်နယ် ခွဲတစ်ခုလို ဖန်တီးဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး မထားဘူးဆိုတာ အပြတ်မပြောနိုင်တဲ့သဘောဆောင်တယ်။ ပြည်ထောင်စု အစိုးရဘက်ကတော့ ရခိုင်ကမ်းမြှောင်ဒေသ ပဲ့ထွက်မသွားအောင်ကြိုးစားမှာ သေချာတယ်။ ဒါပေမယ့် ကမ္ဘာ့စူပါပါဝါ အင်အားကြီးနိုင်ငံတစ်ခုရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ရေရှည်စီမံကိန်းနဲ့ ဆောင်ရွက်ချက်တွေကို တုံ့ပြန်ဖို့ဆိုတာလည်း တော်တော့်ကိုခက်ခဲမယ်လို့ ယူဆပါတယ်။ အခုတောင် ‘ဝ’ ဒေသကို မြန်မာနိုင်ငံထဲက တရုတ်ရဲ့ပြည်နယ်တစ်ခုလို့ ပြောနေကြတယ်။ ဒီအခြေအနေကို ဘယ်လိုသုံးသပ်မှတ်ချက်ပြုနိုင်မလဲ။

Dr.MKL – ဟုတ်တယ်။ တရုတ်က အဲဒီရည်မှန်းချက်ရှိတယ်။ အဲဒါကြောင့် OIC ကိစ္စတွေဆိုတာ ပေါ်လာတာ။ ဒါကိုသိလို့ အမေရိကနဲ့ အနောက်အုပ်စုက ဒါကိုတတ်နိုင်သမျှ ဝင်ပြီးလုပ်ကြလိမ့်မယ်။ ဆိုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ကံဆိုး ကံကောင်းပဲ။ ဒါကြောင့်ကျနော်ပြောနေတာ။ ကျနော် တို့တိုင်းပြည်က တကယ့်ကိုကြားညပ်သွားပြီ။ ဆိုတော့ ဒီအပေါ်မှာ ကျနော်တို့လိမ္မာပါးနပ်ဖို့တော့လိုတယ်။ ခုနကကျနော်ပြောတဲ့ တရုတ်ကသူ့ရဲ့အရံ ရန်ကုန်မြို့သစ်စီမံကိန်းရှိတယ်။ အဲဒီမှာ ပင်လယ်ရေနက်ဆိပ်ကမ်းပါ တွဲပါတယ်။ အဲဒါက သူ့ရဲ့ ဒုတိယဂယ်ပေါက်ပေါ့။ အဲဒါကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရက လက်ခံထားတယ်။ ဒါကို Strategy အရ ပြန်သုံးသပ်ကြည့်မယ်ဆိုရင် မြန်မာအစိုးရက ဖြေလျော့ထားတယ်လို့မြင်တယ်။

ကချင်ပြည်နယ်အစိုးရက လူထုကိုလည်းမပြောဘူး။ အခု ဒီကိစ္စကိုဆွေးနွေးဖို့ ကချင်ပြည်နယ်အစိုးရကို ကျနော်တို့တောင်းဆိုထားတယ်။ ဒါပေမယ့် သူတို့ဘက် က အကြောင်းပြန်မှုမရှိဘူး။ အဲဒါသည်လည်း ပွင့်လင်းမြင် သာမှုမရှိဘူး။ ဒါက …

ဒါကိုပိတ်တယ်ဆိုရင်တော့ သူကဟိုဘက်ကို ပိုပြီးပြင်းပြင်းထန်ထန်ကစားမယ်၊ အမေရိကကလည်း ပြင်းပြင်းထန်ထန်ဝင်ပြီး အနှောင့်အယှက်ပေးမယ်။ ကျနော် တို့တစ်ခုစဉ်းစားရမှာက အနောက်ဥရောပအုပ်စုရဲ့ အကျိုးစီးပွားက မြန်မာပြည်မှာ ဒီလောက်မဟုတ်ဘူး။ တရုတ်အကျိုးစီးပွားကို ဖျက်ဖို့လောက်ပဲ မြန်မာပြည်ကို အသုံးချမှာဆိုတဲ့အမြင်ကို ကျနော်တို့ရှိထားဖို့လိုမယ်။ ဒါကြောင့်မို့ အဲဒါကိုချိန်ဆပြီး အလုပ်လုပ်တတ်ဖို့က အရေးအကြီးဆုံးပဲ။ ခုနက ပထမဆုံးမေးခွန်းမှာ ကျနော်ပြောသလိုပေါ့၊ တရုတ်ရဲ့အခက် အခဲအပေါ်မှာ ကျနော်တို့က အမျိုးသားအကျိုးစီးပွားကို ဘယ်လောက်ထိ တည်ဆောက်မလဲဆိုတဲ့ စဉ်းစားချက်က သိပ်အရေးပါလာပြီ။ အသေးစိပ်ပြောမယ်ဆိုရင်တော့ အများကြီးပေါ့။ တရုတ်ရဲ့ Investment ကို ကျနော်တို့က လက်ခံရမယ်။ ဘာကြောင့်လည်းဆိုတော့ Infrastructure တွေ တစ်ခါတည်းတွဲလာတယ်။ နံပါတ်တစ် သူက Hydropower ကိုအရင်လာတယ်။ ပြီးတာနဲ့ အဲဒါနဲ့တွဲပြီး SEZ တွေလာတယ်။ အဲဒါနဲ့တွဲပြီးတော့မှ Infrastructure ကိုတစ်ခါတည်းတည်ဆောက်တာ။ ကားလမ်းတွေ၊ ရထားလမ်းတွေ တစ်ခါတည်း ဝင်လာတာ။ အဲဒါက ကျနော်တို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မလုပ်နိုင်ဘူးဗျ။ ကမ္ဘာကလည်းချေးလို့ ဒီလောက်မရဘူး။ စီးပွား ရေးတိုးတက်နှုန်းကလည်း နည်းတယ်ဆိုတော့ တရုတ်လှိုင်းကိုတော့ စီးဖို့လိုတယ်။ ဒါပေမယ့် အဲဒီမှာ MOA တွေထိုးမယ်၊ Agreement တွေလုပ်တော့မယ်ဆိုရင် ကျနော်တို့က ဘယ်လောက် Protect လုပ်မလဲဆိုတာကို စဉ်းစားရမယ်။ နံပါတ်တစ်စဉ်းစားရမှာက Financial Program ပေါ့။ ငွေရေးကြေးရေးအခန်းကဏ္ဍမှာ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက လွတ်လပ်ခွင့်ရှိရမယ်။ အဲဒါ သိပ်အသက်ပါတယ်။ အဲဒါက Debt Trap ကို ကာကွယ်ပြီးသားဖြစ်တယ်။ အဲဒါကြောင့် ဂျပန်ဝင်လာတာပေါ့။ ဂျပန်ကလည်း US ကဝင်ခိုင်းတော့ အပြိုင်ဝင်လာတယ်။ အဲဒီတော့ ကျနော်တို့က ဂျပန်ကိုအသုံးချပြီး ငွေတိုးနှုန်းနည်းတဲ့ဟာနဲ့ လုပ်နိုင်ရမယ်။ ဘာလို့ဒီလိုပြောရ သလဲဆိုတော့ ကျနော်က နန်ကျင်စီးပွားရေးဇုံကအကြောင်းကိုသိထားလို့ အဲဒီနမူနာနဲ့ ချိန်ဆနေတာဖြစ်တယ်။

