ပထမဦးစွာ လူထုကို သတင်းမှန်သိစေချင်တယ်။
အရေးမကြီးဘူး။ အရေးကြီးတယ်။ တရုတ်အနေနဲ့ ဘာတွေ ရမသွားဘူး။ ဘာတွေရသွားတယ်။ ပြည်မမှာပဲလုပ်တယ်။ ပြည်နယ်တွေမှာမလုပ်ဘူး။ မြစ်ဆုံစီမံကိန်းပါတယ်။ မပါဘူး။
တရုတ်ကြီးက ‘စပါးနဲ့နွားပဲ’ ရသွားတယ် . . စတဲ့ မတိကျတဲ့ သတင်းတွေနဲ့ ပြည်သူကို အလွဲတွေပေးနေတာမြင်ရလို့ပါ။
MPO
-သတိပြုရမည့်အချက်
သတိပြုရမှာက နိုင်ငံတကာစာချုပ်တွေမှာသုံးတဲ့ စကားလုံးတွေပါ
ဒီ (၃၃) ချက်မှာ စကားလုံး (၃) မျိုး ပါပါတယ်။
ဒီ စကားလုံးတွေက အဓိပ္ပာယ်မတူပါ
၁။ Letter of intent (စာလွှာ)
၂။ MOU (နားလည်မှု စာချွန်လွှာ)
၃။ MOA (သဘောတူညီချက်)
၁။ Letter of intent (စာလွှာ)
အဓိပ္ပာယ်က …
“ ဥပဒေကြောင်းအရ သဘောတူညီချက်များရရန်အတွက် နားလည်မှုများကို အခြေခံအချက်များ နှစ်ဦးနှစ်ဖက်အကြား တင်သွင်းသောစာလွှာ”
မြန်မာနဲ့တရုတ်ကြားမှာ စာလွှာ (၁၀) ခု လက်မှတ်ထိုးတယ်။
အဲဒါတွေက နောင်အချိန်မှာ ဥပဒေကြောင်းအရ သဘောတူညီချက်တွေဖြစ်ဖို့ ကြိုးစားလာမယ်။
အဲဒါတွေက ဘာတွေလဲ . . .
ရန်ကုန် ရဲကွပ်ကဲမှုဗဟိုဌာန လွှဲပြောင်းရေး
ရန်ကုန် ရဲ ကင်းလှည့်ရေယာဉ် (၆) စီး ပေးအပ်ရေး
(၃) နှစ်တာ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဖြစ်နိုင်ချေ လေ့လာမှု
စိုက်ပျိုးရေးထုတ်ကုန် အရည်အသွေးထိန်းချုပ်မှု ဗဟိုဌာန စီမံကိန်း
မူဆယ် – မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေ လေ့လာရေး
မန္တလေး – ထီးချိုင့် – မူဆယ် လမ်းနဲ့ နေပြည်တော်- ကျောက်ဖြူ အဝေးပြေးလမ်းမကြီး ဖြစ်နိုင်ခြေလေ့လာရေး
ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
မီးလင်းချိုင်သဘာဝဓါတ်ငွေ့မှ ဓါတ်အားထုတ်လုပ်ရေး
ကချင်ပြည်နယ် IDP များ ပြန်လည်နေရာ ချထားရေး
MPO
အထက်ပါစာလွှာ (၁၀) ခုမှာ မြန်မာအတွက်ရတာက စိုက်ပျိုးရေးထုတ်ကုန် အရည်အသွေးထိန်းချုပ်မှုဗဟိုဌာနနဲ့ ကချင် IDP များကိစ္စပဲ ပါတယ်။ ကျန်တဲ့ (၈) ခုက တရုတ်အတွက် ပိုကောင်းနေတယ်။
ရန်ကုန်ရဲကိုကူရင်း သူလုပ်မယ့် ဆိပ်ကမ်းလုံခြုံရေးကို ထိန်းတယ်။
ရန်ကုန်မြို့သစ်နဲ့အတူ ရန်ကုန်မြို့ဟောင်းကို သူ့လက်သူ့ခြေဖြစ်အောင် ဖွံ့ဖြိုးရေးကူမယ်။ ဂျပန်ကို သွယ်ဝိုက် ပ ထုတ်ဖို့ ပြင်တယ်။
သဘာဝဓါတ်ငွေ့တစ်ခု ထပ်ထုတ်ဖို့လုပ်တယ်။
ထီးချိုင့်ကနေ မူဆယ်အထိ ကျောက်ဖြူ – မန္တလေး – နေပြည်တော် လမ်းအူကြောင်းကို စီမံတယ်။
ဂျပန်တွေလုပ်မယ့် ရန်ကုန် – မန္တလေး အမြန်ရထားလမ်းနဲ့ အပြိုင်ဝင်လုပ်ဖို့ရည်ရွယ်တာ ဖြစ်နေတယ်။
၂။ MOU (နားလည်မှု စာချွန်လွှာ)
အဓိပ္ပါယ်က …
“ ဥပဒေအရ ချိတ်ဆက်မှုမရှိပါ။ လွတ်လပ်သော အကြို အဆိုပြုချက်များဖြစ်ပြီး နောင် သဘောတူညီချက်များ စေ့စပ်ညှိနှိုင်းရန် လွယ်ကူအထောက်အကူပြုချက်များဖြစ်သည်။”
မြန်မာ – တရုတ်ကြားမှာ MOU (၁၄) ချက် ပါတယ်။
အဲဒါတွေက . . .
