ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကြီးတွေကို ကာကွယ်ဖို့ သေဒဏ်ရှိသင့်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

LYL / ဥပဒေအကြံပေး ဦးခင်မောင်မြင့်

သေဒဏ်ကြိုးပေးလို့၊ ကြိုးကမခိုင်လို့ ပြတ်ကျသွား ရင် သူ့ကို လွှတ်လိုက်ရတယ်ဆိုတဲ့ ပြောဆိုချက်။ ဒါလည်း ထင်ကြေးနဲ့ ပြောတာ။ တကယ်တမ်းပြောရင် တရားရုံးရဲ့ အမိန့်မှာကိုက မသေမချင်း ကြိုးကွင်းစွပ်သတ်စေ။ အဲဒီတော့ ကျွန်တော်တို့က သူ့ကို သေဒဏ်စီရင်မယ်ဆိုရင် သေဒဏ်ကို အတည်ပြုမယ့် အချိန်မှာ အတည်ပြုမိန့် စာအိတ်နီကြီးတွေ …

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ အသတ်ခံရမှုနှင့်ပတ်သက်ပြီး သေနတ်သမားကြည်လင်းနှင့် အောင်ဝင်းဇော် တို့ နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့သော်လည်း လူထုကြားတွင် သေဒဏ်နှင့် ပတ်သက်၍ အငြင်းပွား ပြောဆိုမှု များ ရှိနေသည်။ မြန်မာနိုင်ငံတွင် ကြီးလေးသောပြစ်မှု ကျူးလွန်သူများကို သေဒဏ်အဖြစ် စီရင်ချက်ချမှတ်လိုက် သော်လည်း သေဒဏ် စီရင်ချက် တကယ်ပေး/မပေး ကိစ္စနှင့်ပတ်သက်ပြီး အငြိမ်းစား ထောင်မှူးကြီး ဥပဒေအကြံပေး ဦးခင်မောင်မြင့် ကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – ဒီနေ့ ဦးကိုနီအသတ်ခံရမှုမှာ ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို သေဒဏ် ချမှတ်လိုက်ပါတယ်။ သေဒဏ်နဲ့ ပတ်သက်ပြီး ဒီပြစ်ဒဏ်ကို တကယ်ပေးတယ်/မပေးဘူးဆိုပြီး အငြင်းပွားမှုတွေ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါ။

UKMM – မူလ တရားရုံးကနေ မှုခင်းနဲ့ပတ်သက်ပြီး သေဒဏ် ချမှတ်လိုက်တာပေါ့။ ပြစ်ဒဏ်ကို သတ်မှတ်ပေးလိုက်တာ။ ဒီအမိန့်ကြောင့် ကြိုးပေးလို့ မရသေးဘူး။ သူက (၇) ရက်အတွင်းမှာမှ အဆင့်မြင့် တရားရုံးဖြစ်တဲ့ တိုင်းတရားလွှတ်တော်ကို အယူခံဝင်မယ်ပေါ့။ အဲဒီအယူခံကို ပယ်လိုက်မယ်ဆိုရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ရာဇဝတ်ပြင်ဆင်မှု သူဆက် တက်ခွင့် ရှိပါတယ်။ ရာဇဝတ်ပြင်ဆင်မှုကို အဆင့်ဆင့် တရားလွှတ်တော်ချုပ်ရဲ့ စုံညီခုံရုံးအထိ တင်ပေးလို့၊ အဲဒီမှာလည်း အပယ်ခံရပြီဆိုရင်၊ အဲဒီကျမှဆိုရင် တရားစီရင်ရေးမှာ ‘မီးသေအမိန့်’ လို့ခေါ်တဲ့ တရားစီရင်ရေးဘက်က အမိန့် ပြီးပြတ်သွားတာပါ။ သူရဲ့ အယူခံဝင်ခွင့်တွေ ပိတ်သွားပြီ။ အဲဒါကျရင် နိုင်ငံတော်သမ္မတဆီကို အသနားခံစာ တင်ခွင့်ရှိသေးတယ်။ နိုင်ငံတော် သမ္မတ ကတော့ ဥပဒေပိုင်းအရ မဟုတ်ပေမယ့် လူမှုရေးပိုင်းအရ ကြည့်တာပေါ့။ ပထမဦးဆုံးဖြစ်တဲ့ ပြစ်မှုလား၊ အဲဒီပြစ်မှု ကလည်း လူမှုရေးအရ ပြန်လည်စာနာသင့်တဲ့ ပြစ်မှုလား၊ ဒါမျိုးတွေ ကြည့်ပြီးရင် နိုင်ငံတော်သမ္မတကနေ ပြစ်ဒဏ်ကို လျော့ပေး တာတို့၊ ပြစ်ဒဏ်ကို ပြင်ဆင်ပြောင်းလဲပေးတာတို့၊ တစ်ကယ်လို့ မလိုအပ်ဘူးဆိုရင် သမ္မတ က သူ့ရဲ့အသနားခံစာကို ငြင်းပယ်တယ်။ သမ္မတရဲ့ အသနားခံစာ ငြင်းပယ်ပြီ ဆိုတဲ့အခါကျမှ သေဒဏ်ချထားတဲ့သူကို ကြိုးပေးသတ်ဖို့၊ သေဒဏ်ကို အတည်ပြုဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကနေ သေဒဏ်အတည်ပြုတဲ့ အမိန့်ကို စာအိတ် အနီကြီးတွေနဲ့ ထည့်ပြီး မူလတရားရုံးကို တစ်အိတ်၊ သက်ဆိုင်ရာ အကျဉ်းဦးစီးဌာန ကို တစ်အိတ် ပို့ပေးတယ်။ အဲဒီ သေဒဏ်အတည်ပြု အမိန့်ရမှပဲ သက်ဆိုင်ရာ ကြိုးမိန့်ကျထားတဲ့ တရားခံကို ကြိုးပေးပြီး စီရင်လို့ ရပါတယ်။ အခု မူလတရားရုံးက ချလိုက်တဲ့ အမိန့်နဲ့ သူ့ကို ကြိုးပေး