မွတ်ဆလင်ရေးရာဝန်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည်လုပ်ပေးမယ်ဆိုတဲ့ သတင်းအမှားဖြန့်ချိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

၂၀၂၀ ရွေးကောက်ပွဲပြီးရင်ပြည်နယ်/တိုင်းဒေသကြီးတွေမှာ မွတ်ဆလင်ရေးရာ ဝန်ကြီးဌာနတွေ ဖွင့်ခွင့်ရဖို့ လုပ်ပေးမယ် လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်အကြောင်းပြောပြလိုပါတယ်။

ဒီသတင်းရေးသားသူနာမည်နေရာမှာ ‘စည်သူအောင်’ လို့ဖော်ပြထားပြီး ဒီသတင်းကို ‘နေလ New Media’ facebook Page က ဇူလိုင်လ (၂၄) ရက်နေ့ မနက်ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

‘နေလ New Media’ facebook Page မှာဖော်ပြထားတဲ့ သတင်းအမှားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

× #၂၀၂၀ ရွေးကောက်ပွဲ ပြီးရင်ပြည်နယ်/တိုင်းဒေသကြီး တွေမှာ မွတ်ဆလင်ရေးရာဝန်ကြီး ဌာန တွေဖွင့်ခွင်ရဖို့ လုပ်ပေးရမယ်ဟု ဒေါ်အောင်ဆန်းစုကြည်မှာကြားခဲ့ ဟုဆို

၂၃ ဇူလိုင် ၂၀၂၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့CEC အစည်းအဝေးကို နေပြည်တော် ဥတ္တရသီရိ မြို့နယ်ရှိ NLD ပါတီ ယာယီ ဌာနချုပ်မှာ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ရာ အဓိက ၂၀၂၀ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် လွတ်တော် ကိုယ်စားလှယ်လောင်းတွေကို စီစစ်ရွေးခြယ် ခဲ့ကြပြီး ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့နိုင်ဘို့နှင့် အစိုးရ ဖွဲ့ခွင့်ရခဲ့ပါက ပြည်နယ်/တိုင်းဒေသကြီးတွေမှာ မွတ်ဆလင်ရေးရာဝန်ကြီးဌာနကို ဖွင့်လှစ်ခွင့်ရဘို့ဆောင်ရွက်ပေးရမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။

အဲ့ဒီ ၃ရက်ကြာပြုလုပ်ခဲ့တဲ့ NLDပါတီ CEC အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့်အတူ NLD ပါတီထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ရွေးခြယ် အတည်ပြုရေး ကို အဓိကညှိနိုင်းဆွေးနွေးခဲ ကြောင်းသိရ သည် ။ အခြားကန္ဒများအနေဖြင့် ၂၀၂၀ NLD အောင်နိုင် ရေးအတွက် မဟာဗျူဟာချမှတ်လုပ်ဆောင်နိုင်ရေး ဘတ်ဂျက်သုံးစွဲရေး စည်းရုံးရေးကိစ္စရပ်များနှင့်ရှေ့ဆက်ဆောင်ရွက် ရမည့်စီမံချက်များကို လည်း ညှိနိုင်းဆွေး နွေးခဲ့ကြကြောင်း အဲ့ဒီလိုရှေ့လုပ်ငန်းတွေညှိနိုင်းခဲ့တဲ့အချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကျမတို့ ပါတီက ဒီတစ်ခေါက်ရွေးကောက်ပွဲနိုင်ခဲ့ရင် လွတ်တော်ထဲ ရောက်လာမယ့်ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးချုပ်တာဝန် ယူရမယ့် လူတွေက ကိုယ့်ပြည်နယ် ကိုယ့်တိုင်းအလိုက် မွတိဆလင်ရေးရာဝန်ကြီးဌာနကို ဖွင့်လှစ်ပေးနိုင်အောင် ဆောင်ရွက်ပေးဖို လိုအပ်မယ် လို့ မှာကြားခဲ့ကြောင်း သိရသည် ။

၎င်း အစည်းအဝေး အပြီး ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်းမှာ NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက် လွတ်တော်အဆင့်အလိုက် ထုတ်ပြန်ကြေငြာ ခဲ့ရာ ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် မွတ်ဆလင် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ပါဝင်လာခဲ့ပြီး အဲ့ဒီလို မွတ်ဆလင် ကိုယ်စားလှယ်လောင်းများပါဝင်လာသည်ကို ကြိုဆိုကြောင်း Myanmar Muslim Media ကသဘောထား ထုတ်ပြန်ခဲ့သည်။

စည်သူအောင် ×

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

‘နေလ New Media’ facebook Page မှာဖော်ပြထားတဲ့ ဒီသတင်းအမှားကို မျှဝေသူပေါင်း (၅၀) ကျော်အထိ ရှိလာပါတယ်။

