မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှု အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိဟုဆို

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏အတိုင်ပင်ခံရုံး

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှု အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

သြဂုတ်(၂၀)၊၂၀၁၉၊ရန်ကုန်

သြဂုတ်လ(၂၀)ရက်နေ့က ရန်ကုန်မြို့Novotel Yangon Max Hotel တွင်ကျင်းပသည့်တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ် လာစေရေး မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၁ ဘီလီယံ အထိ တိုးတက်လာခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အစိုးရ၏ ပြုပြင် ပြောင်းလဲမှုများကြောင့် ကုမ္ပဏီသစ်များ၊ ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို တွင်ကျယ်လာသည်ကို တွေ့နိုင်သည် ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ယင်းအပြင် ဂျပန်နှင့်အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံခြင်းနှင့် မြန်မာ့စွမ်းအင်ကဏ္ဍတွင် ဂျပန်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု များကို ၎င်းအနေဖြင့်ကြိုဆိုကြောင်းပြောကြားခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ကုမ္ပဏီပေါင်း (၁၀၈)ခုကျော် ရင်းနှီးမြှုုပ်နှံလျက်ရှိသည်။ ထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများ ဖြစ်ပြီးဂျပန်နိုင်ငံ၏ မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီများ ဖြစ်သော Suzuki နှင့် Toyota တို့ အပြင် Yakult Probiotic drink လုပ်ငန်းလည်း ပါဝင်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းဇယားများ အရ ဂျပန်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံသို့ ဝင်ရောက် လာသည့် ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ကုန်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၇၉၆ သန်းရှိသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၉ ခုနှစ် နှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟုရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောသည်။

ယနေ့ကျင်းပသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ် လာစေရေး မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် အခမ်းအနား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။