သတ်ဖို့အတွက် သေဒဏ် အတည် ပြုမိန့် ရရှိပြီးပြီဆိုရင် တရားရုံးအဆင့်အဆင့်သွားတာ၊ သမ္မတဆီ သွားတာဆိုရင် (၅) နှစ်နဲ့ (၇) နှစ်လောက်အတွင်း ကြာတတ်ပါ တယ်။ ဒီအမိန့်ပေးလိုက်လို့ ချက်ချင်း သူ့ကို ကြိုးပေးစီရင်တာ မဟုတ်ပါဘူး။ အဆင့်ဆင့် အယူခံ တွေကုန်ဆုံး၊ သမ္မတရဲ့ အသနား ခံစာပယ်တာ ခံရပြီးမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ သေဒဏ်အတည်ပြု အမိန့်အရပဲ ကြိုးပေး စီရင်လို့ ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဥပဒေလုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့်ပြီးသွားလို့ အယူခံတွေလည်း ငြင်းပယ်ခံလိုက်ရပြီဆိုရင် မူလရုံးအမိန့်အတိုင်း သေဒဏ်ကို တရားဝင်အတည်ပြုပြီး တကယ်ကြိုးပေးကွပ်မျက်သလား။

UKMM – ကွပ်မျက်တယ်ဗျ။ အဲဒါတွေက ၁၉၈၈ မတ်လအထိ သမ္မတကနေ အသနားခံစာ တင်ပြီးတဲ့ နောက် သတ်ခံရတဲ့  အမှုတွေ အများကြီးရှိပါတယ်။ ကြိုးပေးပြီး ကွပ်မျက်ခဲ့ရတာတွေ အများကြီးရှိတယ်။ ၁၉၈၈ မတ်လရဲ့နောက်ပိုင်းမှာတော့ တိုင်းပြည်ရဲ့ အခြေအနေ မငြိမ်မသက်ဖြစ်သွားတာရယ် အုပ်ချုပ်ရေးအပြောင်းအလဲဖြစ်တဲ့ နဝတ၊ နအဖ အစိုးရလက်ထက် ၁၉၈၈ နဲ့ ၂၀၁၈ ကြားမှာ ကြတော့ ဆိုင်ရာ တရားရုံးတွေက ပြစ်ဒဏ်အလိုက် သေဒဏ်တွေ ချမှတ်လိုက်သော်လည်း သူက အတည်ပြုမိန့် ချမှတ် ခဲ့ခြင်း မရှိဘူး။ဘာကြောင့်လဲဆိုတော့သူက ပြည်သူလူထုတွေရဲ့ ဆန္ဒမဲနဲ့ရွေးကောက် တင်မြှောက်ထားတဲ့ ရွေးကောက်ခံ အစိုးရမဟုတ်တဲ့အတွက် နိုင်ငံတကာဥပဒေအရ သူသည် သေဒဏ်အတည်ပြု အမိန့်ကို ခွင့်ပြုပိုင်ခွင့်၊ စီရင်ပိုင်ခွင့် မရှိပါဘူး။ ထို့အတူ အသနားခံစာလည်း သူဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ ဒါကြောင့် နဝတ၊ နအဖ အစိုးရတွေရဲ့ လက်ထက် ၁၉၈၈ ကနေ ၂၀၁၁ အထိ တရားရုံးတွေကနေ သေဒဏ်တွေ ချမှတ်ထားသော်လည်း သေဒဏ်တွေ အတည်ပြုထားနိုင် ခြင်း မရှိပါဘူး။

