မှန်မှန်ကန်ကန်မျှမျှတတ မလုပ်ပေးရင် သပိတ်အရှိန် မြှင့်ဖို့ပဲရှိတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ZMP / သပိတ်ဦးဆောင်ကော်မတီဝင် မယမင်းသူ

ကိုယ့်ရဲ့မိသားစုအတွင်းမှာဖြေရှင်းရမယ့် ကိစ္စတွေက တိုင်းသိပြည်သိဖြစ်သွားတယ်။အပ်နဲ့ ထွင်းရမှာကိုပုစိန်နဲ့ပေါက်ရ တယ်။ဝန်ကြီးတစ်ယောက်အနေနဲ့မှန်မှန်ကန်ကန်မျှမျှတတလုပ်ခဲ့ရင်…

မန္တလေးတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ ၏ကျောင်းအတွင်း Food Court ဆောက်လုပ်ရာတွင် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲ ဥပဒေများအားချိုးဖောက်၍ အဂတိလိုက်စားမှုများရှိနေသဖြင့် မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂသပိတ်ဦးဆောင်ကော်မတီသည်စက်တင်ဘာလ(၂)ရက်နေ့တွင်စတင်ကာ သပိတ် တိုက်ပွဲဆင်နွှဲလျက်ရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီး ဌာနက စက်တင်ဘာလ(၅)ရက်နေ့ နေ့စွဲဖြင့် အမိန့်စာတစ်ခု ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်စာတွင် အထက်ပါကိစ္စနှင့်ပတ်သက်၍ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍တာဝန်ပေးအပ်ခြင်း အချက်အပါအဝင် အချက်ငါးချက် ပါဝင်သည်။
ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့်အမိန့်စာနှင့်ပတ်သက်၍ သပိတ်ဆင်နွှဲနေသည့်မန္တလေး တက္ကသိုလ် ကျောင်းသားများ၏ သဘောထားကိုသိရှိနိုင်ရန် မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂသပိတ် ဦးဆောင် ကော်မတီမှသပိတ်ဦးဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ မယမင်းသူကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်း ထားသည်။

ငြမ်းမီဒီယာ – အခုဝန်ကြီးဌာနက ဒီစာကိုထုတ်လိုက်ပြီဆိုတော့ မယမင်းသူတို့ ဘာတွေဆက်လုပ်ဖို့ ရှိသေးလဲဗျ။

MYMT – ဝန်ကြီးဌာနက စာထုတ်လိုက်တဲ့ အတွက်ကြောင့် ကျွန်မတို့က ဒီအဖွဲ့တွေက မှန်မှန်ကန်ဆောင်ရွက်မယ့် အဖွဲ့လား၊စိစစ် မယ့် အဖွဲ့လား အဲဒါကို ကျွန်မတို့ စောင့်ကြည့်ရမယ်။ ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို စောင့်ကြည့်မယ့် သပိတ်ဦးဆောင် ကော်မတီက တစ်ယောက် လောက် ထည့်ထားတာ ပိုကောင်းမယ်။ ကျွန်မတို့ Mandateပေးထားတာ စနေနေ့ပေးထားတာ။ မနေ့ညက ကျွန်မတို့ ကြေညာချက်တစ်ခုထုတ်ထားတယ်။(၄၈)နာရီအတွင်း လာရောက်ဆွေးနွေးဖို့။လာရောက် မဆွေးနွေးရင် ကျွန်မတို့ဘက်ကနေ သပိတ်ကို အမြင့်ဆုံးထိ မြှင့် သွားမယ်။ အဲဒါနဲ့ပတ်သက်ပြီး ဝန်ကြီးအနေနဲ့ လာရောက်  တွေ့ဆုံမလား၊ မတွေ့ဆုံဘူးလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တစ်ရာရာခိုင်နှုန်းတော့ ယုံကြည်မှုမရှိဘူး။ရှေ့တုန်းက သူတို့က အယောင်ပြ အဖွဲ့တွေလည်း လာခဲ့တယ်။ ကလိမ်ကကျစ်ကျတာမျိုးတွေရှိတယ်။မီဒီယာတွေအများကြီးရှေ့မှာ…

အဲဒီအချက်လည်း ရှိသေးတယ်။ဝန်ကြီးမလာခဲ့လို့ရှိရင် လည်းဝန်ကြီးကနေဆုံးဖြတ်ခွင့်အပြည့်ပေးထားတဲ့ပုဂ္ဂိုလ် လာရောက် တွေ့ဆုံမလား။ မတွေ့ဆုံဘူးလား ရှိသေးတယ်။ ဒါမှမဟုတ်ရင်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့၊ အခုဖွဲ့ထားတဲ့ အဖွဲ့ကပဲလာ မှာလား။ သူတို့အနေ နဲ့ လာရောက် တွေ့ဆုံ ခြင်းရှိ၊ မရှိ ကြည့်ရမယ်။စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့ထားပေးမယ့်လည်း စစ်ဖို့ကကျတော့ အမြန် ဆုံး စစ်ဆေးမှ ရမယ်လေ။ အဲတော့ အမြန်ဆုံးစုံစမ်း စစ်ဆေးပေးဖို့ဆန္ဒရှိတယ်။

