ရခိုင်ပြည်နယ်တွင် WHO ဝန်ထမ်း သေဆုံးခဲ့ရမှု စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရခိုင်ပြည်နယ်တွင် WHO ဝန်ထမ်း ဉီးပြည့်စုံဝင်းမောင် သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

WHO ၏ ဒေသခန့်ဝန်ထမ်းတစ်ဦးဖြစ်သူ ဉီးပြည့်စုံဝင်းမောင် မောင်းနှင်လာသည့် မော်တော်ကားသည် ရခိုင်ပြည်နယ်၊ မင်းပြား မြို့နယ်၊ ရာမောင်းတံတားအနီးတွင် ဧပြီလ၊(၂၀)ရက်နေ့က တိုက်ခိုက် ခံရပြီး ဦးပြည်စုံဝင်းမောင် သည် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဧပြီ၊(၂၁)ရက်နေ့ နံနက်စောစောပိုင်း တွင် ကွယ်လွန်ခဲ့သည်။

MOI

ဦးပြည့်စုံဝင်းမောင် နှင့် အတူ လိုက်ပါလာသည့် အရပ်သား ဝန်ထမ်းကျန်းမာရေးကြီးကြပ်(၂) ဦးအောင်မျိုးဦး ၏ ယာဘက်လက် တို့တွင် လက်နက်ငယ်ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်ဟုတပ်မတော် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MOI

သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ရခိုင်ပြည်နယ်တွင် WHO ဝန်ထမ်း သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ လက်နက်ကိုင် တပ်ဖွဲ့များ အကြား အပြန်အလှန်စွပ်စွဲမှုများလည်း ရှိနေသည်။

အဆိုပါမော်တော်ယာဉ်သည် COVID-19 ရောဂါ သံသယရှိလူနာများ၏ နှာခေါင်းတို့ဖတ် နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန် ထွက်ခွာလာစဉ် တိုက်ခိုက် ခံရခြင်းဖြစ်သည်။

WHO တံဆိပ်အမှတ်အသား ထင်ရှားစွာတပ်ဆင်ထားသော မော်တော်ယာဉ်တစ်စီး ဖြစ်သည့်အပြင် COVID-19 ရောဂါ သံသယရှိ လူနာများ၏ နှာခေါင်းတို့ဖတ် နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန် ထွက်ခွာလာစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်းကြားသိရသည့်အတွက် ပိုမို၍တုန်လှုပ်မိပါသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မြဝတီ

သေဆုံးသူ WHO ဝန်ထမ်း ဦးပြည်စုံဝင်းမောင် ၏ ဘယ်ဘက် တင်ပါးမှ လက်နက်ထိမှန်ဒဏ်ရာအား ခွဲစိတ်စစ်ဆေးခဲ့ရာ ကျည် ထိပ်ဖူး တစ်ခု နစ်မြုပ်နေ ကြောင်းတွေ့ရှိရပြီး လက်နက်ခဲယမ်း ကျွမ်းကျင်သူ များ၏ စိစစ်ချက်အရ ၎င်းကျည်ထိပ်ဖူးသည် (အထက်ပါ ပုံ ဖော်ပြထား) AA အကြမ်းဖက် သောင်းကျန်းသူများ အသုံးပြုနေသည့် အမ် ၂၂၊ အမ် ၂၃ သေနတ်များတွင် အသုံးပြုနေသည့် ကျည် အမျိုးအစားဖြစ်ကြောင်း တပ်မတော်က ထုတ်ဝေနေသည့် မြဝတီဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားချက်အရ သိရသည်။

မြဝတီ

အဆိုပါ ကျည်ထိပ်ဖူး အား စစ်ဆေးချက်အရ အချင်း ၇ ဒသမ ၆၂ မီလီမီတာ၊ အလျား ၂၅ ဒသမ ၅ မီလီမီတာ ရှိသည့် ကျည်ထိပ်ဖူး ဖြစ်ကြောင်း တွေ့ရှိရသည်ဟု တပ်မတော်သတင်းက ဆိုသည်။

မြဝတီ

အစိုးရအနေဖြင့် ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် သွားရေးအတွက် လည်းကောင်း၊ယခုကဲ့သို့ ရှုတ်ချဖွယ် လုပ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ကာကွယ်တားဆီးရေး အတွက်လည်းကောင်း၊ ဆောင်ရွက်သွားရန် ခိုင်မာစွာ ဆုံးဖြတ်ထား သည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,