မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦး ဓါးထိုးခံရ ဆိုတဲ့ သတင်းအမှား ဖြန့်ချိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး ဓါးထိုးခံရ ဆိုတဲ့ သတင်းကို လူမှုကွန်ရက်မှာ မျှဝေနေ ကြပါတယ်။ သည် သတင်းနဲ့ ပတ်သက်ပြီး ပြောပြလိုပါတယ်။

သည်သတင်းကို မျှဝေနေသူတွေ၊ မှတ်ချက်ပေးသူ အများအပြား ကို လည်း တွေ့ရပါတယ်။

ဖေ့စ်ဘွတ်ခ် မှာ မျှဝေ၊မှတ်ချက်ပြုနေတဲ့ သတင်းအမှား မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

× မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး လှည်းတန်း အနီးတွင် ဒါးထိုးခံရ။

မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာဆိုသူ အောင်မျိုး သည် ယနေ့နံနက်(၈)နာရီက လှည်းတန်းအဝိုင်းအနီး ဇနီးဖြစ်သူနှင့် အတူ မုန့်ဟင်းခါးစားပြီးဆိုင်မှအထွက် အမည်မသိ အမျိုးသား သုံးဦးမှ နောက်မှနေ၍ ဒါးဖြင့်လိုက်ထိုးသဖြင့် နောက်ကျောညာ ဖက်တွက်တချက် လည်ပင်းနောက်ဂုတ်တွင် ပြတ်ချ ဒဏ်ရာ တစ်ချက်ဖြင့် ကမာရွတ်အရေးပေါ်ကားဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်လိုက်ကြောင်း Burma Online Media Page တွင်ရေးသားဖော်ပြထားပါသည်။

သူနှင့်အတူပါလာသော ဇနီးသည်မှာ ထိခိုက်ဒဏ်ရာ တစုံတရာ မရရှိခဲ့ပေ။ ဇနီးသည်က ပတ်ဝန်းကျင်အား အော်ဟစ် အကူအညီ တောင်းသည့်အတွက် အဆိုပါ အမျိုးသား(၃)ဦးမှာ Toyota အဖြူရောင်ကားပေါ်သို့ ပြေးတက်ထွက်ပြေးသွားပြီး ယခုအခါ ကမာရွတ် ရဲစခန်းမှ ကျုးလွန်သူများအား လိုက်လံ ရှာဖွေ လျှက်ရှိနေပါသည်။

ယခုအခါ သတင်းသမားအချို့ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ နေကြပြီး အောင်မျိုးမှာ အရေးပေါ်ခွဲစိတ်ခန်းထဲသို့ ရောက်ရှိ နေသည့် အတွက် လူနာ၏အသက်အန္တာရာယ် အခြေအနေကိုမသိရသေးပါ။

Crdt: Burma Online Media ×

သည်သတင်းကို ဖော်ပြသူ(သို့) ဖြန့်ဝေရေးသားသူ နေရာမှာ Burma Online Media လို့ အသုံးပြုထားတာ တွေ့ရပေမယ့် Burma Online Media လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ ကိုတော့ ဖေ့စ်ဘွတ်ခ်ပလက်ဖောင်း မှာ တွေ့ရှိခြင်း မရှိပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး လှည်းတန်း အနီးတွင် ဓါးထိုးခံရ ” သတင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ကာယကံရှင်ပုဂ္ဂိုလ်ထံ ဆက်သွယ်ကာ သတင်း အမှား၊အမှန် အချက်အလက်စစ်ဆေးခဲ့ရာ သတင်း အမှားသာ ဖြစ်တယ်လို့ ကာယကံရှင်ဖြစ်တဲ့ ဒေါက်တာအောင်မျိုးက ငြမ်းမီဒီယာ ကို အတည်ပြု ပြောပါတယ်။

“ သတင်းအမှားက ရိုးရိုးသတင်းမှားတောင် မဟုတ်ဘူး။ လုပ်ကြံ တယ်။ သေသေ ချာချာ ကျနော့်ပုံနဲ့ လူထုမှာ ကျနော်ပြောတဲ့ ပုံရယ် နောက်အဲ့ဒါကို ယူတယ်။ ဆေးရုံက ပုံယူတယ်။ ရုတ်တရက် ကြည့်လိုက် ရင် အစစ်လိုလိုနဲ့ ” လို့ ဒေါက်တာအောင်မျိုး က ပြောပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုး ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုသူ တစ်ယောက် ဖြစ်ပြီး အထူးသဖြင့် Arakan Army နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကြောင့် ခြိမ်းခြောက် ခံရမှုတွေ၊ အဆဲခံရမှုတွေ၊ မက်ဆင်ဂျာမှ ဖုန်းခေါ်ကာ ပုဆိုးလှန်ပြမှုတွေ ကြုံခဲ့ရတယ်လို့ ဒေါက်တာ အောင်မျိုးက ပြောပါတယ်။

လူ့အခွင့်အရေး၊နိုင်ငံရေးအရ မိမိတို့ရဲ့ ယုံကြည်မှုတွေကို ပြောဆိုရာမှာ ခြိမ်းခြောက်ခံရမှုတွေ၊ တရားစွဲဆိုခံရမှုတွေ၊ ပုံဖျက် ခံရမှုတွေ၊ ပုဂ္ဂိုလ်ရေးအရ သတင်းမှားနဲ့ တိုက်ခိုက် ခံရမှုတွေ၊ သည်သတင်းမှားတွေကို ဆိုရှယ်မီဒီယာတွေမှာ ရည်ရွယ်ချက် ရှိရှိ ဖြန့်ဝေနေသူတွေ လည်းရှိပါတယ်။

လူ့အခွင့်အရေး၊ လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီး မက်ဆင်ဂျာ ကနေ၊ ဗိုက်ဗာကနေ ခြိမ်းခြောက်မှုတွေ အများကြီးကြုံရတယ်။ သို့သော် လည်း ဘယ်သူ့ဆီကမှ အကာအကွယ် ရခဲ့တာမျိုး မရှိဘူး လို့ အသံ အဖွဲ့ တည်ထောင်သူ မောင်ဆောင်းခ က ငြမ်းမီဒီယာ ကို ပြောပါတယ်။

သည်လို သတင်းအမှားတွေကြောင့် မိသားစုအနေနဲ့ စိုးရိမ် ပူပန်မှုတွေ၊ ဖိအားတွေ ရှိသော်လည်း မှန်တယ် ထင်တဲ့ အပေါ်မှာပဲ ရပ်တည် သွားမယ်လို့ ဒေါက်တာ အောင်မျိုး ကပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ ဆိုက်ဝါးတွေပေါ့။ ဒါ ဆိုက်ဝါးစစ်စစ် ခြိမ်းခြောက်တာပေါ့။ ဒီကောင်တွေလုပ်တာပဲ” လို့ သတင်းအမှား ဖြန့်ချိနေမှုနဲ့ ပတ်သက်ပြီး ဒေါက်တာအောင်မျိုး က မှတ်ချက်ပြုပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,