မြန်မာဘက်နား ကပ်လာတဲ့ ဘင်္ဂလားဒေ့ရှ် စစ်ရဟတ်ယာဉ် ပျက်ကျဆိုတဲ့ သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မြန်မာဘက်နားကပ်လာတဲ့ ဘင်္ဂလားဒေ့ရှ် စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျတယ်ဆိုတဲ့ အကြောင်းအရာ ကို Sitt Thway May အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာ(၁၆) ရက်နေ့မှာ ဖြန့်ချိထားတာတွေ့ရပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

Sitt Thway May ဖေ့စ်ဘွတ်အကောင့်ဟာ ဘင်္ဂလားဒေ့ရှ် စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျတယ်ဆိုတဲ့ အကြောင်းအရာအပြင် NLD အစိုးရ သက်တမ်းကုန်ဆုံးပါက တပ်မတော်အာဏာ ထိန်းသိမ်းထားမည်၊ တပ်မတော်က အိမ်စောင့်အစိုးရ ဖွဲ့လိုက်ပြီ စတဲ့ သတင်းအမှားတွေကို လည်း ဖြန့်ချိထားတာတွေ့ရပါတယ်။Sitt Thway May ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ သတင်းအမှားတွေ ကို သည်နေရာ  နဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာ  နဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

တပ်မတော်က အိမ်စောင့်အစိုးရ ဖွဲ့လိုက်ပြီ ဆိုတဲ့ အကြောင်းအရာ နဲ့ ပတ်သက်ပြီး အချက်အလက် စစ်ဆေးထားမှုကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Sitt Thway May ဖေ့စ်ဘွတ်အကောင့် က နေ ဖြန့်ချိထားတဲ့ ဘင်္ဂလားဒေ့ရှ် စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက်စစ်ဆေးကြည့်ရာမှာ ဘင်္ဂလားဒေ့ရှ် စစ်ရဟတ်ယာဉ် ပျက်ကျတဲ့ အကြောင်းအရာဟာ ၂၀၁၃၊ ဇူလိုင်(၁၃) ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာဟောင်း တစ်ခုသာ ဖြစ်ပါတယ်။  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

SS / bdnews24.com တွင် ဖော်ပြထားတဲ့ သတင်း

Sitt Thway May ဖေ့စ်ဘွတ်အကောင့်ဟာ ၂၀၁၃ ၊ဇူလိုင် (၁၃) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာဟောင်းကို သည်နေ့ပဲ ဖြစ်သယောင် ပြန်လည်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သည်နေ့ ဘင်္ဂလားဒေ့ရှ် စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းလုပ်ငန်းစဉ်တွေနဲ့ အညီ ဖော်ပြတဲ့ သတင်းဌာနတွေမှာ သည်သတင်းအဖြစ်အပျက်ဖော်ပြထားတာ မရှိပါဘူး။ သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Sitt Thway May ဖေ့စ်ဘွတ်အကောင့် က ဖော်ပြထားတဲ့ အကြောင်းအရာဟာ သတင်းအမှား သာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

ရွေးကောက်ပွဲ အလွန်ကာလမှာလည်း သတင်းအတု၊ သတင်းအမှား အကြောင်းအရာတူတွေကို ကို အများပြည်သူထင်ယောင်ထင်မှား ဖြစ်အောင် အချိတ်အဆက် နဲ့ ဖြန့်ချိနေတဲ့ ပုံသဏ္ဍန်တွေကို တွေ့ရှိလာရပါတယ်။ အများပြည်သူအနေနဲ့ သတင်းအတု၊ သတင်းအမှား တွေကို အထူးသတိပြုဖို့ လိုအပ်ပါတယ်။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,