ငြမ်းမီဒီယာ  – ပညာရေးဝန်ကြီးဌာနကြေညာချက်မှာ မယမင်းသူနာမည်ကို ညွှန်းဆိုထားတာ တွေ့တယ်။ပါမောက္ခချုပ်ရဲ့ Food Court ကိစ္စမှာ သူနဲ့ရင်းနှီးကျွမ်းဝင်တဲ့လုပ်ငန်းရှင်ကို ပေးလုပ်ထားတယ်ဆိုတာ မယမင်းသူတို့အနေနဲ့ ဘယ်လိုအထောက် အထားတွေနဲ့ပြောတာလဲခင်ဗျ။

MYMT – ဒီစာချုပ် ချုပ်တဲ့အခါမှာ ကျွန်မတို့မသိရဘူး။စာချုပ်ထဲပါဝင်တဲ့ အချက်အလက်တွေကိုလည်း မသိရဘူး။နောက်ပိုင်းကျမှ ကျွန်မတို့ သတင်းတွေကြားရတာ ဒါနဲ့ပတ်သက်ပြီးမသမာမှုတွေရှိတယ်။အဲတော့ စုံစမ်းတယ်။သက်သေတွေရှာတယ်။ နောက်ပိုင်း မှာ ဒါနဲ့ပတ်သက်ပြီးသက်သေတွေအများကြီးရလာတယ်။ အစည်းအဝေးမှတ်တမ်းတွေ၊စာချုပ်တွေပြန်ပြီးကြည့်တာ၊ သက်သေ အခိုင်အမာကတော့ စာရွက်စာတမ်း တွေရော အပြည့်အဝရှိပါတယရှင့်။

အစကတည်းကကျေလည်အောင် မညှိနှိုင်းထားဘူး။ ပြီးတော့ ဝန်ကြီးဌာနဘက်ကနေ ပါမောက္ခချုပ်ကို အကာအကွယ် ပေးနေတဲ့အတွက်ဖြစ်လာတဲ့ကိစ္စဖြစ်တယ်။စကတည်းကဒီကိစ္စကို  …

ငြမ်းမီဒီယာ – အခုပညာရေးဝန်ကြီးဌာနက ကြေညာချက်နဲ့ မရှေးမနှောင်းမှာ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ ဂက ကြေညာချက် ထုတ်ထားတာ တွေ့တယ်။အဲတော့ အခု ပညာရေးဝန်ကြီး ကြေညာချက်နဲ့တင် မကဘူး။ဝန်ကြီးဌာနကပါ လာ ရောက် တွေ့ဆုံဖို့ တောင်းဆိုထားတယ်လို့ ထင်တယ်။အဲဒါမပြည့်မချင်း သပိတ် မရပ်ဘူးဆိုတဲ့ သဘောလား။

MYMY – ကျွန်မတို့သပိတ်မှောက်တာမှာတောင်းဆိုချက်ခုနှစ်ချက် ရှိတယ်။အဲဒီခုနှစ်ချက်ကိုပြည့်မီမှ သပိတ်ကိုပြန်လှန်ရမှာ။ အခု လောလောဆယ် သူတို့က်စုံစမ်းစစ်ဆေးရေးတွေပြုလုပ်တယ်ဆိုရင်ကျွန်မတို့ကသပိတ်ခေတ္တရပ်တာပဲရှိတယ်။ သပိတ်တော့ ပြန်မလှန်သေးဘူး။

ငြမ်းမီဒီယာ – အခုပညာရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အပေါ်ရော ဘယ်လိုမြင်လဲ။ မယမင်းသူတို့ အနေနဲ့ယုံကြည်မှု ရှိလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MYMT – တစ်ရာရာခိုင်နှုန်းတော့ ယုံကြည်မှုမရှိဘူး။ရှေ့တုန်းက သူတို့ကအယောင်ပြ အဖွဲ့တွေလည်း လာခဲ့တယ်။ကလိမ်ကကျစ် ကျတာမျိုးတွေ ရှိတယ်။မီဒီယာတွေ အများကြီးရှေ့မှာ၊လူတွေ အများကြီးရှေ့မှာသူတို့မှာ လုပ်ပိုင်ခွင့်အပြည့် ရှိတယ်ပြောတယ်။ စည်းဝေးခန်းမထဲမှာ နှစ်ဖက်ပြောတဲ့အခါကျမှ သူတို့အနေနဲ့ဒီကိစ္စ လိုက်လျောဖို့လုပ်ပိုင်ခွင့် မရှိဘူးဆိုပြီးစကားက ပြန်ထွက် လာတယ်။ အဲဒီလိုမျိုး  ရှေ့မှာ လိမ်သွား တာတွေအများကြီးရှိတယ်။ဝန်ကြီးPSOကိုဖုန်းဆက်ရင် ပြန်ဆက် ပေးမယ်ဆိုပြီး မဆက် တာ။ ဖုန်းပြော နေရင် ဖုန်းချသွားတာ။ပြန်ဆက်ရင် မကိုင်တာ။အဲဒါမျိုးတွေရှိတယ်။ဒီအဖွဲ့ကလည်း လုံးဝယုံကြည်လို့ မရသေးဘူး။ ဆက်ပြီး စောင့်ကြည့် ရမှာပဲ။