ကျနော်တို့က အချောင်ခိုပြီးတော့ ငွေကုန်မှာစိုးလို့ ကိုယ်မလုပ်ဘူးဆိုတာ မှားနေတယ်လေ။ အဲဒါကို ဒီဘက်ကမောင်မင်းကြီးသားများက ဘာမှမပြောထားဘူး။ ဗမာအစိုးရက တရုတ်လုပ်တာကို ခွင့်ပြုထားတယ်။ အဲဒါမှားနေတယ်။ ကျနော့်ဆီမှာ…

နန်ကျင် စီးပွားရေးဇုံမှာ သူတို့တောင်းဆိုတာက သူတို့တရုတ်ဘဏ် ကပဲ ချေးခိုင်းတာ။ အဲဒါကို နောက်ပိုင်း MOA မှာ ဘာတွေလုပ်မှန်းမသိဘူး။ ကချင်ပြည်နယ်အစိုးရက လူထုကိုလည်းမပြောဘူး။ အခု ဒီကိစ္စကိုဆွေးနွေးဖို့ ကချင်ပြည်နယ်အစိုးရကို ကျနော်တို့တောင်းဆိုထားတယ်။ ဒါပေမယ့် သူတို့ဘက် က အကြောင်းပြန်မှုမရှိဘူး။ အဲဒါသည်လည်း ပွင့်လင်းမြင် သာမှုမရှိဘူး။ ဒါက ကျတော်တို့အစိုးရရဲ့ အားနည်းချက်ပေါ့။ အဲဒီလိုကိစ္စတွေကိုလည်း ဖြေလျော့ဖို့လိုတယ်။ နံပါတ်နှစ်ကကျတော့ ကျနော်တို့နိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း Human Resource တွေကို ဘယ်လိုသုံးမလဲဆိုတဲ့ အာမခံချက်လိုတယ်။ ဥပမာ Blue collar တွေဆို အနည်းဆုံးဘယ်လောက်ရာခိုင်နှုန်း ခန့်ပေးရမယ်၊ White Collar ပညာရှင်အဆင့်ဆိုရင် ဘယ်လောက်ထိသုံးရမယ်ဆိုတဲ့ဟာမျိုး ရှိရမယ်။ အဲဒီအချက်က လုံး၀ Protect ဖြစ်ဖို့လိုတယ်။ မဟုတ်ရင်တော့ လွှမ်းသွားမှာ၊ ကျနော်တို့ ဘာမှအကျိုးမရှိနိုင် ဘူး။ နံပါတ်သုံးကတော့ သူတို့ရဲ့ Infrastructure မှာ ကန်ထရိုက်တွေ Opening လုပ်တယ်၊ အဲဒီမှာ ကျနော်တို့မြန် မာနိုင်ငံသားပိုင် ကုမ္ပဏီတွေကို ဘယ်လောက်အခွင့်အရေး ပေးမလဲဆိုတဲ့ ကတိကဝတ်တွေလိုတယ်။ ဥပမာဗျာ ရန်ကုန် ကနေ မန္တလေးအထိ CMEC လမ်းကြီးဖောက်လိုက်တယ်၊ သတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေနဲ့ မိုင် (၄၀၀) လမ်းကြီးဖောက်တဲ့အခါ ကုမ္ပဏီတစ်ခုကို မိုင် (၁၀၀) စီပေးမယ်ဆိုရင် အဲဒီမှာ တရုတ်ကုမ္ပဏီတွေချည်းပဲ ပေးလို့မရဘူး။ မြန်မာကုမ္ပဏီ တွေပေးရမယ်။ ကျနော်တို့ အဲဒီလို Cover လုပ်ရမယ်။ ဒါကျနော်က ဥပမာပြောတာ။ အသေးစိပ်က အများကြီး ရှိတယ်။ အခု Infrastructure ဆောက်တဲ့ကုမ္ပဏီတွေကိုပေးတဲ့ နေရာမှာ အဲဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အသံတော့ ရိုးတိုးရိပ်တိတ် ကျနော်တို့ကြားရတယ်၊ Definitely တော့မသိဘူး။ အဲဒါကိုကာကွယ်ရမယ်။ နောက်ဆုံး နံပါတ်လေးအချက်က EIA ၊ SIA လုပ်တဲ့အခါ ကျနော်တို့ EIA ၊ SIA ဖြစ်ရမယ်။ ကျနော်တို့ သတ်မှတ်တဲ့ဟာပေါ့။ ဘာလို့လည်းဆိုတော့ ကိုယ့်တိုင်းပြည်ရဲ့ EIA ၊ SIA က ကိုယ်ပဲလုပ်ရမှာ လေ။ DVB Debate မှာ နန်ကျင်စီးပွားရေးဇုံကိစ္စ NLD စီးပွားရေးတာဝန်ခံက မသိဘူးဆိုလို့ ကျနော်ဘာမှဆက်မပြော တော့တာ။ အဲဒီမှာ ဥပမာတွေ အများကြီးပြောစရာရှိတယ်။ နန်ကျင်စီးပွား ရေးဇုံမှာ EIA ၊ SIA ကို တရုတ်က လာလုပ် မှာ။ တရုတ်လုပ် တဲ့ EIA ၊ SIA ကို ကျနော်တို့က အချောင်ခိုပြီးတော့ ငွေကုန်မှာစိုးလို့ ကိုယ်မလုပ်ဘူးဆိုတာ မှားနေတယ်လေ။ အဲဒါကို ဒီဘက်ကမောင်မင်းကြီးသားများက ဘာမှမပြောထားဘူး။ ဗမာအစိုးရက တရုတ်လုပ်တာကို ခွင့်ပြုထားတယ်။ အဲဒါမှားနေတယ်။ ကျနော့်ဆီမှာ ပထမ First Step MOU ရှိတယ်။ နိုင်ငံရေးအမြင်နဲ့ကြည့်ရင် EIA ၊ SIA ကို ကျနော်တို့လုပ်ရမှာ။ ကျနော်တို့ဖိတ်ခေါ်တဲ့ ပညာရှင်နဲ့ ကျနော်တို့လုပ်ပြီး ကိုယ့်ပြည်ကိုယ့်မြေကို ကာကွယ်ရမှာ။ Environmental Assessment တွေကို ကျနော်တို့ပဲ လုပ်ရမှာလေ။ သူများလာလုပ်ရင် ကိုယ့်ကိုကာကွယ်ပေးဖို့ဆိုတာ မသေချာဘူး။ အခုကျနော်တို့ကချင်မှာ တစ်ရှူးငှက်ပျောကိစ္စ ကိုပဲကြည့်။ သူတို့ဟာသူတို့ ထင်ရာလုပ်တဲ့အခါကျတော့ ကိုယ့်မြေဆုံးရှုံးလို့ ဆုံးရှုံးမှန်းမသိ ဖြစ်လာတယ်လေ။ အဲဒါကိုပြောတာ။ အဲဒီ (၄) ချက်က အရေးအကြီးဆုံးပဲ။ ဒါကအဓိကအချက်ကိုပဲပြောတာ။ ဒီထက်အသေးစိပ်တာတွေ အများကြီးရှိသေးတယ်။

ငြမ်းမီဒီယာ – တရုတ်ကလာလုပ်နေတဲ့ တစ်ရှူးငှက်ပျောကိစ္စကို လွှတ်တော်မှာမေးခွန်းထုတ်တာတော့ သတိပြုမိတယ်။ ဒါပေမယ့် အရေးယူဆောင်ရွက်မှုအပိုင်းတော့ ထင်သာမြင်သာမတွေ့မိဘူး။ အဲဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr.MKL – ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ကချင်ပြည်နယ်၊ မိုးမောက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မေးတာ။ တကယ်သူမေးသင့်တာက ၂၀၁၅ ထဲကမေးသင့်တယ်။ အဲဒီတော့ ရွေးကောက်ပွဲနီးမှသူထမေးတယ် ဆိုတော့ . . . ။ ကျနော်တို့ ဒီကိစ္စကို တောက်လျောက်ကန့်ကွက်လာတာ သူသိနေတာပဲ။ သူ ကချင်ပြည်နယ်က လွှတ်တော်အမတ်ပဲ။ ဒါပေမယ့် သူမလုပ်ခဲ့ဘူး။ အဲဒီတော့ ပွင့်ပွင့်လင်းလင်းပြောရင် သူလုပ်တာကို ကျနော်တို့က ကျေးဇူးမတင်ဘူးဗျ။ ဒါ တည့်တည့်ပြောတာ။ ဘာလို့ကျေးဇူးမတင်လဲဆိုတော့ ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီးတော့၊ အကျိုးအမြတ်နဲ့ချိတ်ဆက်ပြီး ကချင် လူထုကို သူကအလွဲအသုံးပြုတယ်လို့ ယူဆလို့ပဲဖြစ်တယ်။ နိုင်ငံရေးအလွဲအသုံးပြုတယ်လို့ ယူဆလို့ကျေးဇူးမတင်ဘူး။ ဒါတည့်တည့်ပြောတာ။ ဒီပြသနာဖြစ်နေတာကြာပြီ။ သူကခုမှ လွှတ်တော်မှာမေးတယ်။ သူ့တာဝန်က လွန်ခဲ့တဲ့ ၂၀၁၅ တက်ကတည်းကပြောရမှာ။ ဒီ တစ်ရှူးငှက်ပျောဆိုတာ ဖြစ်နေတာကြာလှပေါ့။ ဘိန်းအစားထိုးစိုက်ပျိုးရေးနဲ့ ရောက်လာတာ။