သေသွားပြီ၊ သေသွားတယ်ဆိုရင် ခုကျန်နေတဲ့ နှစ် (၂၀) တို့၊ (၃) နှစ်တို့ ဆိုတာက ကျန်ရှိနေတဲ့ ပြစ်ဒဏ်၊ ချမှတ်ဖို့ ကျန်ရှိနေတဲ့ပြစ်ဒဏ်ကို ထောင်ထဲမှာ ထပ်ချုပ်ရတယ်ဆိုတဲ့ ပြောဆိုချက်။ ဒါလည်းလက်တွေ့နဲ့ ကွာခြားတယ်။ ကျွန်တော် တို့က ကြိုးဒဏ်စီရင်ပြီးလို့ သေဆုံးသွားတဲ့ပုဂ္ဂိုလ်၊ သေဆုံးတဲ့အချိန်မှာ …

သေဒဏ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း၊ ကြိုးပေး စီရင်ခဲ့ခြင်း မရှိပါဘူး။အဲဒီနောက်၂၀၁၁မှာ ၂၀၀၈ခြေဥ အရ အစိုးရဖွဲ့ထားတဲ့ ပြည်သူလူထု ကရွေးချယ်တင်မြှောက် လိုက်တဲ့ ဦးသိန်းစိန် အစိုးရ ပေါ်ပေါက် လာတယ်။ ၂၀၁၅ မှာတော့ NLD အစိုးရ ပေါ်ပေါက်လာတယ်။ဒီ အစိုးရတွေ ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်သူလူထု တွေက ရွေးချယ်တင် မြှောက် ထားတဲ့ အတွက် ဆိုင်ရာ တရားရုံး တွေကနေချမှတ်ထားတဲ့ သေဒဏ်အမိန့်ကိုပြည်ထောင်စု တရားလွှတ်တော်ချုပ်ကနေ အတည်ပြုတဲ့ အမိန့်လည်း ထုတ် ပြန် နိုင်ခွင့် ရှိသလို အဲဒီအမိန့်အရ အုပ်ချုပ်ရေးအာဏာပိုင်တွေ ကနေ ကြိုးပေးပြီး ဒီသေဒဏ်ကို အတည်ပြုပေးလို့ ရပါတယ်။ သို့သော် လည်း ၁၉၈၈ ကနေ ၂၀၁၁ အထိက လုပ်ပိုင်ခွင့်မရှိလို့ မလုပ်ခဲ့တာ။ ၂၀၁၁ ကနေ ခုအချိန်အထိ သေဒဏ် ကြိုးပေးတာ မရှိသေးဘူး။ မရှိ သေးခြင်းက ဥပဒေနဲ့ အညီအယူခံ အဆင့်ဆင့် တင်နေတာ မရှိသေးတဲ့အတွက် သေဒဏ်စီရင်တာ မရှိသေး ဘူး။ အဲဒီတော့ နောက်ဆုံး   ကြိုးပေးခဲ့ တာ ၁၉၈၈ မတ်လ အတွင်းမှာပေါ့။

