ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ သမ္မတရုံးထုတ်ပြန်ချက် အား ကောက်နုတ် ဖော်ပြခြင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

စာနာဝမ်းနည်း

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်ခံစား ခဲ့ရသူများ အားလုံးအတွက် စာနာဝမ်းနည်းကြောင်းဖော်ပြခဲ့သည်။

MPO

တာဝန်ခံမှု၊တရားမျှတမှုနှင့်အဆင့်မီလုံခြုံရေး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တာဝန်ခံမှု၊တရားမျှတမှုရှိစေရေး နှင့် အဆင့်မီလုံခြုံရေးတပ်ဖွဲ့များ ဖြစ်လာစေရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတက အလေးအနက် ပြောကြားသည်။

အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အားမမျှမတသုံးစွဲခြင်း၊ လုယက်မှု ကျူးလွန်ခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် မူဆလင်များ၏ စွန့်ခွာသွားသော နေအိမ်များကို ဖျက်ဆီးခြင်း

တရားစွဲမှုများတိုးချဲ့ဆောင်ရွက်နိုင်စေရန်၊ တပ်ချုပ်ထံပေးပို့

တပ်မတော်သားများကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် ရာဇဝတ်မှုများ အထူးသဖြင့် မင်းကြီးနှင့် ချွတ်ပြင်ကျေးရွာများတွင် သတ်ဖြတ်မှုများနှင့် စွန့်ခွာခဲ့သည့် မူဆလင်ကျေးရွာများရှိ နေအိမ်မီးလောင်မှုများကို တားဆီးရန် ပျက်ကွက်ခဲ့ခြင်းတို့အပေါ် တပ်မတော် စစ်ဥပဒေချုပ်ရုံးအနေဖြင့် လက်ရှိဆောင်ရွက်ဆဲဖြစ်သော စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲမှုများကို တိုးချဲ့ဆောင်ရွက်နိုင်စေရန် အလို့ငှာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကော်မရှင်၏ အစီရင်ခံစာ အပြည့်အစုံနှင့် နောက်ဆက်တွဲများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ သို့လည်း ပေးပို့ပြီးဖြစ်သည်။

ARSA အဖွဲ့ဝင်များနှင့်၎င်းတို့၏ အလိုတူပူးပေါင်းပါဝင်ခဲ့သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အရပ်သားများက စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများ ရှိခဲ့သည်ဟု ကော်မရှင်မှတွေ့ရှိ …

နိုင်ငံတော်သမ္မတ သဘောတူ

(Independent Commission Of Enquiry – ICOE)ကော်မရှင်၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားစေရန်နှင့် အထောက်အထားများ ခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားရန် နိုင်ငံတော်သမ္မတ က သဘောတူသည်။

MPO

ရာဇဝတ်မှုကြီးများအား ဆက်လက်စုံစမ်းရန်နှင့် တရားစွဲဆိုရန်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ များအတွင်း ပေါ်ပေါက်ခဲ့သော ပစ္စည်းဥစ္စာ ဖျက်ဆီးခံရမှုများ (သို့မဟုတ်) လုယက်မှုများ (သို့မဟုတ်) အရပ်သားများက ကျူးလွန်ခဲ့သည့် အခြားရာဇဝတ်မှုကြီးများအား ဆက်လက် စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန် နိုင်ငံတော်သမ္မတက ကော်မရှင်၏ အစီရင်ခံစာအပြည့်အစုံကို နောက်ဆက်တွဲများနှင့်အတူ ပြည်ထောင်စု ရှေ့နေရုံးချုပ်သို့ ပေးပို့ခဲ့ပြီး ဖြစ်သည်။

မင်းကြီးရွာ(တူလာတိုလီ)၊ချွတ်ပြင်ရွာနှင့် မောင်နုရွာတို့တွင် အသက်ဆုံးရှုံးမှုများပြားခဲ့ကြောင်း ကော်မရှင်က စုံစမ်းတွေ့ရှိခဲ့သည်။လူမျိးပြုန်းတီးစေရန်

စစ်ဥပဒေချုပ်နှင့်တိုင်ပင်ဆောင်ရွက်ရန်

နိုင်ငံတော်သမ္မတက ARSA အဖွဲ့ဝင်များ (သို့မဟုတ်) အလိုတူ ပူးပေါင်းပါဝင်ခဲ့သူများက ကျူးလွန်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခြင်းနှင့်တရားစွဲဆိုခြင်းများ မည်သို့ ပြုလုပ်သွားသင့်သည်ကို စစ်ဥပဒေချုပ်နှင့် လိုအပ်သကဲ့သို့ တိုင်ပင်ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုရှေ့နေချုပ်အား အကြောင်းကြားထားသည်။

စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများရှိခဲ့သည်တွေ့ရှိ

တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ARSA အဖွဲ့ဝင်များနှင့်၎င်းတို့၏ အလိုတူပူးပေါင်းပါဝင်ခဲ့သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အရပ်သားများက စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများ ရှိခဲ့သည်ဟု ကော်မရှင်မှတွေ့ရှိခဲ့သည်။

အရပ်သားများအား သတ်ဖြတ်ခြင်း၊အင်အားမမျှမတ သုံးစွဲခြင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အားမမျှမတသုံးစွဲခြင်း၊ လုယက်မှု ကျူးလွန်ခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် မူဆလင်များ၏ စွန့်ခွာသွားသော နေအိမ်များကို ဖျက်ဆီးခြင်း စသည့် ရာဇဝတ်မှု များကို ကျူးလွန်ခဲ့ကြကြောင်း တွေ့ရှိရသည်။

MPO

အသက်ဆုံးရှုံးမှုများပြား ၊လူမျိုးပြုန်းတီးစေရန်ရည်ရွယ်ချက် မရှိ

ကျေးရွာများ၊အထူးသဖြင့် မင်းကြီးရွာ(တူလာတိုလီ)၊ချွတ်ပြင်ရွာနှင့် မောင်နုရွာတို့တွင် အသက်ဆုံးရှုံးမှုများပြားခဲ့ကြောင်း ကော်မရှင်က စုံစမ်းတွေ့ရှိခဲ့သည်။လူမျိးပြုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ကျူးလွန်းခဲ့သည်ဟု ကောက်ချက်ချနိုင်သော လုပ်ဆောင်ချက်မျိုး ဖြစ်ပွားခဲ့ခြင်း အလျဉ်းမရှိခဲ့ကြောင်း ကော်မရှင်၏ တွေ့ရှိချက်များက ဖော်ပြခဲ့သည်။

ICOE ( Independent Commission of Enquiry)

နိုင်ငံတော်သမ္မတရုံးသည် ၂၀၁၆ -၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက် အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင် ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိကြောင်းစွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ICOE ကော်မရှင်ကို ၂၀၁၈ ခုနှစ်၊ဇူလိုင်လ(၃၀) ရက်တွင် ဖွဲ့စည်းပေးခဲ့သည်။

MPO

ICOE ကော်မရှင်မှာပါဝင်သူတွေ

သံအမတ်ကြီး ရိုဆာရီယို မယ်နာလို(ဥက္ကဌ)
(ရိုဆာရီယို မယ်နာလို သည် ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဌေ ဟာင်းနှင့် လက်ရှိအဖွဲ့ဝင်)

သံအမတ်ကြီး ကင်ဇိုအိုရှီးမား (အဖွဲ့ဝင်)
(ကင်ဇိုအိုရှီးမား သည် ကုလသမဂ္ဂ လူသားချင်းစာထောက်ထားမှုကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ် နှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်းနှင့် ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း)

ဦးမြသိန်း (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊အခြေခံဥပဒေဆိုင်ရာခုံရုံး၊ဥက္ကဌဟောင်း)

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

ကော်မရှင်၏အစီရင်ခံစာ

ICOE ကော်မရှင်၏ အစီရင်ခံစာတွင် နောက်ဆက်တွဲ (၃၁)ခုအပါအဝင် စာမျက်နှာ (၄၅၀)ကျော်ပါရှိသည်။

ICOE ၏ အစီရင်ခံစာပြုစုတင်ပြပုံ

ကော်မရှင်သည် ဖြစ်စဉ်ကာလများအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ သက်သေများ၏ ထွက်ဆိုချက် စုစုပေါင်း (၁၅၀၀) ခန့်တို့အား သေချာစွာ စုဆောင်းခဲ့ပြီး ၊ယင်းထွက်ဆိုချက်များ အပေါ်အခြေခံ၍ အစီရင်ခံစာတွင် လေ့လာ သုံးသပ်ချက်များဖြင့် ပြုစုတင်ပြထားသည်။

ကိုးကား – သမ္မတရုံး

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,