ညိစွန်းနေတာက ဓာတုဗေဒအသုံးပြုမှုတွေ၊ နောက်တစ်ခါ ကျနော်တို့ရဲ့ မြေ၊ ရေ၊ လေ ထိခိုက် မှုရှိရင် ခွင့်ပြုလို့မရဘူးဆိုတာ အတိအလင်းပါပြီးသား။ အဲဒီဟာကိုကျော်လွန်ပြီးလုပ်ထားတာဆိုတော့ အရေးယူမှုလာရမယ်၊ အရေးယူပြီးတော့မှ ဥပဒေအရဆောင်ရွက်ရမှာဖြစ်တယ်။ ကျနော်ပြောချင်တာက အဲဒီလိုပါ။ အဓိကကတော့ ဒီတစ်ရှူး ငှက်ပျောကိစ္ …

အခုကချင်ပြည်နယ်ထဲမှာ တစ်ရှူးငှက်ပျော အများဆုံးစိုပ်ပျိုးနေတာ မြို့နယ်နှစ်ခုရှိတယ်။ ဝိုင်းမော်နဲ့ မိုးမောက်။ ဧက တစ်သိန်းကျော်တယ်။ အဲဒီမှာ လက်ရှိကုမ္ပဏီပေါင်း (၅၀) လုပ်နေတယ်။ ထပ်တိုးလာတာတော့ ကျနော်မသိဘူး။ ကျနော်သိတဲ့ ဒေတာအချက်အလက်တွေအရဆိုရင် အဲဒီကုမ္ပဏီ (၅၀) မှာ တစ်ခုပဲ တရားဝင်တယ်။ ကျန်တဲ့ (၄၉) ခုက တရားမဝင်ဘူး။ တရားမဝင်ဘူးဆိုတာ သူတို့အခုစိုက်ပျိုးတဲ့ မြေတွေက မြေလွတ်မြေရိုင်းအဖြစ် မလျှောက်ထားဘူး။ အမှန်က မြေလွတ်မြေရိုင်းလျှောက်ပြီးမှ၊ ၂၀၁၂ှ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုဥပဒေအရ လျှောက်ရမယ်။ အစိုးရရဲ့ ကြေးတိုင်နဲ့မြေစာရင်းဦးစီးဌာနက ခွင့်ပြုချက်ပေးမှ သူတို့လုပ်ရမယ်။ အခု သူတို့က ဒေသခံတွေကို နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ငှားတယ်၊ ဝယ်တယ် စသဖြင့်ထင်ရာစိုင်းနေတာ။ ပြီးတော့ စိုက်ပြီးပျိုးပြီးတဲ့အခါကျမှ မြေလွတ်မြေရိုင်းလျှောက်တယ်ဆိုတာ ပြောင်းပြန်ကြီးဖြစ်နေတယ်။ ဥပဒေနဲ့မညီဘူး ပေါ့။ အဲဒါတွေကို ဘာလို့ခွင့်ပြုသလဲ။ ဒါကိုသိသိကြီးနဲ့ အခုမှ သူတို့က ဥပ ဒေနဲ့ညီအောင်လုပ်ဖို့ဆိုတော့ . . .။ ကျနော်တို့ မြင်တာက တော့ ဥပဒေဆိုတာ ချိုးဖောက်ပြီးပြီဆိုရင် ဥပဒေနဲ့ညီအောင် ပြန်လုပ်လို့မရဘူးဗျ။ ချိုးဖောက်ပြီးပြီဆိုတာနဲ့ အပြစ်ဒဏ်ဆိုတာလာတယ်။ အပြစ်ဒဏ်ကိုကျခံပြီးမှ၊ Clear ဖြစ်သွားပြီဆိုမှ ကျန်တဲ့ကိစ္စကို ဥပဒေနဲ့အညီပြန်ဆောင်ရွက်ပေးရတာ။ အခုကပြောင်းပြန်ကြီးဖြစ်နေတယ်။ ကချင်ပြည်နယ်မှာကတော့ အဲဒီပြသနာတွေရှိတယ်။ မိုးမောက်နဲ့ ဝိုင်းမော်မြို့နယ် မှာ အဆိုးဆုံးပဲ။ ဒါအပြင် ဒီကိစ္စက စစ်ကိုင်းတိုင်း အထက်ပိုင်းမှာပါ အကုန်ကူးစက်နေပြီ။ နောက် ရှမ်းမြောက်ပေါ့။ အဓိကက သူတို့ Soil Test တွေ မလုပ်ထားဘူး။ နောက် တစ်ခုက ဓာတ်မြေသြဇာကိစ္စ။ အခုကချင်ပြည်နယ်အစိုးရကတော့ ဓာတ်မြေသြဇာကို စိစစ်တယ်လို့တော့ ပြောတယ်။