ငြမ်းမီဒီယာ – သပိတ်ကော်မတီက စက်တင်ဘာ(၅)ရက်နေ့ ကနေ (၄၈)နာရီ အတွင်းဆိုပြီး တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အချိန်ကို သတ်မှတ်ထားတာ တွေ့ တယ်။ အဲဒါက မနက်ဖြန်ပြည့်မယ်။ အဲဒီတော့ တောင်းဆိုချက်တွေ မရရင် ပညာရေးဝန်ကြီး ဘက်က လာဖြေရှင်ခြင်းမရှိရင် ဘာလုပ်မလဲ။ ဘာတွေပြင်ဆင်ထားလဲ။

MYMT – အဲဒါနဲ့ပတ်သက်ပြီး သပိတ်ဦးဆောင်ကော်မတီက အစည်းအဝေးလုပ်ထားတယ်။ ပလန်သီခြားရှိတယ်။ (၄၈)နာရီ အတွင်း သူတို့မလာခဲ့ဘူးဆိုရင်။အခုလောလောဆယ်တော့ထုတ်ပြောလို့မရသေးဘူး။ထုတ်ပြောလိုက်ရင် သူတို့ဘက်က အဟန့် အတား လုပ်မှာစိုးလို့ပါ။

ငြမ်းမီဒီယာ  – ကျောင်းသားတွေရဲ့စာမေးပွဲကလည်းနီးနေပြီ။ သပိတ်ကော်မတီ ကလည်း ပြင်ဆင်ထားရမယ့် ဟာတွေကလည်း ရှိတယ်။ စာမေးပွဲ ဖြေချင်တဲ့ကျောင်းသားတွေလည်း ရှိမယ်။အဲဒီအခြေအနေ ကိုရော ဘယ်လိုကိုင်တွယ်မှာလဲ။

MYMT – ကျွန်မတို့ကတော့ စာမေးပွဲကတော့ ဖြေချင်တယ်။ ပညာရေးကလည်းရှိပါတယ်။ သပိတ်မှောက်တာလည်း မှောက်တာ ပေါ့။ ညပိုင်းကျရင်တော့အလှည့်ကျနဲ့စောင့်တယ်။ညနေပိုင်းမှာအချိန်မရရတဲ့အထဲက စာကြည့်ပြီးစာမေးပွဲဖြေဖို့၊စာမေးပွဲအောင်ဖို့တော့ လုပ်ထားတယ်။

ငြမ်းမီဒီယာ  – အခုဖြစ်နေတဲ့ကိစ္စတွေအပေါ်မှာရောဘာများပြောချင်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MYMT – ဒီကိစ္စက အစကတည်းက ကျေလည်အောင် မညှိနှိုင်း ထားဘူး။ ပြီးတော့ ဝန်ကြီးဌာနဘက်ကနေ ပါမောက္ခချုပ်ကို အကာအကွယ် ပေးနေတဲ့အတွ က်ဖြစ်လာတဲ့ ကိစ္စဖြစ်တယ်။စကတည်းက ဒီကိစ္စ ကို မှန်မှန်ကန်ကန် သူ့စကားသူ တည်ပြီးတော့ မျှမျှ တတ လုပ်မယ်ဆိုရင် ဒီသပိတ်မျိုးဆိုတာ ဖြစ်လာစရာ အကြောင်း မရှိဘူး။အခုတော့ ညီမတို့ကလည်း ပင်ပန်းတယ်။ သူတို့ အတွက် လည်း နာမည်တွေ တအားပျက်တယ်။ အဲဒီတော့ ကိုယ့်ရဲ့မိသားစုအတွင်းမှာဖြေရှင်းရမယ့် ကိစ္စတွေက တိုင်းသိပြည်သိ ဖြစ်သွားတယ်။အပ်နဲ့ထွင်းရမှာကို ပုစိန်နဲ့ပေါက်ရတယ်။ဝန်ကြီးတစ်ယောက်အနေနဲ့ မှန်မှန်ကန်ကန်မျှမျှတတ လုပ်ခဲ့ရင် ဒီလို ဖြစ်လာစရာ အကြောင်းမရှိဘူး။

ငြမ်းမီဒီယာ – ဝန်ကြီးရဲ့ကြေညာချက်အပေါ်ရောဘာများထပ်ပြောချင်လဲ။

MYMT – ကျွန်မတို့ဘက်ကတော့ တကယ်မှန်မှန်ကန်ကန်မျှမျှတတနဲ့ လုပ်ပေးမယ့်အဖွဲ့ဆိုရင်တော့ ကျွန်မတို့ဘက်ကကြို ဆိုပါ တယ်။ ဒီလိုမှ မဟုတ်ရင် သပိတ်အရှိန်ကိုမြှင့်တင်ဖို့ပဲ ရှိပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,