ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်တွင်ဆင်းသက်ရပ်နားခဲ့သည့်ရဟတ်ယာဉ်မှာ အင်ဒိုနီးရှားနိုင်ငံ သစ်တော မီးလောင်မှုသို့ သွားရောက် ကူညီမည့် နီပေါနိုင်ငံမှ ရဟတ်ယာဉ်ဖြစ်သည်။
ရာသီဥတု ဆိုးရွားမှုကြောင့်ဘူးသီးတောင်မြို့နယ်၊ စည်တောင် ကျေးရွားနှင့် ခေါင်ကျေးရွာအကြား စားကျက်မြေ၌ယနေ့နံနက် (၁၁)နာရီခန့်တွင် ယခုကဲ့သို့ဆင်းသက် ရပ်နားခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ကသတင်းထုတ်ပြန်သည်။
အဆိုပါရဟတ်ယာဉ်သည်မြန်မာနိုငံအပေါ်မှဖြတ်ကျော်ပျံသန်းခွင့်နှင့် ရန်ကုန်လေဆိပ် ဆင်းသက်ရပ်နားခွင့်တို့အတွက်တရားဝင် တင်ပြတောင်းခံထားပြီးရာသီဥတုပြန်လည်ကောင်းမွန်လာသည့်အတွက် ယနေ့နံနက် ၁၁:၅၀ တွင်စစ်တွေလေဆိပ်သို့ရောက်ရှိခဲ့သည်။
ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဝန်ကြီးဌာန
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊စည်တောင်ကျေးရွားနှင့်ခေါင်ကျေးရွာအကြား စားကျက်မြေ၌ ဆင်းသက်ရပ်နားခဲ့သည့်ရဟတ်ယာဉ်