လက်ရှိအစိုး ရက Prepare လုပ်ပြီလားဆိုတဲ့မေးခွန်း ကျနော်မေးချင်တယ်။ အမှန်ကတော့ ဒါ အစောကြီး ကတည်းက ပြင်ဆင်ထားရမှာ။ အခုမှကပ်ပြင်ဆင်မယ်ဆိုရင်လည်း အများကြီးနောက် ကျတယ်။ ဒါပေမယ့် ဒီဟာက ဒီနေ့လုပ် ဒီနေ့အကျိုးရှိတယ်၊ နောက်ရက်ရွေ့ရင် ရွေ့သလောက်ဆိုးကျိုးရှိတယ် …

ဒါပေမယ့် အဲဒီဓာတ်မြေသြဇာအသုံးပြုမယ့် Register လုပ်ရမယ်လေ။ သူတို့ ဘာဓာတ်မြေသြဇာသုံးမလဲ၊ ဥပမာ (၅) မျိုးသုံးမယ်ဆိုရင် အဲဒီဓာတ်မြေသြဇာ (၅) မျိုးကို FDA မှာစာရင်းတင်ရမယ်။ နိုင်ငံတော် Research ကနေ ဒီဓာတ် မြေသြဇာတွေဟာ ကျနော်တို့ မြေရေနဲ့ ဘယ်လောက်ထိကိုက်ညီတယ်ဆိုတာကို Soil Test တွေလုပ်ပြီးမှ ချပေးရမှာ။ ဒါကြောင့်မို့ ဥပဒေချိုးဖောက်တယ်ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အဲဒီ ၂၀၁၂ ၊ ၂၀၁၃ နှစ်လုံးနဲ့ ညိစွန်းနေတာက ဓာတုဗေဒအသုံးပြုမှုတွေ၊ နောက်တစ်ခါ ကျနော်တို့ရဲ့ မြေ၊ ရေ၊ လေ ထိခိုက် မှုရှိရင် ခွင့်ပြုလို့မရဘူးဆိုတာ အတိအလင်းပါပြီးသား။ အဲဒီဟာကိုကျော်လွန်ပြီးလုပ်ထားတာဆိုတော့ အရေးယူမှုလာရမယ်၊ အရေးယူပြီးတော့မှ ဥပဒေအရဆောင်ရွက်ရမှာဖြစ်တယ်။ ကျနော်ပြောချင်တာက အဲဒီလိုပါ။ အဓိကကတော့ ဒီတစ်ရှူး ငှက်ပျောကိစ္စကလည်း ထိန်းချုပ်ရမယ့်အထဲမှာပါတယ်။ နောက် ဒီတစ်ရှူးငှက်ပျောကားတွေ ဝင်လာတယ်၊ ပြန်ထွက် သွားတယ်။ ဒီကားတွေကို အခွန်အကောက်တွေ ကောက် တယ်ပြောတယ်၊ ဒါပေမယ့် ဒီကားတွေကို ဘယ်သူ့ခွင့်ပြုချက်နဲ့ အစီးရေဘယ်လောက် ဒီလုပ်ငန်းတွေမှာသုံးနေတယ် ဆိုတာ စိစစ်ရမယ်။ ခုနကပြောတဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေအရဆိုရင် လုပ်ငန်းမှာသုံးဖို့ကားတွေကို အတိအကျ Register လုပ်ရမယ်။ ဒီကိစ္စတွေမှာ ပြည်နယ်အစိုးရရဲ့ ထိန်းချုပ်ဆောင်ရွက်မှု အလွန်အားနည်းတာကို ကျနော်တို့မြင်ရတယ်။ အမှန်ကတော့ တရားမဝင်တဲ့ ကုမ္ပဏီ (၄၉) ခုကို ဘာလို့အရေးမယူသလဲဆိုတဲ့ မေးခွန်းတစ်ခုကို အရင်ဖြေရှင်းရမှာဖြစ်တယ်။ အရေးယူလို့မရဘူးဖြစ်နေတယ်။ ဘာလို့မရဘူးလဲဆိုတာတော့ သူတို့ပဲသိမယ်။ ဒါပဲကျနော် ပြောချင်တယ်။

MKL / ကချင်အမျိုးသား ကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာMကောန်လ

ငြမ်းမီဒီယာ – ဒီကိစ္စအပါအဝင် မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့ Business Ethic နဲ့မကိုက်ညီတဲ့အချက်တွေကို တရုတ်သမ္မတခရီးစဉ်မှာ မြန်မာဘက်က ဆွေးနွေးညှိနှိုင်းနိုင် လိမ့်မယ် လို့ ယူဆပါသလား။

Dr.MKL – ကျနော်ထင်တာကတော့ ဒီတစ်ရှူးငှက်ပျောကိစ္စကိုတော့ မပြောလောက်ဘူးဗျ။ ဒီကိစ္စက တကယ့် Geopolitic အရဆိုရင် သေးသေးလေးဖြစ်သွားတာ။ အဲဒီထက်အရေးကြီးတဲ့ တကယ့်ကိစ္စတွေပဲ ပြောဖြစ်မှာပေါ့။ သူလာမှာက (၂) ရက်တည်း၊ တွေ့မှာတွေကလည်း အများကြီး၊ နောက်ဆွေးနွေးချိန်ကလည်း (၂) နာရီ ထက်ပိုမရဘူး။ (၂) နာရီထဲမှာ ဒီကိစ္စဆီမရောက်လောက်ဘူး။ ရောက်တယ် ဆိုလည်း Border Trade Line မှာ သူ့ တခြားအရာရှိတွေနဲ့ ဒီဘက်ကမြန်မာအရာရှိတွေ ပြောတဲ့နေရာမှာ ပါချင်ပါလာနိုင်တယ်။ ဒါပေမယ့် ဒီကိစ္စကို တကယ်ပြောမှာက နိုင်ငံရေးသမားတွေပြောမှာ။ ဒီအစိုးရအရာရှိတွေ မပြောဘူးဗျ။ ကျနော့်အတွေ့အကြုံအရဆို မပြောလောက်ဘူး။ ဒီဟာကိုထောက်မှာက သက်ဆိုင်ရာပြည်နယ်မှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး ပါတီတွေကပဲ ထောက်မှာ။ သူတို့ကပဲပြောမှာ။ ဆိုတော့ တရုတ်သမ္မတတွေ့မယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေက အရေးပါလာတယ်။ ဥပမာ ကချင်ပါတီတွေနဲ့တွေ့မယ်ဆိုရင် အဲဒီပါတီတွေ ပြောမပြောဆိုတဲ့အပေါ်မှာပဲ မူတည် တယ်။ အဲဒီတော့ သူတို့အစဖော်မှပဲ ရမယ်။ ဥပမာ ကျနော်ပါရင်တော့ ကျနော်ပြောမှာပေါ့။

ငြမ်းမီဒီယာ – သိပ်မကြာသေးခင်က သမ္မတထရမ့်ဟာ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးလုပ်ဖို့ အာဆီယံခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့တယ်။ တရုတ်ကလည်း အာဆီယံအပေါ် အတိုင်းအတာတစ်ခုထိ သြဇာရှိတယ်။ ဆို တော့ အာဆီယံနိုင်ငံတွေအပေါ် ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးနှစ်ခုရဲ့ ခြေဆန့်လက်ဆန့် ကစားလာတဲ့အနေအထားက အာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့မြန်မာအတွက် ဘယ်လိုသက်ရောက်မှု တွေရှိလာနိုင်မယ်လို့ သုံးသပ်ပါသလဲ။

Dr.MKL – အဓိကက ကျနော်တို့ မြေပုံကိုသိဖို့လိုတယ်။ ကမ္ဘာ့ပထဝီအနေအထားပေါ့။ ပထဝီအနေအထားက အာဆီယံကုန်းမြင့်ကြီးတစ်ခုလုံး၊ (၁၁) နိုင်ငံလုံးက ဘယ်ဟာနဲ့ သွားပြီး ကြားခံနေသလဲဆိုတော့ အရှေ့ပစိဖိတ်မှာ တကယ့်အမေရိကန် Alliance တွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားနှစ်နိုင်ငံနဲ့ ဒီဘက် တရုတ်၊ အိန္ဒိယ၊ ပြီးတော့ အမေရိကနဲ့ဆက်စပ်တဲ့ ဒေသတွေနဲ့ ကြားခံနယ်မြေကြီးဖြစ်နေတယ်။ အာဆီယံထဲမှာ တရုတ်နဲ့ တိုက်ရိုက်ထိတွေ့တာ ဗီယက်နမ်ရှိမယ်၊ လာအိုရှိမယ်၊ နောက် မြန်မာရှိတယ်။ အဲဒီသုံးနိုင်ငံ ထိစပ်တယ်။ ဗီယက်နမ်နဲ့ မြန်မာက အထိစပ်ဆုံးပဲ။ လာအိုက နည်းနည်းပေါ့။ ဒါကမြေပုံမှာကြည့်လိုက်ရင်ပေါ်တယ်။ ဟိုဘက်က တောင်ကိုရီးယား၊ ဂျပန်ကိုကြည့်လိုက်တော့ တောင် ကိုရီးယားမှာ အမေရိကန်ရဲ့ နိုင်ငံပြင်ပအကြီးဆုံး စစ်အခြေစိုက်စခန်းကြီးကို မနှစ်ကတည်ထားတယ်။ အဲဒါက သိပ်အရေးပါတယ်။ ဒီကြားလိုင်းတစ်လျှောက် ပြန်ကြည့်ရင် အာဆီယံနိုင်ငံတွေရဲ့အနေအထားဟာ ဖိလစ်ပိုင်က တကယ့်အမေရိကန် Alliance ၊ နောက်တစ်ခါ ဗီယက်နမ်ကလည်း Alliance ပဲ။ သူကတရုတ်နဲ့ထိစပ်လို့ နည်းနည်းရှိပေမယ့် သူကအမေရိကဘက်ကိုပိုတယ်။ နောက်တစ်ခါ ထိုင်းတို့၊ စင်ကာပူတို့၊ မလေးတို့၊ အင်ဒိုတို့ကလည်း တရုတ်ဘက်သိပ် မပါဘူး။ မလေးဆို အခု ပြသနာတက်နေတယ်။

မြန်မာကဘာသွားဖြစ်နေလဲဆိုတော့ ကုန်းတွင်းပိတ်မဟုတ်ဘဲ ပင်လယ်ထွက်ပေါက်ကြီးရှိနေတယ်။ အဲဒါက တရုတ် အတွက် အဓိကအပေါက်ဖြစ်နေတယ်။ အဲဒီတော့ အမေရိကန်နဲ့ သူ့မဟာမိတ်တွေအတွက် ဆွဲရင်ဆွဲသလောက်၊ ပေါင်းပြီးလုပ်ရင် လုပ်သလောက် ကျနော်တို့မြန်မာပြည်အပေါ်မှာ အများကြီးဂယက်ရိုက်နိုင်တယ် …