ငြမ်းမီဒီယာ – ရွေးကောက်ခံအစိုးရ နှစ်ဆက်မှာလည်း သေဒဏ် အမိန့်ချပေမယ့် တစ်မှုမှ အတည်မပြု နိုင်သေးတာက အယူခံ အဆင့်ဆင့် မပြီးသေးလို့ အတည်မပြုနိုင်တာလား။

UKMM – ဟုတ်ပါတယ်။ မပြီးသေးလို့ အတည်မပြုနိုင်သေးတာပေါ့။

ငြမ်းမီဒီယာ – ရွေးကောက်ခံအစိုးရ ဖြစ်နေလို့ သေဒဏ်ကို အတည်ပြုနိုင်ပြီ ဆိုတော့ လက်ရှိအမှုတင် မဟုတ်ဘဲ၊ သက်ငယ်မုဒိမ်း စတဲ့အမှုတွေလည်း ရှိနေတော့ သေဒဏ်ကို ကျင့်သုံးသင့်/မသင့် အငြင်းပွားနေကြတာနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက် ပေးချင်ပါလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKMM – သူကတော့ ဒီသေဒဏ် အမိန့်ဆိုတာက မူလတရားရုံးတွေက ပြစ်မှု ပြစ်ဒဏ်ကို စစ်ဆေးပြီးမှ ချမှတ်လိုက်တဲ့ အမိန့်ပေါ့။ အဲဒီအမိန့်အရ သူ့မှာ ဥပဒေအရ ဖြစ်သင့်တဲ့ အယူခံတင်မယ်။ ပြင်ဆင်မှု တွေတင်မယ်။ ရှုံးသွားလို့ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကနေမှ သေဒဏ် အတည်ပြုမိန့် ပေးမယ်။ သမ္မတ ကလည်း အသနားခံစာ ပယ်လိုက်ပြီဆိုရင်တော့ သေဒဏ် အတည်ပြုမိန့်ကို အတည်ပြု ပေးရမှာပဲ။ လက်ရှိ ၂၀၁၈ အခြေခံဥပဒေအရလည်း စီရင်ပိုင်ခွင့် အာဏာထဲမှာ ရှိနေသည့်အတွက် ဘယ်သူကမှ တားမြစ်ပိုင်ခွင့်၊ ဘယ်သူကမှ ဒီဟာကို ဟန့်တားပိုင်ခွင့် မရှိပါဘူး။ သို့သော် ခုထိ မရှိသေးဘူးဆိုတာက အယူခံ အဆင့်ဆင့်အရ လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်လို့ မပြီးပြတ်သေးလို့ပဲ ဖြစ်ပါတယ်။ အရပ်ဘက်မှာတော့ ကျွန်တော်တို့က အရပ်အသိနဲ့ ကောလာဟလ ပြောတာတွေ အများကြီး ရှိပါတယ်။ ဒါတွေက တစ်ကယ်လက်တွေ့ ဆောင်ရွက်တာတွေနဲ့ ကွဲလွဲတာ တွေ ရှိတယ်။ ဘယ်လိုဟာမျိုးလည်း ဆိုရင် ဒီနေ့ အငြင်းပွားနေတဲ့ ကိုကြည်လင်းကို သေဒဏ် (၁) မှု ၊ နှစ် (၂၀) တစ်မှု ၊ သုံးနှစ် (၂) မှု ၊ သုံးနှစ်ကို တစ်ပေါင်းတည်းပေးတော့ သုံးနှစ် (၁) မှုပေါ့။ အဲဒီကျတော့ နှစ် (၂၀) ကို အရင်ချပြီးရင် အဲဒီတော့မှ သေဒဏ်ပေးမယ်၊ ဒါဆို သူသေဒဏ် မကျတော့ဘူးပေါ့။ အငြင်းပွားနေတာပေါ့။ တကယ်တမ်းကျတော့ ဒီလုပ်ထုံးလုပ်နည်းအရဆို ပြစ်ဒဏ်တွေကို တပေါင်းတည်း မပေးဘူး။ သီးခြား ကျခံစေရမယ်ဆိုရင် အမြင့်ဆုံးပြစ်ဒဏ်၊ အများဆုံးပြစ်ဒဏ်ကို စပြီး ကျခံရတယ်။ အဲဒီတော့ ကိုကြည်လင်း အနေနဲ့ ပြစ်ဒဏ်ကျခံရမယ်ဆိုရင် သေဒဏ်ပြစ်ဒဏ်ကို သူကျခံစေရမှာပဲ။ ခုနလို အဆင့်ဆင့်သွားခဲ့လို့ နိုင်ငံတော်သမ္မတရဲ့ အသနားခံစာ ရှုံးသွားပြီ ဆိုရင်တော့ ဒါသေဒဏ်ကို ကျခံရမှာပဲ။ ဒါက တစ်ခုပေါ့။ နောက်တစ်ခုက ကျတော့ သေဒဏ်ကြိုးပေးလို့၊ ကြိုးကမခိုင်လို့ ပြတ်ကျသွား ရင် သူ့ကို လွှတ်လိုက်ရတယ်ဆိုတဲ့ ပြောဆိုချက်။ ဒါလည်း ထင်ကြေးနဲ့ ပြောတာ။ တကယ်တမ်းပြောရင် တရားရုံးရဲ့ အမိန့်မှာကိုက မသေမချင်း ကြိုးကွင်းစွပ်သတ်စေ။ အဲဒီတော့ ကျွန်တော်တို့က သူ့ကို သေဒဏ် စီရင်မယ်ဆိုရင် သေဒဏ်ကို အတည်ပြုမယ့် အချိန်မှာ အတည်ပြုမိန့် စာအိတ်နီကြီးတွေနဲ့ ရောက်လာမယ် ဆိုကတည်းက သက်ဆိုင်ရာ မူလတရားရုံး တရားသူကြီးနဲ့ အကျဉ်းဦးစီးဌာနက တာဝန်ပေးလိုက်တဲ့ အကျဉ်းထောင်က ညှိနှိုင်းရတယ်။ ဘယ်နေ့မှာ၊ ဘယ်အချိန်မှာ ဒီသေဒဏ်ကို စီရင်မလဲ။ အဲဒါစီရင်ပြီးတာနဲ့ တစ်ပြိုင်တည်း သူ့ကို သေဒဏ်စီရင်နိုင်ဖို့ ကြိုးကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ ဗဟိုပစ္စည်းသိုလှောင်ရေးရုံးမှာ သွားထုတ်ရတယ်။ အဲဒီလို ထုတ် ကတည်း ကိုက စပယ်ယာကြိုးဆိုပြီး ကြိုးတစ်ချောင်းမခိုင်ခဲ့ရင် အစားထိုးနိုင်ဖို့ နောက်ထပ် စပယ်ယာ ကြိုး (၂) ချောင်း ထုတ်ရတယ်။ လူတစ်ယောက်အတွက် ကြိုး (၃) ချောင်း ထုတ်ထားရတယ်။ အဲဒီ စပယ်ယာကြိုးကလည်း အဲဒီကြိုးစင်ပေါ်မှာ တစ်ခါတည်း ဆင်ထား ရတယ်။ အဲဒီတော့ ဥပဒေအရ ပေးထားတဲ့ အမိန့်က မသေမချင်း ကြိုးကွင်းစွပ် သတ်စေဆိုပြီး ပြောတဲ့အတွက် သေသည် အထိ၊ ခုနကကြိုးပေးစီရင်တဲ့ အချိန်မှာ ဘယ်သူတွေ တက်ရသလဲဆိုရင် ထောင်က ထောင်ပိုင်ကြီး၊ ထောင်မှူးကြီးနဲ့ ကြိုးပေး စီရင်မယ့် ဝန်ထမ်းတွေအပြင် သက်ဆိုင်ရာ အမိန့်ချမှတ်လိုက်တဲ့ တရားရုံးက တရားသူကြီး၊ သူပြောင်းရွှေ့သွားပြီးဆိုရင် သူ့နေရာ ဝင်ရမယ့် တရားသူကြီး ပါရမယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ပါရမယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ပါရမယ်။ နောက်တစ်ခါ အဲဒီမြို့နယ် အတွင်း မှာ ရှိသော မြို့နယ် ဆေးရုံအုပ်ကြီး ပါရမယ်။ နောက်တစ်ခါ ထောင်မှာ တာဝန်ပေးထားတဲ့ ထောင်ဆေးရုံးရဲ့ ဆေးရုံအုပ်ကြီး ပါရ မယ်။ ပြီးတော့မှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ပါရမယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ ရှေ့မှာမှ ကြိုးပေး စီရင်တယ်။ ကြိုးပေးစီရင် လိုက်လို့ ကြိုးပေးလိုက်တဲ့အခါမှာ သူသည် သေဆုံးသွားတာ မှန်ကန်ကြောင်းကို ထောင်က တာဝန်ခံ ဆရာဝန်ကြီးကနေ လက်မှတ် ထိုးပေးပြီး dead certificate ထုတ်ပေးရတယ်။ အဲဒီအပေါ်မှာမှ ဒီ dead body ကို မြို့နယ် ဆေးရုံးအုပ်ကြီးက စစ်ဆေး ပြီးတော့မှ သေဆုံးသွားတာ မှန်ကန်ကြောင်း ထပ်ဆင့်အတည်ပြု လက်မှတ်ထိုးပေးရတယ်။ အဲဒီအခါမှ dead body ကို ကြိုးစင်ကနေ ထုတ်ယူခွင့် ရှိတယ်။ အဲဒီတော့ အရပ်ဘက်ကတော့ ကြိုးတစ်ချောင်းပြုတ်လို့၊ ကြိုး တစ်ချောင်းပြတ်သွားရင် လွှတ် လိုက်တယ် ဆိုတာလည်း မဟုတ်ဘူး။ လက်တွေ့အလုပ်နဲ့ ကွဲတယ်ပေါ့။ နောက်တစ်ခုကတော့ သေသွားပြီ၊ သေသွားတယ် ဆိုရင် ခုကျန်နေတဲ့ နှစ် (၂၀) တို့၊ (၃) နှစ်တို့ ဆိုတာက ကျန်ရှိနေတဲ့ ပြစ်ဒဏ်၊ ချမှတ်ဖို့ ကျန်ရှိနေ တဲ့ပြစ်ဒဏ်ကို ထောင်ထဲမှာ ထပ် ချုပ်ရတယ်ဆိုတဲ့ ပြောဆိုချက်။ ဒါလည်းလက်တွေ့နဲ့ ကွာခြားတယ်။ ကျွန်တော်တို့က ကြိုးဒဏ် စီရင်ပြီးလို့ သေဆုံးသွားတဲ့ပုဂ္ဂိုလ်၊ သေဆုံးတဲ့အချိန်မှာ ထောင်ကနေ လွှတ်လိုက်ပြီလို့ သတ်မှတ်ပြီး ဖြစ်တဲ့အတွက် သူ့ရဲ့ ထောင်ထွက်လက်မှတ်ကိုလည်း သူ့ရဲ့ dead body နဲ့အတူ သင်္ဂြိုဟ်တဲ့အချိန်မှာ ထည့်ပေးရတယ်။

