ရခိုင်နိုင်ငံရေးသမား နာမည်တွေကို အလွဲသုံးစား လုပ်ထားတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကျမတို့ပြင်းထန်စွာ ရှုတ်ချတယ်။ ဒီလိုသုံးတဲ့ အပေါ်မှာလည်း ကန့်ကွက်တယ်။ ကျမတို့နာမည် ကို အလွဲ သုံးစားလုပ်တဲ့ အပေါ်မှာလည်း ပြင်းပြင်းထန်ထန် တားမြစ်တယ် …

ရခိုင် နိုင်ငံရေးသမားတွေ ဖြစ်ကြတဲ့ ဦးဦးလှစော၊ ဒေါ်စောမြရာဇာလင်း နဲ့ ဒေါ်ထုမေ တို့ရဲ့ နာမည်တွေကို အသုံးပြုပြီး လူထုထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံထားတဲ့ သတင်းအမှား တစ်ပုဒ်အကြောင်းပြောပြလိုပါတယ်။

သည် သတင်းအမှား ရုပ်သံကို Myanmar Top News လို့အမည်ရတဲ့ YouTube ကနေ ဖြန့်ချိခဲ့တာ(သည်နေရာမှာ ကြည့်နိုင်ပါတယ်)တွေ့ရပါတယ်။

Myanmar Top News က ဖြန့်ချိထားတဲ့ သည်သတင်းအမှား ရုပ်သံဟာ ကိုဗစ်ကပ်ရောဂါ ကာလ ပြည်သူလူထုအကြား ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်ပြီး သတင်းကျင့်ဝတ်နဲ့အညီ အခိုင်အမာ ဖော်ပြနိုင်တဲ့ အချက်အလက်များ မပါဝင်ဘဲ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ ပြည်သူလူထု တွေ အထင်အမြင်လွဲမှားအောင် ပုံဖျက် လုပ်ကြံထားတဲ့ အကြောင်းအရာမျှသာ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ နယ်စပ်ဖြတ်ကျော်ပြီး မဆင်မခြင်သွားလာ နေသော အေအေကြောင့် ရောဂါ ပျံ့နှံ့ခြင်းဖြစ်ကြောင်း သိရ ” လို့ ခေါင်းစဉ်ပေးထားတဲ့ သည် အကြောင်းအရာ မှာ ရခိုင်တိုင်းရင်သား နိုင်ငံရေးသမားတွေ ဖြစ်ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ငြိမ်းချမ်းရေးဖော်ဆောင်အဖွဲ့၊ဒုတိယခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်း တို့ကို Myanmar Top News က ဆက်သွယ်မေးမြန်းထားတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းအမှား၊ အမှန် အချက်အလက်စစ်ဆေးရန် ကာယကံရှင် ပုဂ္ဂိုလ်များထံ ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ရာ ကာယကံရှင် ပုဂ္ဂိုလ်များက သူတို့အနေနဲ့ Myanmar Top News ကို ဖြေကြားခဲ့ ခြင်းမျိုး လုံး၀ (လုံးဝ) မရှိဘူးလို့ အတည်ပြု ပြောကြားပါတယ်။

” ကျမတို့ပြင်းထန်စွာ ရှုတ်ချတယ်။ ဒီလိုသုံးတဲ့ အပေါ်မှာလည်း ကန့်ကွက်တယ်။ ကျမတို့နာမည် ကို အလွဲ သုံးစားလုပ်တဲ့ အပေါ်မှာလည်း ပြင်းပြင်း ထန်ထန် တားမြစ်တယ် ” လို့ နာမည်အလွဲ သုံးစားလုပ်ပြီး Myanmar Top News ရဲ့ လုပ်ကြံဖော်ပြထားချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ ဒုတိယခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ငြိမ်းချမ်းရေးဖော်ဆောင်အဖွဲ့၊ဒုတိယခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်း ကို Myanmar Top News က ဖော်ပြခဲ့တာမှာ ALP ဥက္ကဌ ဒေါ်စောမြသူဇာလင်းလို့ မှားယွင်းဖော်ပြခဲ့တာကို လည်းတွေ့ရပါတယ်။

