မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ရိုက်ခတ်နိုင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တရုတ်၏ BRI (Belt and Road Initiative) စီမံကိန်းကို CMEC (China – Myanmar Economic Corridor) ခေါင်းစဉ်ဖြင့် ဖော်ဆောင်ရန်ကြိုးပန်းမှုသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ ရှိလာနိုင်စေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ရိုက်ခတ်မှု ရှိလာနိုင်ကြောင်း Transnational Institute (tni) ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

နိုဝင်ဘာ (၇)၊ ၂၀၁၉၊ ရန်ကုန်
The Nyang News

တရုတ်၏ BRI (Belt and Road Initiative) စီမံကိန်းကို CMEC (China – Myanmar Economic Corridor) ခေါင်းစဉ်ဖြင့် ဖော်ဆောင်ရန်ကြိုးပန်းမှုသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ ရှိလာနိုင်စေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ရိုက်ခတ်မှု ရှိလာနိုင်ကြောင်း Transnational Institute (tni) ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထိုအချက်နှင့်ပတ်သက်၍ လက်ရှိမြန်မာနိုင်ငံ၌ ဆောင်ရွက်နေသည့် တရုတ်စီမံကိန်း (၄) ခုကို tni အစီရင်ခံစာတွင်ဖော်ပြထားရာ (၁) မြန်မာ – တရုတ်နှစ်နိုင်ငံလျှပ်စစ်သွယ်တန်းခြင်းစီမံကိန်း၊ (၂) တရုတ် – မြန်မာ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်း (၃) တရုတ် – မြန်မာ ကုန်းလမ်းနှင့် ရေလမ်းစီမံကိန်း၊ (၄) အထူးစီးပွားရေးဇုန်စီမံကိန်း တို့ဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၎င်းစီမံကိန်းများကို လုပ်ကိုင်ခွင့်ရရန် တရုတ်နိုင်ငံပိုင်လုပ်ငန်းများနှင့် ပြည်နယ်အစိုးရများသည် ချဉ်းကပ်စည်းရုံးမှုများ လုပ်ခဲ့ကာ ဗဟိုအစိုးရလည်း ပံ့ပိုးပေးခဲ့ကြောင်း tni အစီရင်ခံစာကဆိုသည်။

ထို့အပြင် အဆိုပါစီမံကိန်းများတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးတိုင်ပင်မှုမရှိခြင်း၊ စီးပွားရေးအရတွက်ခြေကိုက်မှု မသေချာခြင်း စသည့်အချက်များလည်းရှိနေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

BRI စီမံကိန်းသည် ရိုဟင်ဂျာအရေးကြောင့် မြန်မာနှင့် နိုင်ငံတကာအသိုင်းအဝန်းကြား ဆက်ဆံရေးအက်ကြောင်းဖြစ်လာမှုကို အခွင့်ကောင်းယူကာ မြန်မာနိုင်ငံ၌ တရုတ်၏ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအခွင့်အလမ်း မြှင့်တင်ရန် ဖော်ထုတ်ထားသည့် နောက်ဆုံးမူဘောင်တစ်ခုဖြစ်ကြောင်း tni အစီရင်ခံစာက ဝေဖန်သုံးသပ်ထားသည်။

အဆိုပါအစီရင်ခံစာကို ယနေ့မွန်းလွဲ (၁) နာရီက Myanmar Press Freedom Center တွင်ပြုလုပ်သော ‘ပိုးလမ်းမစိတ် ဓာတ်ကို ဈေးကွက်တင်ခြင်း’ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံရှိ တရုတ်၏ ခါးပတ်လမ်းစီမံကိန်း (BRI) အကြောင်းဆွေးနွေးပွဲ၌ tni မှတာဝန်ရှိသူတစ်ဦးက ဖတ်ကြားဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – ငြမ်း

tni အစီရင်ခံစာကို ဖတ်ကြားဆွေးနွေးနေစဉ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။