2020 လန်ချန်မဲခေါင်မှာ မြန်မာနေ့ပူးတွဲကျင်းပရန်
ရွှေလီ မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်ကိစ္စ
ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့ထူထောင်မှု
ကုန်ထုတ်စွမ်းအားနှင့် ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး
အခြေခံအဆောက်အဦ ဖွံ့ဖြိုးမှု မြှင့်တင်ရေး
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး
နိုင်ငံခြားရေးဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရေး
တရုတ်မြန်မာ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓါတ်အားလိုင်းများစီမံကိန်း ဖြစ်နိုင်ချေလေ့လာရေး
ရန်ကုန်တိုင်းနဲ့ ယူနန်ပြည်နယ် ချစ်ကြည်ရေး
မန္တလေးနဲ့ ယူနန် CMEC အတွက် ဒေသန္တရ အဆင့် ပူးပေါင်းရေး
နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်များ ပူးပေါင်းဆောင်ရွက်ရေး
ရန်ကုန်မြစ်အနောက်ဘက်ကမ်း ထိန်းသိမ်းရေး
မန္တလေး – ပုဂံရထားလမ်း ဖြစ်နိုင်ချေလေ့လာရေး
ဝတစ်လုံး ဥမင်လှိုဏ်ခေါင်းစီမံကိန်း
အထက်ပါ (၁၄) ချက်ကိုကြည့်ရင် မြန်မာဘက်က အရေးမပါတဲ့ မြန်မာနေ့ကျင်းပရေးတို့ ဘောလုံးအဖွဲ့ချုပ်တို့ပါဝင်နေပြီး
အရေးပါတာကတော့ လူ့စွမ်းအားအရင်းအမြစ်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနခြင်း ပူးပေါင်းဆောင်ရွက်မှုတို့ပဲ ဖြစ်နေတယ်။ ကျန်တဲ့ (၁၀) ချက်လုံး တရုတ်တို့လိုအပ်တာကို လုပ်ယူဖို့ ဆောင်ရွက်တာလို့ ယူဆပါတယ်။ ရန်ကုန်ကို အလုံးစုံထိန်းချုပ်ဖို့ ပြင်တယ်။
MPO
CMEC အတွက် အခြေခံအဆောက်အဦတွေ Border Trade အတွက် ကုန်သွယ်မှုမြှင့်တင်ရေးခေါင်းစဉ်နဲ့ စက်မှုဇုန်များအတွက် ကုန်ထုတ်စွမ်းအားနဲ့ ရင်းနှီးမြုပ်နံှမှုလုပ်ထားတယ်။
ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ဆက်စပ်တဲ့ နယ်စပ်ဖြတ်ကျော်လျှပ်စစ်သွယ်တန်းမှုတွေ မူဆယ်ကို နယ်စပ်ကုန်သွယ်ရေး ဗဟိုပြုလုပ်တာတွေ ပုဂံကို Tourism အတွက် ချုပ်လိုတာတွေ အကုန်ပါနေတယ်။
ကျနော့်ယူဆချက်က ဒီ MOU (၁၄) ချက်က အရေးအကြီးဆုံးဖြစ်နေတယ်။ MOU ဆိုတာ ဥပဒေအရ မချိတ်ဆက်ပေမဲ့ နောင်သဘောတူညီချက်တွေအတွက် အကြိုတွေဖြစ်နေတယ်။ အရေးကြီးလှတဲ့ ကိစ္စတွေဖြစ်တယ်။
(ဆက်ပါအုံးမည်)
ဒေါက်တာ Mကောန်လ
မှတ်ချက် ။ ။ ဒေါက်တာ Mကောန်လသည် ကချင်အမျိုးသားကွန်ဂရက်ပါတီ၏ ဥက္ကဌဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
မြန်မာ – တရုတ် လက်မှတ်ရေးထိုးသော အချက် (၃၃) ချက်အပေါ် သုံးသပ်တင်ပြချက် (၂)