ရခိုင်ပြည်နယ်နှင့် တပ်မတော် အကြောင်း ပါဝင်တဲ့ နိုင်ငံတော်သမ္မတရုံး အမိန့်အတု

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်သမ္မတရုံး နဲ့ ဒေါ်အောင်ဆန်းစုကြည် နာမည် တွေကို အလွဲသုံးစားပြုထားတဲ့ အမိန့်အတု အကြောင်းပြောပြလိုပါတယ်။

၂၀၂၀၊စက်တင်ဘာလ(၂၉ ) ရက်နေ့ စွဲ နဲ့ ထွက်ပေါ်လာတဲ့ အမိန့်စာအတု မှာ ” ရခိုင်ပြည်နယ် အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးအား ဆောင်ရွက်နေသော မြန်မာ့တပ်မတော်အား ချီးကျူးဂုဏ်ပြုခြင်း နှင့်ထပ်ဆင့်တာဝန်ပေးအပ်ခြင်း လို့ပါ ရှိပါတယ်။

သည် အမိန့်စာဟာ အတုသာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ရဲ့ ပြောကြားချက် ကို ကိုးကားပြီး MyanmaPlatform က ဖော်ပြထားပါတယ်။ (သည်နေရာမှာ ကြည့်နိုင်ပါတယ်)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ နိုင်ငံတော်သမ္မတရုံး ရုံးစာ အတု (အတု) ဖြစ်ပါတယ်။နိုင်ငံတော်သမ္မတရုံးက အဲ့လိုစာ မထွက်ပါ။ သတင်းဖော်ပြရင်လည်း ကြက်ခြေခတ်နဲ့ စာအတု ဆိုတာကို ထင်ထင်ရှားရှား ဖော်ပြပေးပါ” လို့ ဦးဇော်ဌေးရဲ့ ပြောကြားချက်ကို MyanmaPlatform က ဖော်ပြထားတာ တွေ့ရပါတယ်။

တပ်မတော်သား အရာရှိ စစ်သည်များကို ချီးကျူးဂုဏ်ပြုတယ်ဆိုတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ၂၀၂၀၊ဧပြီလ(၂၁) ရက်နေ့ က ထုတ်ပြန်ခဲ့ဖူးပါတယ်။ ( သည်နေရာမှာ ကြည့်နိုင်ပါတယ်)

သည်စာနှစ်စောင်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သည်နေ့ ( ၂၀၂၀၊စက်တင်ဘာလ(၂၉ )) နေ့စွဲနဲ့ ထွက်ရှိလာတဲ့ စာဟာ အတု ဆိုတာကို ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ / စာအတု နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်မှု နှိုင်းယှဉ်ချက်

“ဒါကိုဘယ်လို လူမျိုးတွေလုပ်လဲ ဆိုတော့ ကျနော်တို့ NLD နဲ့ တိုင်းရင်းသားတွေနဲ့သွေးကွဲအောင် လုပ်တာပေါ့။အမုန်းတရားပွားအောင် လုပ်တဲ့ကြေညာချက် အတုပါပဲ။နောက်တစ်ချက်က ကျနော်တို့ ခေါင်းဆောင် အပေါ်မှာ အထင်မှား၊ အမြင်မှားဖြစ်အောင် အဲဒီလိုလုပ်ချင်ကြတာ” လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က သည်နေ့ နေ့စွဲ နဲ့ ထွက်ပေါ်လာတဲ့အမိန့်စာအတုနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ ကို ပြောပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , ,