မြန်မာတွင် ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာအလွန်များနေ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Christian Slater

မြန်မာတွင် ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာအလွန်များနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန က သတင်း ထုတ်ပြန်သည်။

မတ်လ(၂၉) ရက်နေ့ ၊ည ဆယ်နာရီခွဲ၊ကျန်းမာရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် အရ COVID-19 ရောဂါပိုး တွေ့ရှိသူ Case -9 သည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက်ခဲ့သူဖြစ်သည်။

Case -9 သတင်းအားထုတ်ပြန်ပြီး ည ဆယ့်တစ်နာရီကျော်ခန့်တွင် မြန်မာတွင် ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာအလွန်များနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန က သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြဝတီ-မဲဆောက်တံတားမှ တစ်ဆင့် မတ်လ၊၁၉ ရက်နေ့မှ မတ်လ၊၂၈ ရက်နေ့ အထိ တရားဝင် ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်းမှာ (၂၃,၀၀၀) ဦးကျော် ရှိသည်။

အဆိုပါပြန်လည် ဝင်ရောက် လာသူများသည် မြန်မာနိုင်ငံအနှံ့အပြားသို့ ရောက်ရှိ နေပြီဖြစ်ကာ ပြန်လည် ဝင်ရောက် လာသူ များတွင် COVID-19 ရောဂါကူးစက်ခံရ သူများ ပါဝင်လာနိုင်ချေ များပြားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြန်လည်ရောက်ရှိလာသူများ စာရင်းနှင့် နေထိုင်ရာပြမြေပုံ (mapping) များကို ပြုစုထားရှိကာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ မြို့နယ်များသို့ ပေးပို့၍ မြို့နယ် ဆရာဝန်များက ဦးဆောင်ပြီး အသွားအလာကန့်သတ်မှုများပြုလုပ်၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်ခြင်းနှင့် လတ်တလောကာလအတွင်း မိမိကိုယ်တိုင်၊ မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်တွင် ခရီးသွားရာဇဝင်ရှိပြီး ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းဖြစ်ပွားမှုများ ရှိပါက အနီးဆုံး ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ခြင်း၊ သွားရောက်ပြသကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားသည်။

မတ်လ(၂၉)ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း(၁၀) ဦးရှိပြီးဖြစ်သည်။ အဆိုပါ (၁၀) ဦး တွင် တစ်ဦးမှာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ကာ မတ်လ(၂၆)ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး မတ်လ(၂၆) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆို ခြင်း ရောဂါလက္ခဏာများခံစားခဲ့ရပြီး ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှု ခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ် ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လူနာအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှု ပေးမည်ဟု သတင်း ထုတ်ပြန်ချက်က ဆိုသည်။

ပြည်သူများအနေဖြင့် ရောဂါပိုးမကူးစက်စေရန်အတွက် မလိုအပ်ပါက အပြင်မထွက်ဘဲ မိမိတို့၏ နေအိမ်များ၌သာ နေထိုင်ကြရန် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာနှင့် လူမှုကွန်ရက် facebook စာမျက်နှာများမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသော အသိပေးကြေညာချက်များ၊ လမ်းညွှန်ချက်များ လေ့လာဖတ်ရှု၍ သေချာစွာ လိုက်နာ ကျင့်သုံးဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,