မဟာသီဟာ တက်လာပြီးနောက်ပိုင်းမှာ သူပြန်ပြီးဖြေလျော့တာတွေ ဘာတွေဖြစ်လာတယ်။ အင်ဒိုကကျတော့ အမေရိကနဲ့ အနောက်ဥရောပဘက်ကိုပဲ ယိမ်းတယ်။ အာဆီယံထဲမှာကြည့်လိုက်ရင် အရေးပါတဲ့နိုင်ငံတွေ တော်တော်များများက အမေရိကဘက်ပါတယ်။ မြန်မာကပဲ ဟိုမရောက် ဒီမရောက်ဖြစ်နေတာ။ ဗမာက တရုတ်ဆွဲတာကို ခံထားရတယ်။ အာဆီယံက ကုန်းလမ်း၊ ရေလမ်း ဝင်ပေါက်ကြီးမှာ ထိုင်ထားတာဆို တော့ တရုတ်အတွက် အာဆီယံက အရေးကြီးတယ်။ တရုတ်က Malacca Strait ကိုရှောင်ချင်လို့ မြန်မာကို ဇိကုတ်ဆွဲပြီး ကျောက်ဖြူကနေ ဖြတ်ထုတ်ထားတာကိုး။ အဲဒီတော့ တရုတ်ကဆွဲရင် ဆွဲသလောက် အမေရိကကလည်း ဟိုဘက် ကပြန်ဆွဲမှာပဲ။ အခု အာဆီယံ အမေရိကန် Summit ကို ဝါရှင်တန်မှာလုပ်ဖို့ခေါ်တယ်။ အဲဒါကလည်း တခြားနိုင်ငံက ခေါင်းဆောင်တွေလာမယ် မလာမယ် Confirm ဖြစ်မှပါ။ ဒါပေမယ့် ဖိတ်တော့ ဖိတ်ထားတယ်။ လာမယ် မလာမယ်တော့ မသေချာသေးဘူး။ အဲဒါ အမေရိက ကဘာပြန်လုပ်တာလဲ ဆိုတော့ သူ့ရဲ့မဟာမိတ်တွေကို ရှင်းရှင်းလင်းလင်း ပြန်တည်ဆောက်တာ။ မနေ့တနေ့ကသတင်းမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက UAE ကိုရောက်နေတယ်။ ပြီးတော့ အီရတ် ထဲကို သူဝင်လာတယ်။ အဲဒီတော့ သူဘာပြန်လုပ်သလဲဆိုတော့ ရေနံစည် (၁ ဒသမ ၅) ဘီလီယံဆန့်တဲ့ ထိန်းသိမ်းမှုစခန်း ဂျပန်မှာတည်ဆောက် ဖို့လက်ခံလိုက်တယ်။ UAE ကရေနံတွေကို ထိန်းသိမ်းဖို့။ သူက အဲဒီလိုဝင်ပြီးဆွဲတဲ့အထဲမှာ ကြားခံနိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုကလည်း ရေနံလုပ်ငန်းနဲ့ဆက် စပ်တဲ့ MOU တစ်ခုကို UAE နဲ့ထိုးတယ်။ ဆော်ဒီတို့၊ UAE တို့အုပ်စုက အမေရိက ဘက်ကအုပ်စု။ အဲဒီတော့ အကုန် လုံးခြုံကြည့်လိုက်ရင် အာဆီယံထဲမှာလည်း အနောက်ဥရောပဘက်ကို အားသာတာရှိတယ်။ အားမသာတာက ကျနော် တို့မြန်မာရယ်၊ ကမ္ဘောဒီးယားရယ်၊ လာအိုရယ်ပဲရှိတယ်။ တကယ်တမ်းကျတော့ ဒီသုံးနိုင်ငံက ကန့်လန့်ဖြစ်နေတာ။ အဲဒီမှာ မြန်မာကဘာသွားဖြစ်နေလဲဆိုတော့ ကုန်းတွင်းပိတ်မဟုတ်ဘဲ ပင်လယ်ထွက်ပေါက်ကြီးရှိနေတယ်။ အဲဒါက တရုတ် အတွက် အဓိကအပေါက်ဖြစ်နေတယ်။

ရှီကျင်းဖျင်ကတော့ အသည်းအသန်လာပြီ။ သူလာတာက သူ့ရဲ့လိုအပ်ချက် မြန်မာမှာ (၈၀) ရာခိုင်နှုန်းအထိရှိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က နံပါတ်တစ် နားလည်ရမယ်။ အခုလူတော်တော်များများ ပြောနေတာကို ကျနော်လုံး၀ မကြိုက်တာက…