သေဒဏ်စနစ်ကို ကျင့်သုံးတာ ဥပဒေနဲ့ ညီညွတ်သလား၊ မျှတသလားဆိုတာ ကျွန်တော်ဥပဒေသမား တစ်ယောက် အနေနဲ့ ပြောရရင် ဥပဒေဆိုတာထက် ရည်ရွယ်ချက်ကိုက၊ ဒီလူ့အဖွဲ့အစည်းကို ရာဇဝတ်မှုတွေရဲ့ …

သူ့ရဲ့ dead body ကိုလည်း သူ့ရဲ့မိသားစုဝင်တွေက ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ချင်လို့၊ ဆန္ဒရှိလို့ တောင်းခံလာခဲ့ရင် ညွှန်ကြားရေးမှူးချုပ်ရဲ့ ခွင့်ပြု ချက်နဲ့ body ကို သက်ဆိုင်ရာ မိသားစုကို ပြန်ပေးခွင့် ရှိတယ်။ အကယ်၍ မိသားစုက မတောင်းဆို ခဲ့ဘူးဆိုရင် သူ့ရဲ့ဘာသာရေး ထုံးတမ်း စဉ်လာအရ အကျဉ်းထောင်က ဦးစီးပြီး သင်္ဂြိုဟ်ပေးတယ်။ အဲဒီလို သင်္ဂြိုဟ်တဲ့အခါမှာ သူရဲ့ထောင်ထွက်လက်မှတ်၊ ကျန်နေတဲ့ ထောင်ဒဏ်တွေ ဘာတွေရော အကုန်လုံး ပြီးဆုံးသွားပြီ၊ ဒီထောင်က လွတ်မြောက် သွားပြီ ဆိုတဲ့ ထောက်ထွက်လက်မှတ်ကို ထည့် ပေးရသလို ထောင်ရဲ့ မှတ်တမ်းတွေမှာလည်း သူ့ကို အလွတ်ပြ ပေးရတယ်။ နောက်တစ်ခါ ထောင်မှာ ရှိတဲ့ အမိန့်စာ အပိုင်း (၂) ထဲမှာလည်းပဲ သူ့ကိုကြိုးပေးပြီး ပြစ်ဒဏ်စီရင်လိုက်တဲ့အတွက် သေဆုံးသွားပြီ။ သူ့ကို ပြစ်ဒဏ် ကနေ လွှတ်လိုက်တယ်။ အကျဉ်း ထောင်နဲ့ မပတ်သက်တာ့ဘူး။ အကျဉ်းထောင် အတွင်းမှာလည်း နေထိုင်ခွင့် မပြုဘူး။ သွားလိုရာ သွားနိုင်ပြီ ဆိုတဲ့အမိန့်ကို သင်္ဂြိုဟ်တဲ့အခါ dead body ထဲ ထည့်ပေးရသလို အဲဒီအမိန့်စာကို နှုတ်ကလည်း အဲဒီထောင်ရဲ့ တာဝန်ခံ အရာရှိကိုယ်စား ထောင်မှူးကြီး ကိုယ်တိုင်က အမိန့်ပြန်ပေးရပါတယ်။ အဲဒီတော့ တစ်ခါ တစ်ရံ ကြိုးသမားတွေနဲ့ ပတ်သက်တဲ့ အပြင်ဘက် အရပ်ဘက်က သူတု့ိကြားထား ပြောဆိုနေတာတွေနဲ့ လက်တွေ့ လုပ်တာတွေကတော့ ကွာခြားပါတယ်။ လုံးဝကို ဆန့်ကျင်ပါတယ်။

ငြမ်းမီဒီယာ – နိုင်ငံတကာ ဖိအားတွေအောက် ရောက်နေတဲ့ မြန်မာ နိုင်ငံအနေနဲ့ သေဒဏ်စနစ်ကို ကျင့်သုံးသင့်/မသင့်နဲ့ ပတ်သက်ပြီး အငြင်းပွားနေတာကိုရော ဥပဒေပညာရှင် တစ်ယောက်အနေနဲ့ ဘယ်လိုမျိုး ယူဆပါသလဲ။

UKMM – ကမ္ဘာမှာက သေဒဏ်စနစ် ကျင့်သုံးမှုသည် သုံးသင့်သည်/မသုံးသင့်ဘူး၊ ဒါက အငြင်းပွားကြတာပေါ့။ အငြင်းပွားမှု အပေါ်မှာ မူတည်ပြီး ကမ္ဘာ့နိုင်ငံတွေမှာ သေဒဏ်စနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတွေရှိသလို သေဒဏ် စနစ်မကျင့်သုံးတော့ဘဲ တခြားပြစ်ဒဏ်တွေကို အစားထိုးကျင့်သုံးတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံက သေဒဏ်စနစ်ကို ပယ်ဖျက်ထား တာ မရှိဘူး။ အစဉ်အဆက် သေဒဏ်စနစ်ကို လက်ခံကျင့်သုံးတဲ့ တရားဥပဒေစနစ်ပဲ။

အင်မတန်ဆိုးဝါးတဲ့၊ ရက်စက်တဲ့၊ ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကြီးတွေကို ကာကွယ်ပေးနိုင်ဖို့ဆိုရင် သေဒဏ်စနစ်က ရှိဖို့လိုနေသေးတယ်။ ဥပမာအားဖြင့် ဆိုပါတော့ ကလေးငယ်လေးတွေကို သက်ငယ်မုဒိမ်း မဖွယ်မရာတွေ ပြုကျင့်တယ်၊ ဒါမျိုးတွေပေါ့။ လူ့အဖွဲ့အစည်းတစ်ခုကို သတ်ဖြတ် ဖျက်စီးနိုင်တဲ့ …