သတင်းအမှားဆိုရင် မှားတဲ့သူဘက်ကပဲ တာဝန်ခံရမယ်။ တာဝန်ယူရမယ်။ သတင်းရဲ့ ကျင့်ဝတ်တွေကို မလိုက်နာသူတွေ ဖော်ပြတာမျိုးက သတင်းမဟုတ်ဘူး။ ဒါက ပြည်သူကို အမှောင်ချတာ ။ဒါမှမဟုတ် …

” သတင်းဆိုတာမျိုးက ရေးသားတဲ့ သူက တာဝန်ခံရတာ။တာဝန်ယူရတာ။ကျမ မသိဘဲ သူတို့ ဒီလိုမျိုးဆောင်ရွက်ခဲ့တာ။ ဥပမာ ပြောရရင် စာရေးဆရာ ဦးသောင်းဝေဦး ဆိုရင် ကျမနဲ့ သက်ဆိုင်ပြီးတော့ ဒီလိုဖြစ်ပါတယ်ဆိုပြီး ကျမရဲ့ ဆန္ဒမပါဘဲ ဓာတ်ပုံတွေ ယူသုံးတယ်။ ကျမမပြောတဲ့ဟာတွေ၊မဟုတ်တဲ့ သတင်းတွေ ၊အကြောင်းအရာတွေကို Printed တောင် လုပ်ပါတယ်။ ဒါကို ကျမက သတင်းမီဒီယာ က ကန့်ကွက် မှ သူ တောင်းပန်ရတာ ရှိပါတယ်။ ပြီးတော့ သူက ပြည်တွင်းမှာနေတယ်။ စာရေးဆရာ ဖြစ်တယ်။ ကျမ မှန်မှန်ကန်ကန် တုံ့ပြန်ခဲ့တယ် ” လို့ ဒေါ်ထုမေက ပြောပါတယ်။

အခု အွန်လိုင်းတွေမှာ ရေးတယ်။ ပျံ့နှံ့ဖို့လွယ်တယ်။ သတင်း ဆိုတာ ပရင့်ဖြစ်စေ၊ အွန်လိုင်းဖြစ်စေ ဒါက လုပ်ဆောင်တဲ့ သူတာဝန်နဲ့ပဲ ဆိုင်တယ်။ သတင်းအမှားဆိုရင် မှားတဲ့သူဘက်ကပဲ တာဝန်ခံရမယ်။ တာဝန်ယူရမယ်။ သတင်းရဲ့ ကျင့်ဝတ်တွေကို မလိုက်နာသူတွေ ဖော်ပြတာမျိုးက သတင်းမဟုတ်ဘူး။ ဒါက ပြည်သူကို အမှောင်ချတာ ။ဒါမှမဟုတ် သူကိုယ်တိုင်က၊ လုပ်တဲ့ အဖွဲ့ကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ၊ရည်မှန်းချက်ရှိရှိ ပြစ်မှုတစ်ခုကို ကျူးလွန်တာ ” လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ က မှတ်ချက်ပြုပါတယ်။

“ ဗမာပြည်မှာ ဆိုရှယ်မီဒီယာကို အလွဲသုံးစားလုပ်ပြီး ကာယကံရှင် မသိဘဲ ဟုတ်နိုးနိုး လုပ်တာတွေ ရှိတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော က ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြည်သူလူထုအကြား ထင်ယောင်ထင်မှား ဖြစ်အောင် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ နာမည်တွေ ကို အလွဲ သုံးပြီး သတင်းအတု၊သတင်းအမှား ဖြန့်ချိနေသူတွေ ဟာ အဖွဲ့လိုက်၊အုပ်စုလိုက် လုပ်ကိုင်နေကြတယ်လို့ ဦးဦးလှစော က ဆိုပါတယ်။

သည်လို သတင်းအတု၊သတင်းအမှား ဖြန့်ချိနေသူတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့ လိုမယ်လို့ ဦးဦးလှစော က မှတ်ချက်ပြုပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,