အဲဒီတော့ အမေရိကန်နဲ့ သူ့မဟာမိတ်တွေအတွက် ဆွဲရင်ဆွဲသလောက်၊ ပေါင်းပြီးလုပ်ရင် လုပ်သလောက် ကျနော်တို့မြန်မာပြည်အပေါ်မှာ အများကြီးဂယက်ရိုက်နိုင်တယ်။ အဲဒီဟာကို ဖြေလျော့ဖို့ တကယ့် Political Grand Strategy တစ်ခုကို ကျနော်တို့ Think Tank ကတည်ဆောက်ရမယ်။ အဲဒါကို လက်ရှိအစိုး ရက Prepare လုပ်ပြီလားဆိုတဲ့မေးခွန်း ကျနော်မေးချင်တယ်။ အမှန်ကတော့ ဒါ အစောကြီး ကတည်းက ပြင်ဆင်ထားရမှာ။ အခုမှကပ်ပြင်ဆင်မယ်ဆိုရင်လည်း အများကြီးနောက် ကျတယ်။ ဒါပေမယ့် ဒီဟာက ဒီနေ့လုပ် ဒီနေ့အကျိုးရှိတယ်၊ နောက်ရက်ရွေ့ရင် ရွေ့သလောက်ဆိုးကျိုးရှိတယ်။ ကျနော် အကြံ ပြုချင်တာက ကျနော်တို့မြန်မာ Think Tank က ပြည်ထောင်စုပေါ့ ရှိသမျှပညာရှင်တွေအားလုံးက ဒီကိစ္စကို Think Tank အနေနဲ့ သေသေချာချာ Strategy ဆွဲထားဖို့တော့ လိုနေပြီလို့ကျနော်မြင်တယ်။ အဲဒါကို လက်ရှိအစိုးရက ဘယ်လောက် ဘယ်လို လုပ်မလဲဆိုတဲ့ အဲဒီမေးခွန်းလိုတယ်။ US ကတော့ ကစားဦးမှာပဲ။ ကျနော်တို့ကလည်း တရုတ်ဆွဲရင်ဆွဲသလောက် ခံရမယ့်အပိုင်းတွေရှိတယ်။ ကျနော်တို့ပြင်ဆင်ချက်က ကျနော်တို့ရဲ့ Grand Strategy ကိုဆွဲမယ့် Think Tank ကအရေးကြီးလာပြီ။ ကျနော်လောလောဆယ် မြင်တာကတော့၊ အတွင်းကျကျတော့မသိဘူးပေါ့၊ အပြင်မှာတော့ မြန်မာ Think Tank က ဒီအတွက်ကို အသေအချာပြင်ဆင်တာ မရှိသေးဘူးလို့ ကျနော်မြင်နေတယ်။ အဲဒါကလည်း စိုးရိမ်စရာအချက်ထဲမှာ ပါနေတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါဦး။

Dr.MKL – ကျနော်တို့ သတိထားရမှာက ခုနကပြောသလိုပေါ့၊ ရှီကျင်းဖျင်ကတော့ အသည်းအသန်လာပြီ။ သူလာတာက သူ့ရဲ့လိုအပ်ချက် မြန်မာမှာ (၈၀) ရာခိုင်နှုန်းအထိရှိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က နံပါတ်တစ် နားလည်ရမယ်။ အခုလူတော်တော်များများ ပြောနေတာကို ကျနော်လုံး၀ မကြိုက်တာက ကျနော်တို့ကတရုတ်အပေါ်မှာ မှီခိုနေတယ်၊ တရုတ်ကိုလိုတယ်ချည်းပြောနေကြတယ်။ ဟိုတနေ့က Debate မှာလည်း စီးပွားရေးပညာရှင်ဆိုတဲ့ဦးအေးမင်းလား ဘာလားမသိဘူး၊ ကြားဖြတ်ပြီးတော့ Comment ပေးတဲ့အထဲမှာ မြန်မာက တရုတ်ကိုမရှိမဖြစ်လိုတယ်ဆိုပြီး ပြောင်းပြန်ကြီးပြောတယ်။ လူတွေကထင်တာက တရုတ်ကလာတဲ့ အပ်က အပ်ချည်ကအစ သုံးနေရတယ်၊ ဒါကြောင့် တရုတ် က မရှိမဖြစ်လိုအပ်တယ်ပေါ့။ ဒါကလည်း တရုတ်ရဲ့မဟာဗျူဟာတစ်ခုပါ။ မရှိမဖြစ် ဖြစ်အောင်သူလုပ်တယ်။ အဲဒီတော့ ကျနော်တို့က နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ လုံးလုံးမှီခိုရတဲ့သူ ဖြစ်သွားတာပေါ့။ အဲဒီဘဝကို ဖန်တီးခံထားရသော်ငြားလည်းပဲ ဒီနေ့ ကျောက်ဖြူပြသနာ၊ ရခိုင်ပြသနာမှာ ကျနော်တို့ ကောင်းကောင်းကစားနိုင်မယ်ဆို ဒီမှီခိုနေရသူဘ၀ ကနေ လွတ်မြောက်အောင်ရုန်းထွက်နိုင်တယ်။ ဒါက မြန်မာ နိုင်ငံသားအားလုံးကို ကျနော်အကြံပြုချင်တာပါ။ Message ပေးချင်တာ။ ကျနော်တို့စိတ်ထဲမှာ ကျနော်တို့က တရုတ်ကိုလိုတယ်ချည်းပဲမသတ်မှတ်နဲ့၊ တရုတ်က ကျနော်တို့ကို တကယ်လိုအပ်တဲ့အချိန်ရှိနေပြီ။ အဲဒီရှိနေတဲ့နေရာကို အကျိုးရှိရှိအသုံးချစေချင်တယ်၊ ကျနော်တို့ရဲ့တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းကို အကောင်းဆုံးဖန်တီးစေချင်တယ်။ ဖန် တီးလို့လည်း ရတဲ့အနေအထားရှိတယ်။ ကျနော်ခုနကပြောခဲ့တဲ့ အချက်အလက်တွေအားလုံးအပေါ် ခြုံကြည့်မယ်ဆိုရင် ဖန်တီးလို့ရပါတယ်။ ဖန်တီးနိုင်တဲ့ အစွမ်းသတ္တိရှိဖို့ပဲလိုတယ်။ ဉာဏ်ရှိဖို့ပဲလိုတယ်။ အဲဒါကို ကျနော်ပြောချင်တယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ရှီကျင့်ဖျင် မြစ်ဆုံကိစ္စပြောမှာမဟုတ်ဘူး။ ပြောရင်လည်း သူနိုင်ငံရေးကစားဖို့ သက်သက်လောက်ပဲ ပြောမယ် – အပိုင်း (၁)


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,