‘နေလ New Media’ မှာဖော်ပြထားတဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး NLD ပါတီဗဟိုပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်ပြီး သတင်းအမှား/အမှန် အချက်အလက် စစ်ဆေးခဲ့ရာ သတင်းအမှားသာ ဖြစ် တယ်လို့ မုံရွာအောင်ရှင်က ငြမ်းမီဒီယာ ကို အတည်ပြုပြောကြားခဲ့ပါတယ်။

“သတင်းအမှားပါ။ သိပ်တော့မတုံ့ပြန်တော့ပါဘူး။ ကျနော် တို့ ုတုံ့ပြန်ဖို့အဖွဲ့တော့ ဖွဲ့ထားပြီး ပါပြီ။ အဲဒီအဖွဲ့ကနေ ပြန် တုံ့ပြန်ပါ လိမ့် မယ်။ ခုလောလောဆယ်ကတော့ ကျနော်လည်း ရွေးကောက်ပွဲစာရင်းတွေနဲ့ အလုပ်များနေလို့ ရှေ့လျှောက်တော့ ကျနော်တို့လည်း ပြန်ပြီး တုံ့ပြန်မှာပါ။ သတင်းအမှား တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ရေး အဖွဲ့ဖွဲ့မှာပါ။ ဗဟိုပြန်ကြားရေးက ပညာရှင်တစ်ယောက်ပါတယ်။ ဗဟိုသုတေသနအဖွဲ့ က ပညာရှင်တစ်ချို့ပါတယ်။ အဲဒီနှစ်ခု ပေါင်းပြီး ဖွဲ့ထားတာ။ အားလုံး (၆) ယောက်နေ (၈) ယောက်လောက် အထိ ရှိပါတယ်” လို့ မုံရွာအောင်ရှင်ကပြောပါတယ်။

‘နေလ New Media’ မှာဖော်ပြထားတဲ့ ဒီသတင်းအမှားကို ‘မိုးညှင်း’ အမည်ရတဲ့အကောင့် ပိုင်ရှင်က ‘ပြည်ခိုင်ဖြိုးချစ်သူများ ဆုံဆည်ရာ’ လို့အမည်ရတဲ့ Public Group ထဲမှာ ကူးယူ မျှဝေထားတာကိုလည်း တွေ့ရပါတယ်။

‘နေလ New Media’ facebook Page ဟာ ဇူလိုင်လ (၁၇) ရက်နေ့တုန်းကလည်း “ဦးကိုနီကို ကျေးဇူးဆပ် သည့်အနေဖြင့် မွတ်ဆလင် ကိုယ်စားလှယ်လောင်းတွေဝင်ရောက် အရွေးခြယ်ခံစေခဲ့သည့်အတွက် ကန့်ကွက်မှု တွေမလုပ်ကြဘို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းအမှားတစ်ပုဒ်ကိုဖြန့်ချိခဲ့ပါသေးတယ်။ ‘နေလ New Media’ facebook Page ဟာ ဘာသာရေး၊ လူမျိုးရေးနဲ့ပတ် သက်တဲ့ သတင်းအမှားတွေကို မကြာခဏဆိုသလို ဖြန့်ချိလေ့ရှိတာ လူမှုကွန်ရက်မှာ တွေ့နေရပါတယ်။

‘နေလ New Media’ facebook Page က ယနေ့ဖော်ပြခဲ့တဲ့ သတင်းအမှားနဲ့ပတ်သက်ပြီး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ဒါကတော့ ဘာသာရေးကိုနိုင်ငံရေးအရအသုံးချတာလေ။ ဆိုလိုချင်တာက မြန်မာနိုင်ငံသားတွေ အပေါ် sensitive ဖြစ်တဲ့ issue က ဘာသာရေးဆိုတော့ ဒါကိုဆွဲတင်လိုက်လို့ သူက နိုင်ငံရေးအရ နှိုးဆွရလွယ် တယ်ဆိုတဲ့သူတွေကြားမှာ သုံးနေကြ ကိရိယာတစ်ခုပဲ။ ဆိုတော့ အခုကျနော်တို့နိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိနေတာကို။ တိုင်းပြည်အတွက် ဆောက်ရွက်တဲ့အခါမှာလည်း အားလုံးနဲ့လက် တွဲဆောင်ရွက် ရမှာ။ ဒီလို Fake News တွေအပေါ်မှာတော့ ကောက်ချက်ချလို့မရဘူးထင်တယ်။ တစ်ကယ် တာဝန်ရှိသူကို မေးပြီး အတည်ပြုသင့်တာပေါ့” လို့ ပန်းဘဲတန်းမြို့နယ် က ဝင်ရောက်ယှဉ်ပြိုင်ဖို့ရွေးချယ် ခံထားရသူ NLD ပါတီ ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်က ပြောပါတယ် ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,