သေဒဏ်ပြစ်ဒဏ်ကို မပေးနိုင်ခဲ့ဘူး။ ၁၉၈၈ မတ်လရဲ့နောက်ပိုင်း မပေးနိုင်ဘူးဆိုတာ စစ်အစိုးရလက်ထက်မှာ သူ့ရဲ့လုပ်ပိုင်ခွင့် မရှိတဲ့အခါကျ မပေးနိုင်လို့ မလုပ်တာ။ ဦးသိန်းစိန်နဲ့ အခု NLD အစိုးရ အဆင့်မှာကတော့ အယူခံအဆင့်အဆင့် တင်နေတာ မပြီးပြတ်သေးလို့ မပေးတာပဲရှိတယ်။ သေဒဏ်ကတော့ ပေးတာပေါ့။ နံပါတ် (၁) ပြောချင်တာက ကျွန်တော်တို့ မြန်မာနိုင်ငံသည် သေဒဏ်စနစ်ကို အစဉ်အဆက် လက်ခံ ကျင့်သုံးတဲ့ တရားဥပဒေစနစ် ဖြစ်ပါတယ်။ ဘယ်တုန်းကမှလည်း မပယ်ဖျက်ခဲ့ဘူး။ အခုမှ ပြန်လည် ကျင့်သုံးတာလည်း မဟုတ်ဘူး။ အစဉ်အဆက်ပဲ ကျင့်သုံးလာခဲ့တယ်။ ထို့အတူပဲ သေဒဏ်စနစ်ကို ကျင့်သုံးတာ ဥပဒေနဲ့ ညီညွတ်သလား၊ မျှတသလားဆိုတာ ကျွန်တော်ဥပဒေသမား တစ်ယောက် အနေနဲ့ ပြောရရင် ဥပဒေဆိုတာထက် ရည်ရွယ်ချက်ကိုက၊ ဒီလူ့အဖွဲ့အစည်းကို ရာဇဝတ်မှုတွေရဲ့ သက်ရောက်မှုကနေ အကာအကွယ်ပေးနိုင်ဖို့ ပြဌာန်းထားတာဖြစ်လို့ အင်မတန်ဆိုးဝါးတဲ့၊ ရက်စက်တဲ့၊ ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကြီးတွေကို ကာကွယ်ပေးနိုင်ဖို့ဆိုရင် သေဒဏ်စနစ်က ရှိဖို့လို နေသေးတယ်။ ဥပမာအားဖြင့် ဆိုပါတော့ ကလေးငယ်လေးတွေကို သက်ငယ်မုဒိမ်း မဖွယ်မရာတွေ ပြုကျင့်တယ်၊ ဒါမျိုးတွေပေါ့။ လူ့အဖွဲ့အစည်းတစ်ခုကို သတ်ဖြတ် ဖျက်စီးနိုင်တဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်တယ်၊ ရောင်းဝယ်ဖြန့်ဖြူးတယ်။ ဒီလိုပြစ်မှု ဆိုရင်လည်း သေဒဏ်စနစ်ကို ကျင့်သုံးသင့်တယ်။ ထို့အတူ ကျွန်တော့်အနေနဲ့၊ တစ်ဦးတည်းအနေနဲ့ သုံးသပ်ပါတယ်။ ထို့အတူ ကမ္ဘာမှာကျတော့လည်း သေဒဏ်စနစ်ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက်မှ ဒီတရားဥပဒေစိုးမိုးရေးတွေ ပျက်ပြားပြီး ရက်စက်တဲ့ ပြစ်မှုကြီးတွေ၊ အင်မတန်ကြီးထွားလာလို့ ပြန်ပြီးကျင့်သုံးရတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ သေဒဏ်စနစ် အတွက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ အစဉ်တစိုက် ပယ်ဖျက်ခဲ့တာလည်း မရှိတော့ ဥပဒေအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ လူ့အဖွဲ့အစည်းကို ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေဆီကနေ ကာကွယ်ပေးဖို့ဆိုရင် ရှိကို ရှိသင့်တယ်လို့ မြင်ပါတယ်။

ငြမ်းမီဒီယာ – အခုလို အချိန်ပေးပြီး ဖြေကြားပေးတာ ငြမ်းမီဒီယာ က ကျေးဇူးတင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ

 

 

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,